မြန်မာ-ရုရှားဗီဇာကင်းလွတ်ခွင့်ပေးလိုက်သော်လည်း မြန်မာဘက်က Marketing အားနည်းနေ

 194

စော (NP News) - ဇန်နဝါရီ ၂၆

မြန်မာ- ရုရှားဗီဇာကင်းလွတ်ခွင့်ပေးလိုက်သော်လည်း ပြည်ပခရီးသွားများကိုဆွဲဆောင်ရန် Marketing အားနည်းနေကြောင်း MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။
မြန်မာနိုင်ငံအစိုးရနှင့် ရုရှားဖက်ဒရေးရှင်း အစိုးရတို့အကြား နှစ်နိုင်ငံ နိုင်ငံသားများအား ပြည်ဝင် ဗီဇာ ကင်းလွတ်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူညီချက်ကို (၂၀၂၅)ခုနှစ် အောက်တိုဘာလ (၂၈) ရက်က ဘီလာရုစ်နိုင်ငံ မင့်စ်မြို့(Minsk)တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်၍ ယခုနှစ် ဇန်နဝါရီ (၂၇) ရက်တွင် စတင်မည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ရုရှားနိုင်ငံသားများဦးရေသည် အကြမ်းဖျင်းအားဖြင့် နှစ်စဉ် တစ်နှစ်လျှင် (၃၀ဝဝ)မှ (၄၀ဝဝ)ခန့်သာရှိသော်လည်း ထိုင်းနှင့်မလေးရှားနိုင်ငံတို့ကို သန်းနှင့် ချီ အများဆုံးသွားရောက်လည်ပတ်ကြကြောင်း ၎င်းကဆိုသည်။
“ဟိုဘက်နိုင်ငံတွေကျတော့ တိုက်ရိုက် Flight တွေ လေယာဉ်အကြီးကြီးတွေနဲ့ပျံပြီးတော့ Marketing ကောင်းကောင်းနဲ့ အစိုးရပံ့ပိုးမှု၊ ဟိုတယ်ခရီးရဲ့ Marketing Fund ပံ့ပိုးမှုတွေနဲ့ လေကြောင်း လိုင်းတွေက သွားနေကြတဲ့အခါကျတော့ ပံ့ပိုးမှု၊ အားပေးမှုချင်းက ကွာတယ်လေ။ ကျွန်တော်တို့က ကိုယ့်ဟာကိုယ်ရုန်းရတာဆိုတော့ ဟိုဘက်က ပံ့ပိုးမှုတွေအများကြီးသွားတာဆိုတော့ ဟိုဘက်တွေ ရောက်ကုန်တာများပါတယ်။ နောက် ဟိုတယ် Facility ပေါ့ ။ ကျွန်တော်တို့နိုင်ငံမှာက ငြိမ်းချမ်းရေး မကောင်းတာရယ်၊ ဟိုတယ်တွေသွားလိုက်ရင် ဟိုတယ်ခတွေက တခြားနိုင်ငံတွေနဲ့ယှဉ်ရင် (၂)ဆ (၃)ဆ ဈေးကြီးတာဆိုတော့ ဘာကြောင့်ဆိုတာ ဟိုဘက်က မေးခွန်းမေးရင် ကျွန်တော်တို့မှဖြေစရာမရှိဘူး”ဟု ၎င်းကပြောသည်။
အဆိုပါ မြန်မာနိုင်ငံအစိုးရနှင့် ရုရှားဖက်ဒရေးရှင်းအစိုးရတို့အကြား နှစ်နိုင်ငံ နိုင်ငံသားများအား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူညီချက်တွင် ရုရှားနိုင်ငံသားများအနေဖြင့် မြန်မာ နိုင်ငံတွင် တစ်ကြိမ်လျှင် ရက်ပေါင်း (၃၀)အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ရုရှားနိုင်ငံသို့ သွားရောက် လည်ပတ်သည့် မြန်မာနိုင်ငံသားများသည် လည်း အလားတူအခွင့်အရေးမျိုးရရှိမည်ဖြစ်ကြောင်း သိရ သည်။
