မြန်မာ့ Esports အသင်းများ ရေရှည်ရပ်တည်နိုင်ရန် ဂိမ်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် League အသုံးစရိတ်များ လိုအပ်နေ

105

သန့်ဇင် (NP News) - ဖေဖော်ဝါရီလ ၁၈
လက်ရှိ မြန်မာ့ Esports လောကတွင် Esports အသင်းများ ရေရှည်ရပ်တည်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင်ယှဉ်ပြိုင်နေသည့် Esports ကစား နည်းပိုင် ဂိမ်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် League အသုံးစရိတ်များသည်လည်း လိုအပ်ချက် အဖြစ်ရှိနေကြောင်း မြန်မာနိုင်ငံ အီလက်ထရွန်နစ် အားကစားအဖွဲ့ချုပ်(MESF)မှ အတွင်းရေးမှူး ဦးကျော်ထက်လင်းကNP News သို့ ပြောသည်။
" အခုလက်ရှိ Esports Community မှာ ဝါသနာရှင်တွေအနေနဲ့ ကိုယ်ထူကိုယ်ထ အသိ မိတ်ဆွေတွေနဲ့အတူ အသင်းတွေဖွဲ့စည်းပြီး ရပ်တည် နေကြသလို၊ နှစ်ရှည်လများ တည်ဆောက်နေကြတဲ့ အသင်းကြီးတွေဆိုပြီးရှိပါတယ်။ ဒီအသင်းတွေ ရေ ရှည်ရပ်တည်နိုင်ကြဖို့အတွက် လက်ရှိ ကျွန်တော်တို့ ယှဉ်ပြိုင်နေကြတဲ့ Esports အားကစားနည်းတွေရဲ့ ပိုင်ရှင်ကုမ္ပဏီကြီးတွေက နိုင်ငံတကာနည်းတူ မြန်မာ နိုင်ငံပေါ်မှာ League အတွက်သုံးနေတဲ့ အသုံးစရိတ် တွေ၊Marketing Budget တွေသုံးပြီး Community တိုးတက်အောင် ရင်းနှီးမြှုပ်နှံပေးဖို့လိုပါတယ်" ဟု ၎င်းကပြောသည်။
ထို့ပြင် မြန်မာ့ Esports လောက ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ချိတ်ဆက်သည့် တရားဝင် League များလည်း အမြန်ဆုံး လိုအပ်နေ ကြောင်းလည်း ၎င်းကဆိုသည်။
" Esports အားကစား ရေရှည်ဖွံ့ဖြိုးတိုး တက်ဖို့အတွက် နိုင်ငံတကာနဲ့ချိတ်ဆက်နေတဲ့ Esports အားကစားနည်းတွေရဲ့ Official League ကြီးတွေ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက် လာဖို့လိုအပ်ပါတယ်"ဟု ဦးကျော်ထက်လင်းကပြော သည်။
ထို့ကြောင့် ဂိမ်းထုတ်လုပ်သူ ကုမ္ပဏီကြီး များအနေဖြင့် ၎င်းတို့၏ Global Marketing Plan အတိုင်း နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ် နေသော်လည်း မြန်မာနိုင်ငံသို့ ပိုမိုလာရောက်စေရန် အဖွဲ့ချုပ်မှ အစဉ်တစိုက် ချိတ်ဆက်ဆောင်ရွက်ပေး လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။
" Esports အားကစားနည်းတွေရဲ့ ပိုင် ရှင်ကုမ္ပဏီကြီးတွေက သူတို့ကိုယ်ပိုင်အစီအစဉ်တွေ နဲ့ ဘယ်နိုင်ငံတွေကို အဓိကထားပြီး ရင်းနှီးမြှုပ်နှံမယ် ဆိုတာရှိပြီး သူတို့ရဲ့ Global Marketing Plan အ တိုင်းသွားနေတာပါ။ အဖွဲ့ချုပ်အနေနဲ့ သူတို့နဲ့တောက် လျှောက် လက်တွဲပြီး ချိတ်ဆက်ဆောင်ရွက်နေသလို ကိုယ့်နိုင်ငံကိုလာအောင် လိုအပ်တဲ့အကူအညီတွေ ပေးသွားပြီး မြန်မာနိုင်ငံအပေါ် ပိုမိုရင်းနှီးမြှုပ်နှံနိုင် အောင်လည်း ကူညီပေးနေပါတယ်"ဟု ၎င်းကပြော သည်။
လက်ရှိတွင် MESF အနေဖြင့် မြန်မာနိုင်ငံ မှ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် Esports အားက စားသမားများမွေးထုတ်ပေးနေပြီး နိုင်ငံနှင့်လူမျိုးအ တွက် ချန်ပီယံဆုများ ဆက်လက်ရယူနိုင်ရန် ရည်မှန်း ချက်ထားရှိကြောင်းလည်း ဦးကျော်ထက်လင်းက ထည့်သွင်းပြောဆိုခဲ့သည်။

