ဆီတစ်ပိဿာ(၁) သိန်းကျော်နဲ့ တောင်ပေါ်တွင်ရှိသော်လည်း မအေးချမ်းသည့် မြို့ (မြို့ အင်တာဗျူး)

4580

သန့်ဇင် (NP News) - ဖေဖော်ဝါရီလ ၂၆
ချင်းပြည်နယ်၏မြို့တော်ဖြစ်သော ဟားခါးမြို့သည် ယခင်က ချင်းလူမျိုးများစွာ၏ လက်ဖက်စိုက်ခင်းများ၊ လှေကားထစ် တောင်ယာစပါးစိုက်ခင်းများဖြင့် သာယာခဲ့ သည့် တောင်ပေါ်မြို့တစ်မြို့ဖြစ်ခဲ့သည်။ ချင်းလူမျိုးအများစုနေထိုင်ကြသည့် ထိုမြို့သည် (၂၀၂၁)ခုနှစ်နောက်ပိုင်း ချင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့များကြောင့် ဘေးပတ်ဝန်းကျင်ဒေသများမှရွှေ့ပြောင်းလာသူများအတွက် ခိုနားရာနေရာတစ်ခုလည်းဖြစ်ခဲ့ပြန်သည်။ လက်ရှိ အဆိုပါမြို့တွင် ယခင်ကဲ့သို့ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ တွင်ကျယ်စွာမလည်ပတ်နိုင်ကာ ကုန်ဈေးနှုန်းများလည်း ဆက်လက်မြင့်တက်နေပြီး ကုန်စည်စီးဆင်းမှုလမ်းကြောင်းများလည်း ယခင် ထက် နှောင့်နှေးနေရကြောင်းသိရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ဟားခါးမြို့ခံတစ်ဦးထံ ွှ့န ှအအေနျာညေ ဂျာနယ်က ဆက်သွယ်မေးမြန်းထား သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။မေး- ပထမဆုံးအနေနဲ့ ဟားခါးမြို့ လက်ရှိအခြေအ နေနဲ့ အရင်တုန်းကအခြေအနေ ကွာခြားချက်လေးကို ပြောပြပေးပါဦး။
ဖြေ -ဟားခါးမြို့က အရင်တုန်းကထက်စာရင် သွား ရလာရတာ ခက်ခဲလာတာရှိတယ်။ သာမန်လူတွေ တောင် ခရီးသွားဖို့ ခက်လာတယ်။ အဓိကက ကုန် ဈေးနှုန်းတက်တာကြောင့်ပေါ့လေ။ အရင်တုန်းကဆို ရင် သွားရလာရတာ ဟိုဘက်ဒီဘက်ပါလို့ပြောရတာ မဟုတ်ဘူးဆိုပေမယ့် ပြည်သူတစ်ယောက်အနေနဲ့ ပြောရရင် ဟိုဘက်လည်းကြောက်ရ ဒီဘက်လည်း ကြောက်ရပေါ့။ လမ်းပေါ်မှာ လုံခြုံရေးအပြည့်ရှိတယ်။ တပ်ဘက်ကပေါ့နော်။ တပ်ကတော့ လုံခြုံမှုအပြည့်ရှိ တယ်ပေါ့နော်။ ဒါပေမဲ့လည်း သမုဒ္ဒရာဝမ်းတစ်ထွာအ တွက်တော့ သွားလာလှုပ်ရှားနေရတာပါပဲ။
မေး - စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကော အရင် ကနဲ့အခု ဘာတွေကွာခြားသွားလဲ။
