အယ်လ်ပ်တောင်တန်း၏ တောင်ထိပ်တွင်တည်ရှိသည့် ကမ္ဘာ့ဝေးလံခေါင်သီဆုံး တောင်ထိပ်အဆောက်အအုံ

378

Pika (NP News) - ဖေဖော်ဝါရီလ ၁၂
အီတလီနှင့် ဆွစ်ဇာလန်နိုင်ငံ နယ်စပ်အနီး ရှိ အီတလီ အယ်လ်ပ်တောင်တန်း၏ Punta Gnifetti တောင်ထိပ်တွင်တည်ရှိသော Margherita Hut အဆောက်အအုံသည် ဥရောပ၏ အမြင့်ဆုံးနေ ရာတွင်ရှိသော အဆောက်အအုံတစ်ခုဖြစ်ပြီး ကမ္ဘာ ပေါ်တွင် ဝေးလံခေါင်သီဆုံး တောင်ထိပ်အဆောက် အအုံများထဲမှ တစ်ခုလည်းဖြစ်သည်။
Marg herita Hut အဆောက်အအုံသည် ယခင်က ဆေးပညာအ တွက် အရေးကြီးသောသုတေသနဌာနတစ်ခုဖြစ်ခဲ့ သော်လည်း နောက်ပိုင်းတွင် တောင်တက်သမားများ အတွက် တောင်တက်အပန်းဖြေအိမ်တစ်လုံးဖြစ်လာ ခဲ့ကြောင်းသိရသည်။
Margherita Hut ကအ အဆောက် အအုံသည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၅၅၄)မီတာမြင့်သည့်နေရာတွင်တည်ရှိသော အဆောက်အ အုံတစ်ခုလည်းဖြစ်ပြီး ဇွန်လအစောပိုင်းမှ စက်တင် ဘာလအစောပိုင်းအထိဖွင့်လှစ်ထားကာ လူပေါင်း (၇၀)လောက်အထိအိပ်စက်နိုင်သော နေရာထိုင်ခင်း များရှိကြောင်းသိရသည်။
အာဏာပိုင်များက (၂၀၁၇)ခုနှစ်မှစတင်ကာ လက်ထပ်ပွဲများကို Margherita Hut အအဆောက်အအုံတွင် ကျင်းပခွင့်ပြုခဲ့သော်လည်း ယင်းကဲ့သို့သော ထူးခြားသည့်အတွေ့အကြုံကို ခံစား နိုင်ရန်အတွက် တောင်ထိပ်အထိ အရင်ဆုံးရောက် အောင်တက်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်းသိရ သည်။
Margherita Hut ကအ အဆောက်အအုံကို ရဟတ်ယာဉ်ဖြင့်သွားရောက်၍မရသောကြောင့် သွား ရောက်လိုသူများအနေဖြင့် ခြေလျင်ခရီးကို နှစ်ရက် ကြာတက်ရမည်ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများနှင့်လမ်းပြကိုလည်း လိုအပ်မည်ဖြစ်ကြောင်းသိရ သည်။

Zawgyi Versioin:
အယ္လ္ပ္ေတာင္တန္း၏ ေတာင္ထိပ္တြင္တည္ရွိသည့္ ကမာၻ႔ေဝးလံေခါင္သီဆုံး ေတာင္ထိပ္အေဆာက္အအုံ
Pika (NP News) - ေဖေဖာ္ဝါရီလ ၁၂
အီတလီႏွင့္ ဆြစ္ဇာလန္ႏိုင္ငံ နယ္စပ္အနီး ရွိ အီတလီ အယ္လ္ပ္ေတာင္တန္း၏ Punta Gnifetti ေတာင္ထိပ္တြင္တည္ရွိေသာ Margherita Hut အေဆာက္အအုံသည္ ဥေရာပ၏ အျမင့္ဆုံးေန ရာတြင္ရွိေသာ အေဆာက္အအုံတစ္ခုျဖစ္ၿပီး ကမာၻ ေပၚတြင္ ေဝးလံေခါင္သီဆုံး ေတာင္ထိပ္အေဆာက္ အအုံမ်ားထဲမွ တစ္ခုလည္းျဖစ္သည္။ Marg herita Hut အေဆာက္အအုံသည္ ယခင္က ေဆးပညာအ တြက္ အေရးႀကီးေသာသုေတသနဌာနတစ္ခုျဖစ္ခဲ့ ေသာ္လည္း ေနာက္ပိုင္းတြင္ ေတာင္တက္သမားမ်ား အတြက္ ေတာင္တက္အပန္းေျဖအိမ္တစ္လုံးျဖစ္လာ ခဲ့ေၾကာင္းသိရသည္။ Margherita Hut ကအ အေဆာက္ အအုံသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ (၄၅၅၄)မီတာျမင့္သည့္ေနရာတြင္တည္ရွိေသာ အေဆာက္အ အုံတစ္ခုလည္းျဖစ္ၿပီး ဇြန္လအေစာပိုင္းမွ စက္တင္ ဘာလအေစာပိုင္းအထိဖြင့္လွစ္ထားကာ လူေပါင္း (၇၀)ေလာက္အထိအိပ္စက္ႏိုင္ေသာ ေနရာထိုင္ခင္း မ်ားရွိေၾကာင္းသိရသည္။ အာဏာပိုင္မ်ားက (၂၀၁၇)ခုႏွစ္မွစတင္ကာ လက္ထပ္ပြဲမ်ားကို Margherita Hut အအေဆာက္အအုံတြင္ က်င္းပခြင့္ျပဳခဲ့ေသာ္လည္း ယင္းကဲ့သို႔ေသာ ထူးျခားသည့္အေတြ႕အႀကဳံကို ခံစား ႏိုင္ရန္အတြက္ ေတာင္ထိပ္အထိ အရင္ဆုံးေရာက္ ေအာင္တက္ရန္ လိုအပ္မည္ျဖစ္ေၾကာင္းလည္းသိရ သည္။ Margherita Hut ကအ အေဆာက္အအုံကို ရဟတ္ယာဥ္ျဖင့္သြားေရာက္၍မရေသာေၾကာင့္ သြား ေရာက္လိုသူမ်ားအေနျဖင့္ ေျခလ်င္ခရီးကို ႏွစ္ရက္ ၾကာတက္ရမည္ျဖစ္ကာ ႐ုပ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈမ်ားႏွင့္လမ္းျပကိုလည္း လိုအပ္မည္ျဖစ္ေၾကာင္းသိရ သည္။