ပါကစ္စတန်နိုင်ငံက မင်္ဂလာပွဲတစ်ခုမှာ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံးလူ(၇)ဦးသေဆုံး

 376

Pika (NP News) - ဇန်နဝါရီ ၂၆
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းက မင်္ဂလာပွဲတစ်ခုမှာ ဖောက်ခွဲရေးဝတ်စုံကို ဝတ်ဆင်လာတဲ့ အသေခံဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲမှုတွေလုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံးလူ(၇)ဦးသေဆုံးပြီး အခြားလူ(၂၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီဗုံးခွဲတိုက်ခိုက်မှုဟာ Khyber Pakhtunkhwa ပြည်နယ် Dera Ismail Khan ခရိုင်မှာရှိတဲ့ အစိုးရလိုလားတဲ့ရပ်ရွာခေါင်းဆောင်Noor Alam Mehsudရဲ့ နေအိမ်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံရဲမှူးအက်ဒ်နန်ခန်းက ပြောကြားခဲ့ပါတယ်။ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူတွေအားလုံးကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အချို့ကစိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ အက်ဒ်နန်ခန်းက ပြောကြားခဲ့ပါတယ်။မင်္ဂလာပွဲကျင်းပနေချိန်အတွင်း ဧည့်သည်တွေကခုန်နေတဲ့အချိန်မှာ အသေခံဗုံးခွဲသမားက ဖောက်ခွဲမှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါပေမယ့်လည်း အဲ့ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့အစည်းမှာ တာဝန်ရှိတယ်ဆိုတာကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။ဒါပေမယ့်လည်း အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပါကစ္စတန်တာလီဘန်အဖွဲ့မှာ တာဝန်ရှိနိုင်တယ်လို့ ပြောဆိုသုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Zawgyi Version:
ပါကစၥတန္ႏိုင္ငံက မဂၤလာပြဲတစ္ခုမွာ အေသခံဗုံးခြဲမႈေၾကာင့္ အနည္းဆုံးလူ(၇)ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၆
ပါကစၥတန္ႏိုင္ငံအေနာက္ေျမာက္ပိုင္းက မဂၤလာပြဲတစ္ခုမွာ ေဖာက္ခြဲေရးဝတ္စုံကို ဝတ္ဆင္လာတဲ့ အေသခံဗုံးခြဲသမားတစ္ဦးက ေဖာက္ခြဲမႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ အနည္းဆုံးလူ(၇)ဦးေသဆုံးၿပီး အျခားလူ(၂၅)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။အဲ့ဒီဗုံးခြဲတိုက္ခိုက္မႈဟာ Khyber Pakhtunkhwa ျပည္နယ္ Dera Ismail Khan ခ႐ိုင္မွာရွိတဲ့ အစိုးရလိုလားတဲ့ရပ္႐ြာေခါင္းေဆာင္Noor Alam Mehsudရဲ႕ ေနအိမ္မွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ေဒသခံရဲမႉးအက္ဒ္နန္ခန္းက ေျပာၾကားခဲ့ပါတယ္။ဗုံးေဖာက္ခြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ ထိခိုက္ဒဏ္ရာရရွိသူေတြအားလုံးကို ေဆး႐ုံကို ပို႔ေဆာင္ခဲ့ၿပီး အခ်ိဳ႕ကစိုးရိမ္ရတဲ့အေျခအေနမွာရွိေနတယ္လို႔ အက္ဒ္နန္ခန္းက ေျပာၾကားခဲ့ပါတယ္။မဂၤလာပြဲက်င္းပေနခ်ိန္အတြင္း ဧည့္သည္ေတြကခုန္ေနတဲ့အခ်ိန္မွာ အေသခံဗုံးခြဲသမားက ေဖာက္ခြဲမႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါေပမယ့္လည္း အဲ့ဒီတိုက္ခိုက္မႈအတြက္ ဘယ္အဖြဲ႕အစည္းမွာ တာဝန္ရွိတယ္ဆိုတာကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။ဒါေပမယ့္လည္း အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ပါကစၥတန္တာလီဘန္အဖြဲ႕မွာ တာဝန္ရွိႏိုင္တယ္လို႔ ေျပာဆိုသုံးသပ္မႈေတြလည္း ရွိေနပါတယ္။

Related news

© 2021. All rights reserved.