ဖြေ - ဟားခါးအနေနဲ့တော့ ပြောရရင် စီးပွားရေးက ကျန်တဲ့လုပ်ငန်းမရှိဘူး။ နိုင်ငံခြားပို့ငွေပေါ့နော်။ နိုင်ငံ ခြားမှာအလုပ်လုပ်တဲ့လူတွေက ပို့တဲ့ငွေပေါ့။ အဲဒီငွေ နဲ့ စားသောက်ကြတာပေါ့။ နောက်တစ်ခုက အစိုးရ တင်ဒါပေါ့။ တင်ဒါလုပ်ငန်းတွေကလည်း အခုနောက် ပိုင်းမှာ ဆုံးရှုံးမှုတွေများလာတယ်။ လူကြီးပိုင်းမှာ လည်း လူကြီးပိုင်း၊ တခြားကိစ္စတွေမှာလည်း ရှုပ်ယှက် ခတ်တာတွေရှိတယ်။ လူငယ်ပိုင်းမှာလည်း လုပ်တဲ့ ကုမ္ပဏီတွေကို တားဆီးတာတွေရှိတယ်။ ဒဏ်ငွေရိုက် တာတွေရှိတယ်ဆိုတော့ စီးပွားရေးအနေနဲ့က ဒီအ တိုင်း ရေရှည်ဆက်သွားမယ်ဆိုရင် ဒီ(၂၀၂၆)အစက နေပြီးတော့ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဟားခါး မြို့ကတော့ ရေရှည်မှာမကောင်းနိုင်တော့ဘူး။
မေး - နောက်တစ်ခုက ဘေးပတ်ဝန်းကျင်ဒေသတွေ မှာတိုက်ပွဲတွေဖြစ်ခဲ့ပြီး အဲဒီဘက်ကလူတွေက ဟား ခါးကိုလုံးဝင်လာကြတယ်လို့ကြားမိတယ်။ အဲဒီအခြေ အနေအပေါ် ပြောင်းလဲမှုတွေက ဘာတွေဖြစ်ခဲ့လဲ။
ဖြေ - ဟားခါးမြို့မှာတော့ ထန်တလန်မှမဟုတ်ဘူး။ မတူပီလည်းရှိတယ်၊ ကန်ပက်လက်လည်းရှိတယ်။ ဒီမှာက ရှေးရိုးစွဲတွေဆိုတော့ ဘယ်လိုပြောပြရမလဲ ချင်းတိုင်းရင်သားတွေကကျတော့ ထန်တလန်ကလာ တဲ့အတွက် ထန်တလန်ဘက်ကရွာကလူတွေက ဟား ခါးဆိုတာမမြင်ဖူးဘူးပေါ့။ အဲဒီမှာ စစ်ရှောင်ရတဲ့ရပြီ ဆိုတဲ့အခါကျတော့ ချင်းပြည်နယ်ထဲမှာပဲနေကြတယ်။ ဟားခါးကိုပဲ လာကြတာများတယ်။ အဲဒီတော့ လုံခြုံ ရေးပိုင်းအနေနဲ့ပြောရရင် ကိုယ့်လုံခြုံရေးကိုယ့်ဘာ သာကိုယ်ဂရုစိုက်ရတာပါပဲ။ သူတို့ဆီမှာ တစ်ခုခုဖြစ် ရင်လည်း ဟိုဘက်ဒီဘက်ကို သွားနိုင် လာနိုင်ခြင်းမရှိ ဘူး။ အဓိကကတော့ လူငယ်တွေရဲ့ အမြင်အမှားတွေ ပေါ့။ သူတို့က ပြည်သူ့မျက်နှာကြည့်တယ်ဆိုပေမယ့် လည်း သူတို့လုပ်ချင်ရင် ဘယ်ပြည်သူ့မျက်နှာမှမ ထောက်ဘူး။ အဲဒီလိုနဲ့ အစိုးရအပိုင်းကြည့်မယ်ဆိုရင် လည်းပဲ ဒီဘက်က တောင်တန်းဒေသဖြစ်တဲ့အတွက် လမ်းကြောင်းတွေကလည်း သူတို့သိတာထက် မသိ တာကများတယ်။ နောက်တစ်ခုက ဒီမှာရှိတဲ့လူတွေက ဟားခါးမြို့ဆိုပြီး ဟားခါးမြို့တစ်မြို့လုံးကလမ်းတွေ သိပေမယ့် ဘယ်ကထွက်ရင် ဘယ်ကိုရောက်တယ်ဆို တာကိုမသိတဲ့အတွက် လုံခြုံရေးပိုင်းမှာဆိုရင် ရှိတော့ ရှိတယ်။ ဒါပေမဲ့ အပြည့်အဝတော့မပေးနိုင်ဘူးပေါ့။ ဟိုလူတွေကလည်း သူတို့လုပ်ချင်တာပဲသိတယ်။ အဲဒီလိုပေါ့။ မကျေနပ်ဘူး သူတို့လုပ်ချင်တယ်ဆိုရင် ဝင်လုပ်သွားပြီ။ ဘယ်သူသေသေ။ အဲဒီတော့ လုံခြုံ ရေးအပိုင်းမှာဆိုရင် ကိုယ့်လုံခြုံရေး ကိုယ့်ဘာသာ ကိုယ် ဂရုစိုက်ရတာပဲ။
