အသက် (၈၀) ကျော်အရွယ် အဖွားအိုတစ်ဦး တူဖြင့်ထုသတ်ခံရ၍ သေဆုံးမှု မန္တလေးတွင်ဖြစ်ပွား

 2939

သန့်ဇင် (NP News)-အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ၊ချမ်းမြသာစည်မြို့နယ်တွင် အသက် (၈၀) ကျော်အရွယ် အဖွားအိုတစ်ဦး တူဖြင့်ထုသတ်ခံရ၍ သေဆုံးသွား ခဲ့ကြောင်း ချမ်းမြသစ္စာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာ ၂၆ ရက်) ၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်၊ ကွက်၊၇၀(B)လမ်း၊၁၀၇(A)နှင့် ၁၀၈လမ်းကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရောက်သွားတော့ မနက်(၈) နရီရှိနေပြီ။ အဲဒီမှာ ဆုံးနေတဲ့အဖွားကိုတွေ့တာ။ ပြောကြတာတော့ တူနဲ့ထုသတ်ခံရတယ်လို့ သိရတယ်။ အခြား ဒဏ်ရာရတဲ့ အမျိုးသမီးတစ်ယောက်လည်းရှိတယ်”ဟု ချမ်းမြသစ္စာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တူဖြင့် ထုသတ်ခံရမှုကြောင့် အသက် (၈၀)ကျော်အရွယ် အဖွားအို၏ ယာဘက်ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာရှိကာသေဆုံးသွားခဲ့ပြီး အသက် (၃၆) နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အဖွားက အသက် (၈၀)ကျော်ပြီ။ ဒဏ်ရာက ညာဘက်ချိုစောင်းမှာ အပေါက်လေးတစ်ပေါက်တွေ့တယ်။ အဲဒီအဖွားက လွန်ခဲ့တဲ့ (၂) ပတ်လောက်ကမှ အဲဒီအိမ်ကိုရောက်နေတာ။ လုပ်တဲ့လူက အိမ်ထဲဝင်လုပ်သွားတဲ့သဘောပါ။ လုပ်တဲ့လူကို ဖမ်းမမိသေးဘူး။ စုံစမ်းတုန်းလို့ သိရတယ်”ဟု ၎င်းဆက်ပြောသည်။

ထို့ကြောင့် သေဆုံးသူအဖွားအိုနှင့်ထိခိုက်ဒဏ်ရာရှိသူတို့ကို ချမ်းမြသစ္စာလူမှုကူညီရေးအသင်းက မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
အသက္ (၈၀) ေက်ာ္အ႐ြယ္ အဖြားအိုတစ္ဦး တူျဖင့္ထုသတ္ခံရ၍ ေသဆုံးမႈ မႏၲေလးတြင္ျဖစ္ပြား
သန႔္ဇင္ (NP News)-ေအာက္တိုဘာ ၂၇

မႏၲေလးတိုင္းေဒသႀကီး၊ ၊ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ အသက္ (၈၀) ေက်ာ္အ႐ြယ္ အဖြားအိုတစ္ဦး တူျဖင့္ထုသတ္ခံရ၍ ေသဆုံးသြား ခဲ့ေၾကာင္း ခ်မ္းျမသစၥာလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေအာက္တိုဘာ ၂၆ ရက္) ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၂)ရပ္၊ ကြက္၊၇၀(B)လမ္း၊၁၀၇(A)ႏွင့္ ၁၀၈လမ္းၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ မနက္(၈) နရီရွိေနၿပီ။ အဲဒီမွာ ဆုံးေနတဲ့အဖြားကိုေတြ႕တာ။ ေျပာၾကတာေတာ့ တူနဲ႔ထုသတ္ခံရတယ္လို႔ သိရတယ္။ အျခား ဒဏ္ရာရတဲ့ အမ်ိဳးသမီးတစ္ေယာက္လည္းရွိတယ္”ဟု ခ်မ္းျမသစၥာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

တူျဖင့္ ထုသတ္ခံရမႈေၾကာင့္ အသက္ (၈၀)ေက်ာ္အ႐ြယ္ အဖြားအို၏ ယာဘက္ဦးေခါင္းတြင္ ေပါက္ၿပဲဒဏ္ရာရွိကာေသဆုံးသြားခဲ့ၿပီး အသက္ (၃၆) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“အဖြားက အသက္ (၈၀)ေက်ာ္ၿပီ။ ဒဏ္ရာက ညာဘက္ခ်ိဳေစာင္းမွာ အေပါက္ေလးတစ္ေပါက္ေတြ႕တယ္။ အဲဒီအဖြားက လြန္ခဲ့တဲ့ (၂) ပတ္ေလာက္ကမွ အဲဒီအိမ္ကိုေရာက္ေနတာ။ လုပ္တဲ့လူက အိမ္ထဲဝင္လုပ္သြားတဲ့သေဘာပါ။ လုပ္တဲ့လူကို ဖမ္းမမိေသးဘူး။ စုံစမ္းတုန္းလို႔ သိရတယ္”ဟု ၎ဆက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအဖြားအိုႏွင့္ထိခိုက္ဒဏ္ရာရွိသူတို႔ကို ခ်မ္းျမသစၥာလူမႈကူညီေရးအသင္းက မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး လက္ရွိတြင္ က်ဴးလြန္သူအား ဖမ္းဆီးရမိေရး စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.