ငွေကြေးခက်ခဲသည့် ကျောက်ကပ်သွေးသန့်စင်ရမည့် လူနာများအတွက် KBZ Center Mandalayတွင် အခမဲ့ ကုသပေးနေ

474

Pearl (NP News) - ဖေဖော်ဝါရီ ၄
ငွေကြေးခက်ခဲသည့် ကျောက်ကပ်သွေးသန့်စင်ရမည့် လူနာများအတွက် KBZ Center Mandalayတွင် အခမဲ့ပြုလုပ်ပေးနေကြောင်း သိရသည်။
KBZ Center Mandalay တွင် ငွေကြေးခက်ခဲပြီး ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် လူနာများအတွက် အခမဲ့ ကျောက်ကပ်သွေးသန့်စင်ကုသမှုကို လျှောက်လွှာပုံစံထုတ်ပေးခြင်းနှင့် လျှောက်လွှာပုံစံလက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး စီစစ်ရွေးချယ်၍ ယနေ့ဖေဖော်ဝါရီ (၂) ရက်နေ့မှစတင်ပြီး ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
အခမဲ့ကျောက်ကပ်သွေးသန့်စင်ကုသမှုကို လတ်တလောတွင် စက်လေးလုံးဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသဖြင့် ထပ်မံ၍ စက်အလုံးရေ (၁၆) လုံး တပ်ဆင်ပြီးစီးပါက လျှောက်လွှာတင်ထားပြီးသူများအား ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။

Zawgyi Version:
ေငြေၾကးခက္ခဲသည့္ ေက်ာက္ကပ္ေသြးသန္႔စင္ရမည့္ လူနာမ်ားအတြက္ KBZ Center Mandalayတြင္ အခမဲ့ ကုသေပးေန
Pearl (NP News) - ေဖေဖာ္ဝါရီ ၄
ေငြေၾကးခက္ခဲသည့္ ေက်ာက္ကပ္ေသြးသန္႔စင္ရမည့္ လူနာမ်ားအတြက္ KBZ Center Mandalayတြင္ အခမဲ့ျပဳလုပ္ေပးေနေၾကာင္း သိရသည္။
KBZ Center Mandalay တြင္ ေငြေၾကးခက္ခဲၿပီး ေက်ာက္ကပ္ေသြးသန္႔စင္ျခင္း ျပဳလုပ္ရမည့္ လူနာမ်ားအတြက္ အခမဲ့ ေက်ာက္ကပ္ေသြးသန္႔စင္ကုသမႈကို ေလွ်ာက္လႊာပုံစံထုတ္ေပးျခင္းႏွင့္ ေလွ်ာက္လႊာပုံစံလက္ခံျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ၿပီး စီစစ္ေ႐ြးခ်ယ္၍ ယေန႔ေဖေဖာ္ဝါရီ (၂) ရက္ေန႔မွစတင္ၿပီး ျပဳလုပ္ေပးလ်က္ ရွိေၾကာင္း သိရသည္။
အခမဲ့ေက်ာက္ကပ္ေသြးသန႔္စင္ကုသမႈကို လတ္တေလာတြင္ စက္ေလးလုံးျဖင့္ ေဆာင္႐ြက္ေပးေနျခင္း ျဖစ္ပါသျဖင့္ ထပ္မံ၍ စက္အလုံးေရ (၁၆) လုံး တပ္ဆင္ၿပီးစီးပါက ေလွ်ာက္လႊာတင္ထားၿပီးသူမ်ားအား ဦးစားေပးေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။
KBZ Center Mandalay မွ ေဆာင္႐ြက္ေပးေနသည့္ က်န္းမာေရး ဝန္ေဆာင္မႈမ်ားႏွင့္ ပတ္သက္၍ စုံစမ္းေမးျမန္းျခင္း၊ ႀကိဳတင္စာရင္းေပးသြင္းျခင္းတို႔ကို ေဆာင္႐ြက္လိုပါက KBZ Center Mandalay ၏ Call Center ဖုန္း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို႔မဟုတ္ U9 ဖုန္း ကိုင္ေဆာင္သူမ်ားအတြက္ Short Code ၁၀၁၀ သို ေန႔စဥ္ တနလၤာေန႔မွ ေသာၾကာေန႔အတြင္း နံနက္ ၉ နာရီမွ ေန႔လယ္ ၁၂ နာရီအထိ ဆက္သြယ္ႏိုင္ေၾကာင္းလည္း သိရသည္။