မေး - ဟားခါးပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့တော့ ဟားခါးကို သက်ရောက်မှုအနေနဲ့ ဘာ တွေဖြစ်ခဲ့လဲ။
ဖြေ - အဲဒါကတော့ တစ်ခါတလေကျရင် ကောလာ ဟလများပါတယ်။ ဟားခါးမြို့ပေါ်မှာ အကြီးအကျယ် ဖြစ်သွားတာဆိုလို့ (၆၆၉)မှာဖြစ်သွားတာနဲ့ ဟိုနေ့ ညက ဖေဖော်ဝါရီ (၁၂)ရက်ကဖြစ်သွားတာလောက် ပဲရှိတာပါ။ အနီးနားမှာ တိုက်ပွဲဖော်ဆောင်တာတွေမရှိပါဘူး။ ပြောပြရမယ်ဆိုရင်တော့ လူငယ်တွေဘက်က ထောက်ပံ့ကြေးမရတာတို့ ဒေါ်လာမရတာတို့ ဒီလောက်ပါပဲ။ ကျန်တာတော့မရှိပါဘူး။ မြို့ပေါ်မှာ မငြိမ်မသက်ဖြစ်တာက လိုင်းပေါ်မှာပဲရှိတာ။ ဒီမှာက တော့ အဲဒီလိုမျိုးမရှိဘူး။ တစ်ခုတော့ရှိတာပေါ့။ ရှေ့ ကပြောခဲ့သလို ကိုယ့်လုံခြုံရေး ကိုယ့်ဘာသာကိုယ် ဂရုစိုက်ကြရတာပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့က ပြည်သူကထမင်းကျွေးမှစားရမယ့်သူတွေဖြစ်တဲ့အ တွက် ဥပမာ ကျွန်တော်က မကျေနပ်တာတစ်ခုရှိလို့ သူတို့ကိုသွားပြောရင် မဟုတ်တာပြောရင်လည်း သူ တို့မှာလည်း စဉ်းစားနိုင်တဲ့ဦးနှောက်မရှိဘူး။ လုပ် တယ်။ အဲဒီလိုလုပ်မှလည်း သူတို့ကို ပြည်သူက ထမင်းကျွေးနိုင်မှာလေ။ စွန့်ကြဲနိုင်မှာလေ။ အဲဒီတော့ သူတို့မှာတော့ ဝေဖန်ပိုင်းခြားနိုင်တဲ့ ဦးနှောက်မရှိတာ တော့သေချာတယ်။ တပ်ကလည်း အခုနောက်ပိုင်း တရားဥပဒေစိုးမိုးရေးအတွက်လည်းလုပ်ပါတယ်။ ဒါ ပေမဲ့ခက်တာက မြို့ထဲမှာကတော့ အကုန်အဆင်ပြေ ပါတယ်။ ချင်းပြည်နယ်တစ်ပြည်နယ်လုံးက ရခိုင်နဲ့ဥပ မာပေးရမယ်ဆိုရင် ရခိုင်မှာဖြစ်နေတဲ့အရာ အကုန် လုံးကို အကုန်လုံးကသိလို့ရတယ်။ ကျန်တိုင်းရင်းသား တွေ လူမျိုးမတူပေမယ့် တိုင်းရင်းသားတွေအကုန်လုံး နားလည်နိုင်တယ်ဆိုတာက ဗဗ က ဗမာလိုပြောတာ လေ။ အဲဒီတော့ လူမျိုးစွဲမရှိတော့ အကုန်နားလည် တယ်။ ဒီမှာဖြစ်နေတဲ့ဟာကတော့ ဟားခါးစကားတွေနဲ့ ပြောနေကြတော့ ကျန်တဲ့ တီးတိန်မသိတော့ဘူး၊ ဖလမ်းမသိတော့ဘူး၊ တွန်းဇံမသိတော့ဘူး၊ ကန်ပက် လက်မသိတော့ဘူး၊ မင်းတပ်မသိတော့ဘူး။ အဲဒီလို မျိုး သတ္တိမရှိတဲ့အခါကျတော့ ကိုယ်နေတဲ့နေရာက ကိုယ့်လူကိုယ်ပဲကာကွယ်တယ်ဆိုတဲ့သဘောကို ပြော ချင်တာ။ အဲဒီတော့ ဟားခါးမှာရှိတဲ့လူက ဟားခါးလို ပြောတာဖြစ်တဲ့အတွက် ကျန်တဲ့ ဒီမှာစစ်ဘေးရှောင် နေတဲ့ ပလက်ဝလည်းမသိရဘူး။ မင်းတပ်၊ မတူပီ မသိရဘူး။ တီးတိန်၊ တွန်းဇံမသိရဘူး။ ထန်တလန်နဲ့ ဟားခါး (၂)မျိုးပဲသိလို့ရတယ်။ အဲဒီလိုမျိုးပဲ။ ကချင် မှာလည်းရှိတယ်။ ကရင်မှာလည်းရှိတယ်။ အကုန်လုံး က အားလုံးနားလည်တဲ့စကားနဲ့ပဲပြောတာဖြစ်တဲ့အ တွက် အဲဒီဒေသမှာ မှီခိုအားထားပြုနေတဲ့လူတွေ အကုန်လုံးသိတယ်။ အခုက ဟားခါးအကြောင်းပြော နေတာဖြစ်တဲ့အတွက် ချင်းတွေအကုန်လုံးနေတဲ့နေ ရာပေါ့နော်။ ချင်းတွေအကုန်လုံးနေတာဖြစ်တဲ့အ တွက် အားလုံးနားလည်နိုင်တဲ့စကားကိုသုံးရင် အား လုံးသည် ဒီနေ့ဘာလုပ်မယ်ဆိုရင် ရှောင်လို့ရတယ်။ ဒါပေမဲ့ သူတို့က မဟုတ်ဘူး။ လူမျိုးစွဲ အတ္တစွဲက အ ရမ်းကြီးတယ်။ အဓိကပြဿနာကတော့ အဲဒါပေါ့။
မေး - စီးပွားရေးမှာ တခြားစီးပွားရေး ဘာလုပ်ကြလဲ။
ဖြေ - ကျွန်တော်တို့ ဒီမှာက စက်မှုဇုန်လည်းမရှိဘူး။ ဒေသထုတ်ကုန်အနေနဲ့ကျတော့လည်း ဆန်လည်း မထွက်ဘူး။ ဝဥဆိုတာကလည်း ချင်းပြည်တောင် ပိုင်းမှာပဲရှိတာ။ စက်ရုံတွေထောင်ဖို့တော့ရှိတယ်။ နိုင်ငံတော်အစိုးရက လုပ်ပေးဖို့စီစဉ်ထားတာတော့ မရှိဘူး။ အဲဒီတော့ အဓိကဝင်ငွေအနေနဲ့ကတော့ နိုင်ငံခြားအထောက်အပံ့ရှိမယ်။ အစိုးရတင်ဒါလုပ်ငန်း တွေရှိမယ်။ အဲဒါကလွဲလို့ ကျန်တာမရှိဘူး။ ကိုယ်တွေ အမြင်ပြောရရင်တော့ တရုတ်ပြည်မှာ ပထမဆုံးမှန်တံ တားစပေါ်တုန်းက သွားကြလာကြတယ်။ အခုနောက် ဆုံး ပြင်ဦးလွင်အထိပေါ့နော်။ မှန်တံတားလုပ်ဖို့ဆိုရင် ဒီချင်းပြည်ဟားခါးက နိုင်ငံခြားသားတွေရော တကယ် လည်ပတ်အနားယူနိုင်တဲ့နေရာတွေ အများကြီး ရုက္ခဗေဒဥယျာဉ်တွေ၊ အပန်းဖြေနေရာတွေ အများကြီးရှိ တယ်။ နောက်တစ်ခုက ဒီနိုင်ငံခြားဒေသတွေလိုဖြစ် တဲ့ ဆွစ်ဇာလန်တောင်ကြားလိုမျိုး ဖီးနစ်နေရာဒေသ တွေပေါ့လေ။ တကယ်သာယာတဲ့နေရာတွေ အများ ကြီးပဲ။ ခရီးသွားလုပ်ငန်း ဖော်ဆောင်လို့ရတာတွေရှိ တယ်။ ကိုယ်တွေတောင်မှပဲ အဲဒီဘက်ကို စိတ်ဝင်စား သေးတယ်။ ဒီဘက်မှာက လုပ်နေရင်တော့ အဆင် ပြေနိုင်တယ်။ လက်ရှိအနေအထားမှာတော့ အဆင်မ ပြေနိုင်ဘူး။ စီးပွားရေးအနေနဲ့ကတော့ ထိုင်စားဖို့ပဲ ရှိတယ်။ ရှာစားဖို့ရာတော့ လုပ်ငန်းမရှိဘူး။ ညီလေးတို့ လာမကြည့်လို့ ဟားခါးမြို့ပေါ်မှာ မိန်းလမ်းတစ်လမ်းပဲ ရှိတယ်။ ဈေးလမ်းတစ်လမ်းပဲရှိတယ်။ အဲဒီမိန်းလမ်း ပေါ်မှာရှိတဲ့အိမ်တွေအကုန်လုံးက ဈေးဆိုင်တွေချည်း ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြို့ကြီးသာ တစ်ခုခုဖြစ် သွားလို့ရှိရင် အနီးနားမှာရှိတဲ့ရွာတွေက ဘာပစ္စည်းမှ မရှိတော့ဘူး အဲဒီကျရင်တော့။ အဲဒီလိုမျိုးပေါ့။ (၂၀၁၅)မှာ မြေပြိုတုန်းကဆိုရင်လည်း လမ်းတွေပြို သွားတဲ့အခါမှာ အစိုးရက ဘာမှထောက်ပံ့မှုမရှိဘူး ဆိုရင်လည်း ဟားခါးမြို့ကသွားပြီ။ နောက်ပြီး အိန္ဒိယ ဘက်က ကုန်စည်စီးဆင်းမှုကလည်း ကုန်ဈေးနှုန်း တွေ အဆမတန်တက်တာပေါ့။ ဒီမှာဆိုရင် ဓာတ်ဆီ ဆိုင်တွေ အရမ်းနည်းတယ်။ ဒါပေမဲ့ ဆီဈေးတွေ အရမ်းမြင့်မားတယ်။
မေး - အဲဒီလိုဆိုတော့ အခြေခံစားသောက်ကုန်ဈေး နှုန်းနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးတွေကော ဘယ်လောက် ရှိလဲ။
ဖြေ - ဆန်ကတော့ ဈေးတော်တော်ကြီးတယ်။ ဆန် က တစ်အိတ်ကို (၂)သိန်းခွဲလောက်ရှိတယ်။ ဒါ တောင်မှ သာမန်ဆန်ပေါ့နော်။ ဆီကတော့ (၁၀) ပိဿာပုံးတစ်ပုံးကို (၁၀)သိန်းစွန်းစွန်းလောက်ရှိမယ်။ ဓာတ်ဆီ၊ ဒီဇယ်ကတော့ တစ်လီတာကို (၅၀ဝဝ) ကျပ်ဈေးပေါ့။ ဒါတောင်မှ ပြန်ကျသွားတယ်ပြောရ မယ်။ ဟိုတစ်လောတုန်းက တစ်ဂါလန်ကို (၃၀ဝဝဝ)ကျပ်နဲ့ (၄၀ဝဝဝ)ကျပ်အထိ ဖြစ်သွားတာရှိတယ်။ အဆိုးဆုံးကတော့ ချင်းပြည်နယ်မြို့တော်သာပြောခဲ့ တာ လျှပ်စစ်မီးမရတာ (၁) နှစ်ကျော်ပြီလေ။
မေး - ဆက်သွယ်ရေးတွေကော အဆင်ပြေရဲ့လားဗျ။
ဖြေ - ဆက်သွယ်ရေးကတော့ Mytel ပဲမရတာ။ ကျန်တဲ့ဟာတွေကတော့ရပါတယ်။ ရံဖန်ရံခါပေါ့။ ပျောက်လိုက်ပေါ်လိုက်ပေါ့။ အင်တာနက်လိုင်းက တော့ခက်ခဲတယ်။ Wifi တော့အဆင်ပြေတယ်။ Data နဲ့တော့ အဆင်မပြေဘူး။
မေး - ကုန်စည်စီးဆင်းရေးအပိုင်းတွေကော အဆင် ပြေရဲ့လား။