သို့သော် ဗီဇာကင်းလွတ်ခွင့်သည် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက်သာ ဖြစ် ၍ အမြဲတမ်းနေထိုင်ရန်၊ ပညာသင်ကြားရန် သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်များနှင့် မသက်ဆိုင်သည့် အတွက် ရက်ပေါင်း (၃၀)ထက်ကျော်လွန်နေထိုင်မည်ဆိုပါက သက်ဆိုင်ရာဗီဇာကို ကြိုတင်လျှောက် ထားရမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဗီဇာကင်းလွတ်ခွင့်သည် တစ်နှစ်လျှင် စုစုပေါင်းနေထိုင်ခွင့် ရက်ပေါင်း (၉၀)ထက် ကျော် လွန်၍ နေထိုင်ရမည်မဟုတ်ပေ။
“ခရီးသွားကဏ္ဍတိုးတက်ဖို့ဆိုတာ ဒီလေယာဉ်ဆွဲနေရုံတစ်ခုတည်းနဲ့ မပြီးဘူး။ အများကြီး ပူး ပေါင်းဆောင်ရွက်မှုတွေနောက် Marketing Strategy တွေ မြန်မာပြည်ကိုလာရင် ဘယ်လိုမျိုး သက်သာ တယ်။ ဘယ်လိုမျိုး ပျော်စရာတွေရှိတယ်။ အဲဒီလို အားလုံးသွားပြီးဆွဲဆောင်မှ မြန်မာပြည်က အဲဒီလို အပိုင်းတွေ Marketing ပိုင်းတွေမှာ အရမ်းအားနည်းတယ်။ ဆိုတော့ ဟိုအရင်လာတဲ့ ဥပရောပ တွေကို သာ သူတို့ကမျှော်နေကြတာလေ။ အခု ဥရောပတစ်ခုလုံးက မြန်မာပြည်ကို ပြန်လာဖို့ဆိုတာ နောက်(၂) နှစ်၊ (၃)နှစ် မဖြစ်နိုင်သေးဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ရုရှားနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ငွေဆောင်တို့ကို အများဆုံး လာရောက်လည်ပတ်ကြကြောင်း သိရသည်။ “ရုရှားအဖွဲ့တွေလည်း တိုးလာနိုင်ခြေရှိတယ်။ တိုးလာဖို့ရှိတယ်။ ပြည်တွင်းခရီးသွားတွေလည်း ရုရှားကိုပိုသွားလည်မယ်ပေါ့ အဲဒီလိုမျိုး ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့လည်း ဗီဇာအခက်အခဲရှိတော့လေ သွားရေးလာရေးနည်းနည်းဝေးတော့ မသွားကြဘူး။ အရင်တုန်းကသွားခဲ့တယ်။ ရုရှားကိုသွားခဲ့တဲ့မြန်မာနိုင်ငံသားတွေရှိတယ်။ အခုဆိုရင် တော့ ဗီဇာအခက်အခဲမရှိဘူးဆိုရင်တော့ ပိုသွားမယ်လို့ယူဆပါတယ်”ဟု ခရီးသွား လုပ်ငန်းရှင်တစ်ခုက ပြောသည်။

Zawgyi Version:
