ဆန္ဒပြသူများကို ကွပ်မျက်မှုများ လုပ်ဆောင်မယ်ဆိုရင် အီရန်နိုင်ငံအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်မယ်လို့ အမေရိကန်သမ္မတ ထပ်မံသတိပေး

 354

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၄

အီရန်အာဏာပိုင်များအနေနဲ့ ဆန္ဒပြသူများကို ကွပ်မျက်မှုများ လုပ်ဆောင်မယ်ဆိုရင် အီရန်နိုင်ငံအပေါ် ပြင်းပြင်းထန်ထန်တုံ့ပြန်ဆောင်ရွက်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထပ်မံသတိပေးလိုက်ပါတယ်။
လူအခွင့်အရေးအဖွဲ့အစည်းတစ်ခုက အီရန်နိုင်ငံမှာ ဖြစ်ပွားလျက်ရှိနေတဲ့အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအတွင်း အီရန်လုံခြုံရေးအဖွဲ့များရဲ့ဖြိုခွင်းမှုများကြောင့် ဆန္ဒပြသူအနည်းဆုံး ၂၄ဝဝ ကျော် သေဆုံးထားပြီး သောင်းနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဖော်ပြခဲ့ပြီးနောက် အမေရိကန်သမ္မတက အခုလိုမျိုး ထပ်မံသတိပေးခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတက ''အီရန်အာဏာပိုင်တွေဟာ ဆန္ဒပြသူများကို ကွပ်မျက်မှုများ လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ဘက်က လက်တုံ့ပြန်သွားမယ်။ ဆန္ဒပြပွဲများအတွင်း အီရန်အာဏာပိုင်များရဲ့ဖြိုခွင်းမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်နေတာ သိပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ သေဆုံးထားသလဲဆိုတာကို အတိအကျမသိသေးဘူး'' လို့ ပြောပါတယ်။
အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက်ရက်ပိုင်းအကြာမှာပဲ အမေရိကန်သမ္မတဟာ ဆန္ဒပြသူများကို ဖြိုခွင်းမယ်ဆိုရင် စစ်ရေးနည်းလမ်း အသုံးပြုမယ်လို့ သတိပေးခဲ့ဖူးပါတယ်။ ဒါ့အပြင် အမေရိကန် သမ္မတက အီရန်အာဏာပိုင်များအနေနဲ့ ဆန္ဒပြသူများကို သတ်ဖြတ်နေမယ်ဆိုရင် ကြီးမားတဲ့ပေးဆပ်မှုမျိုးပေးဆပ် ရမှာဖြစ်သလို ဆန္ဒပြသူများအနေနဲ့လည်း ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်ရမယ်လို့ တိုက်တွန်းပြောဆိုထား ပါတယ်။ အမေရိကန်သမ္မတက ''အီရန်နိုင်ငံအနေနဲ့ ဆန္ဒပြသူများကို ဖြိုခွင်းမှုမရပ်တန့်ဘူးဆိုရင် အီရန် အာဏာပိုင် များနဲ့ တွေ့ဆုံဆွေးနွေးမှုများကိုဖျက်သိမ်းသွားမှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ ဆန္ဒပြသူများကို ကူညီပေးသွား မှာပါ '' လို့ ဇန်နဝါရီ ၁၃ရက်ရက်နေ့က ၎င်းရဲ့လူမူကွန်ရက်ကတဆင့် သတိပေးခဲ့ပါတယ်။ အမေရိကန်သမ္မတဟာ အီရန်နိုင်ငံနဲ့ ကုန်သွယ်နေတဲ့နိုင်ငံများကို ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံဖို့ ကြေညာလိုက်ပြီးနောက် အီရန်နိုင်ငံအပေါ် စစ်ရေးနည်းလမ်း အသုံးပြုဖို့ သင့်မသင့်ဆိုတာကို စဉ်းစားလျက်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version:
ဆႏၵျပသူမ်ားကို ကြပ္မ်က္မႈမ်ား လုပ္ေဆာင္မယ္ဆိုရင္ အီရန္ႏိုင္ငံအေပၚ ျပင္းျပင္းထန္ထန္ တုံ႔ျပန္ေဆာင္႐ြက္မယ္လို႔ အေမရိကန္သမၼတ ထပ္မံသတိေပး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၄
အီရန္အာဏာပိုင္မ်ားအေနနဲ႔ ဆႏၵျပသူမ်ားကို ကြပ္မ်က္မႈမ်ား လုပ္ေဆာင္မယ္ဆိုရင္ အီရန္ႏိုင္ငံအေပၚ ျပင္းျပင္းထန္ထန္တုံ႔ျပန္ေဆာင္႐ြက္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထပ္မံသတိေပးလိုက္ပါတယ္။
လူအခြင့္အေရးအဖြဲ႕အစည္းတစ္ခုက အီရန္ႏိုင္ငံမွာ ျဖစ္ပြားလ်က္ရွိေနတဲ့အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲမ်ားအတြင္း အီရန္လုံၿခဳံေရးအဖြဲ႕မ်ားရဲ႕ၿဖိဳခြင္းမႈမ်ားေၾကာင့္ ဆႏၵျပသူအနည္းဆုံး ၂၄ဝဝ ေက်ာ္ ေသဆုံးထားၿပီး ေသာင္းနဲ႔ခ်ီ ဖမ္းဆီးထိန္းသိမ္းခံထားရတယ္လို႔ ေဖာ္ျပခဲ့ၿပီးေနာက္ အေမရိကန္သမၼတက အခုလိုမ်ိဳး ထပ္မံသတိေပးခဲ့တာ ျဖစ္ပါတယ္။
အေမရိကန္သမၼတက ''အီရန္အာဏာပိုင္ေတြဟာ ဆႏၵျပသူမ်ားကို ကြပ္မ်က္မႈမ်ား လုပ္ေဆာင္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ဘက္က လက္တုံ႔ျပန္သြားမယ္။ ဆႏၵျပပြဲမ်ားအတြင္း အီရန္အာဏာပိုင္မ်ားရဲ႕ၿဖိဳခြင္းမႈေၾကာင့္ ေသဆုံးသူအေရအတြက္ ျမင့္တက္ေနတာ သိပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္အထိ ေသဆုံးထားသလဲဆိုတာကို အတိအက်မသိေသးဘူး'' လို႔ ေျပာပါတယ္။
အီရန္ႏိုင္ငံမွာ အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ရက္ပိုင္းအၾကာမွာပဲ အေမရိကန္သမၼတဟာ ဆႏၵျပသူမ်ားကို ၿဖိဳခြင္းမယ္ဆိုရင္ စစ္ေရးနည္းလမ္း အသုံးျပဳမယ္လို႔ သတိေပးခဲ့ဖူးပါတယ္။ ဒါ့အျပင္ အေမရိကန္ သမၼတက အီရန္အာဏာပိုင္မ်ားအေနနဲ႔ ဆႏၵျပသူမ်ားကို သတ္ျဖတ္ေနမယ္ဆိုရင္ ႀကီးမားတဲ့ေပးဆပ္မႈမ်ိဳးေပးဆပ္ ရမွာျဖစ္သလို ဆႏၵျပသူမ်ားအေနနဲ႔လည္း ဆႏၵျပမႈမ်ားကို ဆက္လက္လုပ္ေဆာင္ရမယ္လို႔ တိုက္တြန္းေျပာဆိုထား ပါတယ္။ အေမရိကန္သမၼတက ''အီရန္ႏိုင္ငံအေနနဲ႔ ဆႏၵျပသူမ်ားကို ၿဖိဳခြင္းမႈမရပ္တန႔္ဘူးဆိုရင္ အီရန္ အာဏာပိုင္ မ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကိုဖ်က္သိမ္းသြားမွာျဖစ္ပါတယ္။ကြၽန္ေတာ္အေနနဲ႔ ဆႏၵျပသူမ်ားကို ကူညီေပးသြား မွာပါ '' လို႔ ဇန္နဝါရီ ၁၃ရက္ရက္ေန႔က ၎ရဲ႕လူမူကြန္ရက္ကတဆင့္ သတိေပးခဲ့ပါတယ္။ အေမရိကန္သမၼတဟာ အီရန္ႏိုင္ငံနဲ႔ ကုန္သြယ္ေနတဲ့ႏိုင္ငံမ်ားကို ကုန္သြယ္ခြန္ ၂၅ ရာခိုင္ႏႈန္းေကာက္ခံဖို႔ ေၾကညာလိုက္ၿပီးေနာက္ အီရန္ႏိုင္ငံအေပၚ စစ္ေရးနည္းလမ္း အသုံးျပဳဖို႔ သင့္မသင့္ဆိုတာကို စဥ္းစားလ်က္ရွိေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.