အင်္ဂလန်နိုင်ငံရှိ ဟိုတယ်တစ်ခုတွင် မိုးပျံပူဖောင်း (၁) သိန်းဖြင့် ဖန်တီးထားသည့် ခရစ္စမတ်သစ်ပင်ကို ခင်းကျင်းပြသ

356

Pika (NP News)ဒီဇင်ဘာ ၁၅
အင်္ဂလန်နိုင်ငံရှိ ဟိုတယ်တစ်ခုသည် အမြင့် (၂၅) ပေရှိသည့် မိုးပျံပူဖောင်း (၁) သိန်းဖြင့် ပြုလုပ် ထားသော ခရစ္စ မတ်သစ်ပင်ကို ဖန်တီးကာ ပြသခဲ့ ကြောင်းသိရသည်။ ဘာမင်ဟမ် မြို့ Sutton Cold- field ကောင်တီရှိ Moor Hall Hotel and Spa ၏အပြင်ဘက်တွင် တပ်ဆင်ထားသော မိုးပျံပူဖောင်း ခရစ္စမတ်သစ်ပင်တွင် မိုးပျံပူဖောင်း (၁) သိန်း ပါဝင်ပြီး ပူဖောင်းများပေါက်ကွဲခြင်းမျိုး မရှိစေရန်အတွက် အလုံးပုံစံမှန်ခုံးတစ်ခုဖြင့် ဖုံးအုပ်ထားကြောင်း သိရသည်။
မိုးပျံပူဖောင်းဆိုင်ရာ အနုပညာရှင်တစ်ဦးဖြစ်သည့် Naomi Spencer သည် ပရဟိတအတွက် ရန်ပုံငွေရှာဖွေရန်နည်းလမ်းတစ်ခုအဖြစ် အဆိုပါ မိုးပျံပူဖောင်းသစ်ပင်ကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။ Naomi Spencer က “ ဗြိတိန်မှာ ဒီလိုမျိုး ဖန်တီးခဲ့တာက တစ်ခါမှမရှိခဲ့ဖူးပါဘူး။ လူတွေက မိုးပျံ ပူဖောင်းခရစ္စမတ်သစ်ပင် တည်ဆောက်ရခြင်းရဲ့ အကြောင်းအရင်းအမှန်က ဘာလဲဆိုတာကို မသိကြ ပါ ဘူး။ ဒီမိုးပျံပူဖောင်းခရစ္စမတ်သစ်ပင်ကို ပရဟိတလုပ်ငန်းအတွက် ရန်ပုံငွေရှာဖွေနိုင်ဖို့ ဖန်တီးခဲ့တာပါ” ဟုပြောဆိုခဲ့သည်။
ထို့ပြင် ဗြိတန်နိုင်ငံတွင် တစ်ခါမှမပြုလုပ်ခဲ့ဖူးသော မိုးပျံပူဖောင်းခရစ္စမတ်သစ်ပင်ကို ဖန်တီးနိုင် ခဲ့သည့်အတွက် ဝမ်းသာမိကြောင်း Naomi Spencer က ထပ်မံပြောကြားခဲ့သည်။ Naomi Spencer က “ကျွန်မတို့မှာ အင်ဂျင်နီယာတွေနဲ့ ဒီဇိုင်းသမားတွေပါတဲ့ အဖွဲ့တစ်ခုရှိပါတယ်။ ကျွန်မတို့အကုန်လုံးရဲ့ အကောင်းဆုံးကြိုးပမ်းအားထုတ်မှုကြောင့် မိုးပျံပူဖောင်း (၁) သိန်းပါဝင်တဲ့ ခရစ္စမတ်သစ်ပင်ကို ဖန်တီး နိုင်ခဲ့တာပါ” ဟုပြောဆိုခဲ့သည်။