ျမန္မာ-႐ုရွားဗီဇာကင္းလြတ္ခြင့္ေပးလိုက္ေသာ္လည္း ျမန္မာဘက္က Marketing အားနည္းေန
ေစာ (NP News) - ဇန္နဝါရီ ၂၆
ျမန္မာ- ႐ုရွားဗီဇာကင္းလြတ္ခြင့္ေပးလိုက္ေသာ္လည္း ျပည္ပခရီးသြားမ်ားကိုဆြဲေဆာင္ရန္ Marketing အားနည္းေနေၾကာင္း MAI ေလေၾကာင္းလိုင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။
ျမန္မာႏိုင္ငံအစိုးရႏွင့္ ႐ုရွားဖက္ဒေရးရွင္း အစိုးရတို႔အၾကား ႏွစ္ႏိုင္ငံ ႏိုင္ငံသားမ်ားအား ျပည္ဝင္ ဗီဇာ ကင္းလြတ္ခြင့္ျပဳျခင္းဆိုင္ရာ သေဘာတူညီခ်က္ကို (၂၀၂၅)ခုႏွစ္ ေအာက္တိုဘာလ (၂၈) ရက္က ဘီလာ႐ုစ္ႏိုင္ငံ မင့္စ္ၿမိဳ႕(Minsk)တြင္ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္၍ ယခုႏွစ္ ဇန္နဝါရီ (၂၇) ရက္တြင္ စတင္မည္ျဖစ္ေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္ေသာ ႐ုရွားႏိုင္ငံသားမ်ားဦးေရသည္ အၾကမ္းဖ်င္းအားျဖင့္ ႏွစ္စဥ္ တစ္ႏွစ္လွ်င္ (၃၀ဝဝ)မွ (၄၀ဝဝ)ခန႔္သာရွိေသာ္လည္း ထိုင္းႏွင့္မေလးရွားႏိုင္ငံတို႔ကို သန္းႏွင့္ ခ်ီ အမ်ားဆုံးသြားေရာက္လည္ပတ္ၾကေၾကာင္း ၎ကဆိုသည္။
“ဟိုဘက္ႏိုင္ငံေတြက်ေတာ့ တိုက္႐ိုက္ Flight ေတြ ေလယာဥ္အႀကီးႀကီးေတြနဲ႔ပ်ံၿပီးေတာ့ Marketing ေကာင္းေကာင္းနဲ႔ အစိုးရပံ့ပိုးမႈ၊ ဟိုတယ္ခရီးရဲ႕ Marketing Fund ပံ့ပိုးမႈေတြနဲ႔ ေလေၾကာင္း လိုင္းေတြက သြားေနၾကတဲ့အခါက်ေတာ့ ပံ့ပိုးမႈ၊ အားေပးမႈခ်င္းက ကြာတယ္ေလ။ ကြၽန္ေတာ္တို႔က ကိုယ့္ဟာကိုယ္႐ုန္းရတာဆိုေတာ့ ဟိုဘက္က ပံ့ပိုးမႈေတြအမ်ားႀကီးသြားတာဆိုေတာ့ ဟိုဘက္ေတြ ေရာက္ကုန္တာမ်ားပါတယ္။ ေနာက္ ဟိုတယ္ Facility ေပါ့ ။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာက ၿငိမ္းခ်မ္းေရး မေကာင္းတာရယ္၊ ဟိုတယ္ေတြသြားလိုက္ရင္ ဟိုတယ္ခေတြက တျခားႏိုင္ငံေတြနဲ႔ယွဥ္ရင္ (၂)ဆ (၃)ဆ ေဈးႀကီးတာဆိုေတာ့ ဘာေၾကာင့္ဆိုတာ ဟိုဘက္က ေမးခြန္းေမးရင္ ကြၽန္ေတာ္တို႔မွေျဖစရာမရွိဘူး”ဟု ၎ကေျပာသည္။
အဆိုပါ ျမန္မာႏိုင္ငံအစိုးရႏွင့္ ႐ုရွားဖက္ဒေရးရွင္းအစိုးရတို႔အၾကား ႏွစ္ႏိုင္ငံ ႏိုင္ငံသားမ်ားအား ျပည္ဝင္ဗီဇာကင္းလြတ္ခြင့္ျပဳျခင္းဆိုင္ရာ သေဘာတူညီခ်က္တြင္ ႐ုရွားႏိုင္ငံသားမ်ားအေနျဖင့္ ျမန္မာ ႏိုင္ငံတြင္ တစ္ႀကိမ္လွ်င္ ရက္ေပါင္း (၃၀)အထိ ေနထိုင္ခြင့္ရရွိမည္ျဖစ္ၿပီး ႐ုရွားႏိုင္ငံသို႔ သြားေရာက္ လည္ပတ္သည့္ ျမန္မာႏိုင္ငံသားမ်ားသည္ လည္း အလားတူအခြင့္အေရးမ်ိဳးရရွိမည္ျဖစ္ေၾကာင္း သိရ သည္။
