တိုက်ခိုက်မှုတွေရှိလာခဲ့ရင် ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်သွားမယ်ဆိုတဲ့ ပန်းချီအသစ်တစ်ခုကို အီရန်ထုတ်ပြန်ပြသ

 652

Pika (NP News) - ဇန်နဝါရီ ၂၇
အီရန်နိုင်ငံ တီဟီရန်မြို့လယ်က ရင်ပြင်မှာဖွင့်လှစ်ပြသခဲ့တဲ့ ပန်းချီအသစ်မှာ အီရန်အ‌ပေါ်စစ်ရေးအရတိုက်ခိုက်မှုတစ်ခုလုပ်ဖို့အတွက် မကြိုးစားဖို့ အမေရိကန်ကို သတိပေးထားတဲ့ တိုက်ရိုက်သတိပေးချက်တစ်ခုပါဝင်တယ်လို့ သိရပါတယ်။အဲ့ဒီပန်းချီအသစ်မှာ လေယာဉ်တင်သင်္ဘောတစ်စီးပေါ်က လေယာဉ်တွေက တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးနေတာကို ပြသထားပါတယ်။အမေရိကန်ရဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောနဲ့ အခြားစစ်သင်္ဘောတွေက ဒေသတွင်းကို ရောက်ရှိလာချိန်မှာပဲ အီရန်က ယခုလိုပန်းချီတွေကို ထုတ်ပြန်ပြသခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ တိုက်ရိုက်အမိန့်နဲ့အတူ အဲ့ဒီစစ်သင်္ဘောအုပ်စုကို အရှေ့အလယ်ပိုင်းဒေသကို ပြောင်းရွှေ့မှုတွေ စတင်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်လေယာဉ်တင်သင်္ဘောနဲ့စစ်သင်္ဘောတွေ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိလာတာက ဆန္ဒပြသူတွေကို အီရန်ရဲ့ကိုယ်တွယ်ပုံတွေ၊အီရန်ရဲ့နျူကလီးယားစီမံကိန်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဖိအားပေးမှုတွေလုပ်ဆောင်ဖို့ပြင်ဆင်ထားတာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တိုက္ခိုက္မႈေတြရွိလာခဲ့ရင္ ျပန္လည္လက္တုံ႔ျပန္တိုက္ခိုက္သြားမယ္ဆိုတဲ့ ပန္းခ်ီအသစ္တစ္ခုကို အီရန္ထုတ္ျပန္ျပသ
Pika (NP News) - ဇန္နဝါရီ ၂၇
အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕လယ္က ရင္ျပင္မွာဖြင့္လွစ္ျပသခဲ့တဲ့ ပန္းခ်ီအသစ္မွာ အီရန္အ‌ေပၚစစ္ေရးအရတိုက္ခိုက္မႈတစ္ခုလုပ္ဖို႔အတြက္ မႀကိဳးစားဖို႔ အေမရိကန္ကို သတိေပးထားတဲ့ တိုက္႐ိုက္သတိေပးခ်က္တစ္ခုပါဝင္တယ္လို႔ သိရပါတယ္။အဲ့ဒီပန္းခ်ီအသစ္မွာ ေလယာဥ္တင္သေဘၤာတစ္စီးေပၚက ေလယာဥ္ေတြက တိုက္ခိုက္ခံရမႈေၾကာင့္ ပ်က္စီးေနတာကို ျပသထားပါတယ္။အေမရိကန္ရဲ႕ USS Abraham Lincoln ေလယာဥ္တင္သေဘၤာနဲ႔ အျခားစစ္သေဘၤာေတြက ေဒသတြင္းကို ေရာက္ရွိလာခ်ိန္မွာပဲ အီရန္က ယခုလိုပန္းခ်ီေတြကို ထုတ္ျပန္ျပသခဲ့တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ တိုက္႐ိုက္အမိန႔္နဲ႔အတူ အဲ့ဒီစစ္သေဘၤာအုပ္စုကို အေရွ႕အလယ္ပိုင္းေဒသကို ေျပာင္းေ႐ႊ႕မႈေတြ စတင္လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။အေမရိကန္ေလယာဥ္တင္သေဘၤာနဲ႔စစ္သေဘၤာေတြ အေရွ႕အလယ္ပိုင္းေဒသကို ေရာက္ရွိလာတာက ဆႏၵျပသူေတြကို အီရန္ရဲ႕ကိုယ္တြယ္ပုံေတြ၊အီရန္ရဲ႕န်ဴကလီးယားစီမံကိန္းဆိုင္ရာ စိုးရိမ္ပူပန္မႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ဖိအားေပးမႈေတြလုပ္ေဆာင္ဖို႔ျပင္ဆင္ထားတာျဖစ္ႏိုင္တယ္လို႔ စစ္ေရးေလ့လာသုံးသပ္သူေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.