Zawgyi Version:
အဂၤလန္ႏိုင္ငံရွိ ဟိုတယ္တစ္ခုတြင္ မိုးပ်ံပူေဖာင္း (၁) သိန္းျဖင့္ ဖန္တီးထားသည့္ ခရစၥမတ္သစ္ပင္ကို ခင္းက်င္းျပသ
Pika (NP News)ဒီဇင္ဘာ ၁၅
အဂၤလန္ႏိုင္ငံရွိ ဟိုတယ္တစ္ခုသည္ အျမင့္ (၂၅) ေပရွိသည့္ မိုးပ်ံပူေဖာင္း (၁) သိန္းျဖင့္ ျပဳလုပ္ ထားေသာ ခရစၥ မတ္သစ္ပင္ကို ဖန္တီးကာ ျပသခဲ့ ေၾကာင္းသိရသည္။ ဘာမင္ဟမ္ ၿမိဳ႕ Sutton Cold- field ေကာင္တီရွိ Moor Hall Hotel and Spa ၏အျပင္ဘက္တြင္ တပ္ဆင္ထားေသာ မိုးပ်ံပူေဖာင္း ခရစၥမတ္သစ္ပင္တြင္ မိုးပ်ံပူေဖာင္း (၁) သိန္း ပါဝင္ၿပီး ပူေဖာင္းမ်ားေပါက္ကြဲျခင္းမ်ိဳး မရွိေစရန္အတြက္ အလုံးပုံစံမွန္ခုံးတစ္ခုျဖင့္ ဖုံးအုပ္ထားေၾကာင္း သိရသည္။
မိုးပ်ံပူေဖာင္းဆိုင္ရာ အႏုပညာရွင္တစ္ဦးျဖစ္သည့္ Naomi Spencer သည္ ပရဟိတအတြက္ ရန္ပုံေငြရွာေဖြရန္နည္းလမ္းတစ္ခုအျဖစ္ အဆိုပါ မိုးပ်ံပူေဖာင္းသစ္ပင္ကို ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္းသိရ သည္။ Naomi Spencer က “ ၿဗိတိန္မွာ ဒီလိုမ်ိဳး ဖန္တီးခဲ့တာက တစ္ခါမွမရွိခဲ့ဖူးပါဘူး။ လူေတြက မိုးပ်ံ ပူေဖာင္းခရစၥမတ္သစ္ပင္ တည္ေဆာက္ရျခင္းရဲ႕ အေၾကာင္းအရင္းအမွန္က ဘာလဲဆိုတာကို မသိၾက ပါ ဘူး။ ဒီမိုးပ်ံပူေဖာင္းခရစၥမတ္သစ္ပင္ကို ပရဟိတလုပ္ငန္းအတြက္ ရန္ပုံေငြရွာေဖြႏိုင္ဖို႔ ဖန္တီးခဲ့တာပါ” ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ ၿဗိတန္ႏိုင္ငံတြင္ တစ္ခါမွမျပဳလုပ္ခဲ့ဖူးေသာ မိုးပ်ံပူေဖာင္းခရစၥမတ္သစ္ပင္ကို ဖန္တီးႏိုင္ ခဲ့သည့္အတြက္ ဝမ္းသာမိေၾကာင္း Naomi Spencer က ထပ္မံေျပာၾကားခဲ့သည္။ Naomi Spencer က “ကြၽန္မတို႔မွာ အင္ဂ်င္နီယာေတြနဲ႔ ဒီဇိုင္းသမားေတြပါတဲ့ အဖြဲ႕တစ္ခုရွိပါတယ္။ ကြၽန္မတို႔အကုန္လုံးရဲ႕ အေကာင္းဆုံးႀကိဳးပမ္းအားထုတ္မႈေၾကာင့္ မိုးပ်ံပူေဖာင္း (၁) သိန္းပါဝင္တဲ့ ခရစၥမတ္သစ္ပင္ကို ဖန္တီး ႏိုင္ခဲ့တာပါ” ဟုေျပာဆိုခဲ့သည္။