Zawgyi Version:
ျမန္မာ့ Esports အသင္းမ်ား ေရရွည္ရပ္တည္ႏိုင္ရန္ ဂိမ္းကုမၸဏီမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္
League အသုံးစရိတ္မ်ား လိုအပ္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီလ ၁၈
လက္ရွိ ျမန္မာ့ Esports ေလာကတြင္ Esports အသင္းမ်ား ေရရွည္ရပ္တည္ႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံတြင္ယွဥ္ၿပိဳင္ေနသည့္ Esports ကစား နည္းပိုင္ ဂိမ္းကုမၸဏီမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ League အသုံးစရိတ္မ်ားသည္လည္း လိုအပ္ခ်က္ အျဖစ္ရွိေနေၾကာင္း ျမန္မာႏိုင္ငံ အီလက္ထ႐ြန္နစ္ အားကစားအဖြဲ႕ခ်ဳပ္(MESF)မွ အတြင္းေရးမႉး ဦးေက်ာ္ထက္လင္းကNP News သို႔ ေျပာသည္။
" အခုလက္ရွိ Esports Community မွာ ဝါသနာရွင္ေတြအေနနဲ႔ ကိုယ္ထူကိုယ္ထ အသိ မိတ္ေဆြေတြနဲ႔အတူ အသင္းေတြဖြဲ႕စည္းၿပီး ရပ္တည္ ေနၾကသလို၊ ႏွစ္ရွည္လမ်ား တည္ေဆာက္ေနၾကတဲ့ အသင္းႀကီးေတြဆိုၿပီးရွိပါတယ္။ ဒီအသင္းေတြ ေရ ရွည္ရပ္တည္ႏိုင္ၾကဖို႔အတြက္ လက္ရွိ ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္ေနၾကတဲ့ Esports အားကစားနည္းေတြရဲ႕ ပိုင္ရွင္ကုမၸဏီႀကီးေတြက ႏိုင္ငံတကာနည္းတူ ျမန္မာ ႏိုင္ငံေပၚမွာ League အတြက္သုံးေနတဲ့ အသုံးစရိတ္ ေတြ၊Marketing Budget ေတြသုံးၿပီး Community တိုးတက္ေအာင္ ရင္းႏွီးျမႇဳပ္ႏွံေပးဖို႔လိုပါတယ္" ဟု ၎ကေျပာသည္။
ထို႔ျပင္ ျမန္မာ့ Esports ေလာက ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ႏိုင္ငံတကာႏွင့္ ခ်ိတ္ဆက္သည့္ တရားဝင္ League မ်ားလည္း အျမန္ဆုံး လိုအပ္ေန ေၾကာင္းလည္း ၎ကဆိုသည္။
" Esports အားကစား ေရရွည္ဖြံ႕ၿဖိဳးတိုး တက္ဖို႔အတြက္ ႏိုင္ငံတကာနဲ႔ခ်ိတ္ဆက္ေနတဲ့ Esports အားကစားနည္းေတြရဲ႕ Official League ႀကီးေတြ ျမန္မာႏိုင္ငံမွာ က်ယ္က်ယ္ျပန႔္ျပန႔္ေပၚေပါက္ လာဖို႔လိုအပ္ပါတယ္"ဟု ဦးေက်ာ္ထက္လင္းကေျပာ သည္။
ထို႔ေၾကာင့္ ဂိမ္းထုတ္လုပ္သူ ကုမၸဏီႀကီး မ်ားအေနျဖင့္ ၎တို႔၏ Global Marketing Plan အတိုင္း ႏိုင္ငံတကာတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျပဳလုပ္ ေနေသာ္လည္း ျမန္မာႏိုင္ငံသို႔ ပိုမိုလာေရာက္ေစရန္ အဖြဲ႕ခ်ဳပ္မွ အစဥ္တစိုက္ ခ်ိတ္ဆက္ေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္းလည္း ၎ကဆိုသည္။
" Esports အားကစားနည္းေတြရဲ႕ ပိုင္ ရွင္ကုမၸဏီႀကီးေတြက သူတို႔ကိုယ္ပိုင္အစီအစဥ္ေတြ နဲ႔ ဘယ္ႏိုင္ငံေတြကို အဓိကထားၿပီး ရင္းႏွီးျမႇဳပ္ႏွံမယ္ ဆိုတာရွိၿပီး သူတို႔ရဲ႕ Global Marketing Plan အ တိုင္းသြားေနတာပါ။ အဖြဲ႕ခ်ဳပ္အေနနဲ႔ သူတို႔နဲ႔ေတာက္ ေလွ်ာက္ လက္တြဲၿပီး ခ်ိတ္ဆက္ေဆာင္႐ြက္ေနသလို ကိုယ့္ႏိုင္ငံကိုလာေအာင္ လိုအပ္တဲ့အကူအညီေတြ ေပးသြားၿပီး ျမန္မာႏိုင္ငံအေပၚ ပိုမိုရင္းႏွီးျမႇဳပ္ႏွံႏိုင္ ေအာင္လည္း ကူညီေပးေနပါတယ္"ဟု ၎ကေျပာ သည္။
လက္ရွိတြင္ MESF အေနျဖင့္ ျမန္မာႏိုင္ငံ မွ ကမာၻႏွင့္ရင္ေပါင္တန္းႏိုင္သည့္ Esports အားက စားသမားမ်ားေမြးထုတ္ေပးေနၿပီး ႏိုင္ငံႏွင့္လူမ်ိဳးအ တြက္ ခ်န္ပီယံဆုမ်ား ဆက္လက္ရယူႏိုင္ရန္ ရည္မွန္း ခ်က္ထားရွိေၾကာင္းလည္း ဦးေက်ာ္ထက္လင္းက ထည့္သြင္းေျပာဆိုခဲ့သည္။