သို႔ေသာ္ ဗီဇာကင္းလြတ္ခြင့္သည္ သာမန္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားအတြက္သာ ျဖစ္ ၍ အၿမဲတမ္းေနထိုင္ရန္၊ ပညာသင္ၾကားရန္ သို႔မဟုတ္ အလုပ္လုပ္ကိုင္ခြင့္မ်ားႏွင့္ မသက္ဆိုင္သည့္ အတြက္ ရက္ေပါင္း (၃၀)ထက္ေက်ာ္လြန္ေနထိုင္မည္ဆိုပါက သက္ဆိုင္ရာဗီဇာကို ႀကိဳတင္ေလွ်ာက္ ထားရမည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ဗီဇာကင္းလြတ္ခြင့္သည္ တစ္ႏွစ္လွ်င္ စုစုေပါင္းေနထိုင္ခြင့္ ရက္ေပါင္း (၉၀)ထက္ ေက်ာ္ လြန္၍ ေနထိုင္ရမည္မဟုတ္ေပ။
“ခရီးသြားက႑တိုးတက္ဖို႔ဆိုတာ ဒီေလယာဥ္ဆြဲေန႐ုံတစ္ခုတည္းနဲ႔ မၿပီးဘူး။ အမ်ားႀကီး ပူး ေပါင္းေဆာင္႐ြက္မႈေတြေနာက္ Marketing Strategy ေတြ ျမန္မာျပည္ကိုလာရင္ ဘယ္လိုမ်ိဳး သက္သာ တယ္။ ဘယ္လိုမ်ိဳး ေပ်ာ္စရာေတြရွိတယ္။ အဲဒီလို အားလုံးသြားၿပီးဆြဲေဆာင္မွ ျမန္မာျပည္က အဲဒီလို အပိုင္းေတြ Marketing ပိုင္းေတြမွာ အရမ္းအားနည္းတယ္။ ဆိုေတာ့ ဟိုအရင္လာတဲ့ ဥပေရာပ ေတြကို သာ သူတို႔ကေမွ်ာ္ေနၾကတာေလ။ အခု ဥေရာပတစ္ခုလုံးက ျမန္မာျပည္ကို ျပန္လာဖို႔ဆိုတာ ေနာက္(၂) ႏွစ္၊ (၃)ႏွစ္ မျဖစ္ႏိုင္ေသးဘူး”ဟု ၎က ဆက္လက္ေျပာသည္။
႐ုရွားႏိုင္ငံသားမ်ားအေနျဖင့္ ျမန္မာႏိုင္ငံရွိ ရန္ကုန္၊ မႏၲေလး၊ ပုဂံ၊ အင္းေလး၊ ေငြေဆာင္တို႔ကို အမ်ားဆုံး လာေရာက္လည္ပတ္ၾကေၾကာင္း သိရသည္။ “႐ုရွားအဖြဲ႕ေတြလည္း တိုးလာႏိုင္ေျခရွိတယ္။ တိုးလာဖို႔ရွိတယ္။ ျပည္တြင္းခရီးသြားေတြလည္း ႐ုရွားကိုပိုသြားလည္မယ္ေပါ့ အဲဒီလိုမ်ိဳး ယူဆပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တခ်ိဳ႕လည္း ဗီဇာအခက္အခဲရွိေတာ့ေလ သြားေရးလာေရးနည္းနည္းေဝးေတာ့ မသြားၾကဘူး။ အရင္တုန္းကသြားခဲ့တယ္။ ႐ုရွားကိုသြားခဲ့တဲ့ျမန္မာႏိုင္ငံသားေတြရွိတယ္။ အခုဆိုရင္ ေတာ့ ဗီဇာအခက္အခဲမရွိဘူးဆိုရင္ေတာ့ ပိုသြားမယ္လို႔ယူဆပါတယ္”ဟု ခရီးသြား လုပ္ငန္းရွင္တစ္ခုက ေျပာသည္။

Related news

© 2021. All rights reserved.