တပ်မတော် နှင့် PSLF/TNLA တို့ စတင်အပစ်ရပ်ပြီ ဖြစ်ကာ မိုးကုတ် နှင့် မိုးမိတ် မှ TNLA ဆုတ်မည်

4534

သုတကျော် (NP News)-အောက်တိုဘာ ၂၉
တပ်မတော် နှင့် PSLF/TNLA တို့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့ပြီးနောက် စတင် အပစ် ရပ်ပြီ ဖြစ်ကာ မိုးကုတ် နှင့် မိုးမိတ် မှ TNLA တို့ ဆုတ်ခွာမည် ဖြစ်ကြောင်း TNLA က ယနေ့ (အောက်တိုဘာလ ၂၉ ရက်) ထုတ်ပြန်သော ထုတ်ပြန်ချက်အရ သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့ နှင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက် နှင့် (၂၈)ရက်နေ့တို့တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံအထူးကိုယ်စားလှယ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီး၊ သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ TNLA တပ်များ ပြန်လည်ဆုတ်ခွါမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ (၂၉)ရက်၊ (၀၀း၀၀)နာရီအချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သဘောတူညီချက်နှင့် ပတ်သက်၍ တပ်မတော်ဘက်ကတစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Zawgyi Version:
တပ္မေတာ္ ႏွင့္ PSLF/TNLA တို႔ စတင္အပစ္ရပ္ၿပီ ျဖစ္ကာ မိုးကုတ္ ႏွင့္ မိုးမိတ္ မွ TNLA ဆုတ္မည္
သုတေက်ာ္ (NP News)-ေအာက္တိုဘာ ၂၉
တပ္မေတာ္ ႏွင့္ PSLF/TNLA တို႔ အပစ္အခတ္ရပ္စဲေရးလက္မွတ္ထိုးခဲ့ၿပီးေနာက္ စတင္ အပစ္ ရပ္ၿပီ ျဖစ္ကာ မိုးကုတ္ ႏွင့္ မိုးမိတ္ မွ TNLA တို႔ ဆုတ္ခြာမည္ ျဖစ္ေၾကာင္း TNLA က ယေန႔ (ေအာက္တိုဘာလ ၂၉ ရက္) ထုတ္ျပန္ေသာ ထုတ္ျပန္ခ်က္အရ သိရသည္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကိုကိုဦး ဦးေဆာင္သည့္ NSPNC ကိုယ္စားလွယ္အဖြဲ႕ ႏွင့္ TNLA မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး တားဂ်ဳတ္ဂ်ား ဦးေဆာင္သည့္ကိုယ္စားလွယ္အဖြဲ႕တို႔သည္ တ႐ုတ္ႏိုင္ငံအထူးကိုယ္စားလွယ္ မစၥတာတိန္႔ရွီကြၽင္း၏ ၾကားဝင္ညႇိႏႈိင္းမႈျဖင့္ (၉) ႀကိမ္ေျမာက္ ေတြ႕ဆုံေဆြးေႏြးပြဲကို တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕၌ ၂၀၂၅ခုႏွစ္၊ ေအာက္တိုဘာလ (၂၇) ရက္ ႏွင့္ (၂၈)ရက္ေန႔တို႔တြင္ ျပဳလုပ္က်င္းပၿပီးစီးခဲ့ေၾကာင္း TNLA က သတင္းထုတ္ျပန္သည္။
တ႐ုတ္ႏိုင္ငံအထူးကိုယ္စားလွယ္၏ ၾကားဝင္ေစ့စပ္ညႇိႏႈိင္းမႈေၾကာင့္ ႏွစ္ဖက္အျပန္အလွန္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ားျပဳလုပ္ႏိုင္ခဲ့ၿပီး၊ သေဘာတူသတ္မွတ္ထားသည့္ကာလအတြင္း မိုးကုတ္ႏွင့္ မိုးမိတ္ၿမိဳ႕နယ္တို႔မွ TNLA တပ္မ်ား ျပန္လည္ဆုတ္ခြါမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ေအာက္တိုဘာလ (၂၉)ရက္၊ (၀၀း၀၀)နာရီအခ်ိန္မွစတင္၍ ႏွစ္ဖက္ေရာက္ရွိသည့္ေနရာတြင္ တပ္မ်ားရပ္တန္႔ကာ အျပန္အလွန္ အပစ္အခတ္ရပ္စဲေရးအတြက္ သေဘာတူညီခ်က္ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း လည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါ သေဘာတူညီခ်က္ႏွင့္ ပတ္သက္၍ တပ္မေတာ္ဘက္ကတစုံတရာ သတင္းထုတ္ျပန္ျခင္း မရွိေသးေပ။