ဖြေ - ဟားခါး-ဂန့်ဂေါလမ်းပေါ့။ ဒီမှာ မိန်းလမ်းကြီး က (၂)လမ်းပဲရှိတယ်။ ကလေး-မတူပီလမ်းနဲ့ က လေး-ဂန့်ဂေါလမ်းပေါ့။ ဖလမ်းဘက်ကလည်း မသုံး တာတော်တော်ကြာပြီဆိုတော့ ကလေး-ဂန့်ဂေါလမ်း ကလည်း ကုန်စည်စီးဆင်းမှုအားနည်းတယ်။ မန္တလေး ဘက်ကလာတာများတယ်။ ကလေးဘက်ကလာရင် လည်း တစ်ညအိပ်ရတယ်ပြောတယ်။ အရင်တုန်းက (၆)နာရီလောက်ထွက်တယ်ဆိုရင် ကလေးကို (၃) နာရီ (၄) နာရီလောက်ဆိုရင်ရောက်တယ်လေ။ ဒါပေ မဲ့ အခုက တစ်ညအိပ်သွားရတယ်ဆိုတော့ ဘယ်လမ်း ကနေသွားကြလဲဆိုတော့ မသိတော့ဘူး။
မေး - နောက်တစ်ခုကတော့ ဒေသတွင်းအခြေအ နေပေါ့။ ဟားခါးမှာ လူဦးရေအရမ်းများနေလား။
ဖြေ - ဟားခါးမှာတော့ လူဦးရေအရမ်းများတယ် တော့မရှိပါဘူး။ ဘာလို့ဆိုတော့ ဝင်တဲ့လူကလည်း ဝင်လာကြတာပဲ။ ထွက်တဲ့လူကလည်း ကိုယ့်အိမ် ကိုယ့်ယာကိုစွန့်ခွာပြီးတော့မှ နေပြည်တော်တို့၊ မန္တ လေးတို့ ရန်ကုန်တို့ထွက်ကြတာပေါ့။ ရန်ကုန်မှာနေ တာများကြပါတယ်။ ကိုယ့်ကျန်ခဲ့တဲ့အိမ်မှာတော့ စစ် ဘေးရှောင်တွေကို ပြန်ငှားပြီးထားတာတို့လောက်ပဲရှိ တာဆိုတော့ မြို့နေလူထုကတော့ သိပ်သည်းသွားတာ တော့မရှိပါဘူး။ ပုံမှန်လောက်ပါပဲ။
မေး - နောက်တစ်ခုက ပညာရေးနဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထူးခြားပြောင်းလဲသွားတာတွေ ဘာမြင် ရလဲ။
ဖြေ - ပညာရေးနဲ့ပတ်သက်လို့ကတော့ ကိုယ့်သား သမီး ထူးထူးချွန်ချွန်ဖြစ်စေချင်တဲ့လူတွေကတော့ ထားကြပါတယ်။ ဒီမှာလည်း နောက်ဆုံး အစိုးရကနေ ပြီးတော့မှ စက်မှုတက္ကသိုလ်ဆိုပြီး (၈)တန်းအောင်တာနဲ့တက်လို့ရတဲ့ကျောင်းတွေဖွင့်ထားတယ်ဆို တော့ ပညာရေးပိုင်းနဲ့ပတ်သက်ပြီး ထားတဲ့လူတွေ လည်းရှိတော့ ထားတဲ့လူတိုင်းတက်ကြပါတယ်။ မြို့ ပေါ်မှာရှိတဲ့လူတိုင်းကတော့ ကျောင်းထားကြပါတယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ မြို့ရဲ့အစွန်အဖျား လောက်ကျတဲ့လူတွေကလည်း ဟိုဘက်လည်း ကြောက်ရ ဒီဘက်လည်းကြောက်ရဆိုတော့ မထားရဲ တဲ့လူတွေတော့ရှိတာပေါ့နော်။ မြို့အတွင်းပိုင်းကျတဲ့ လူတွေကတော့ ထားကြပါတယ်။ ကျန်းမာရေးအနေ နဲ့ကတော့ ပိုကောင်းလာတယ်လို့ပြောရမလား။ အရင် တုန်းကဆိုရင် ဆေးရုံကြီးတစ်ခုပဲရှိတယ်လို့ပြောရ မလား။ အခုနောက်ပိုင်းဆိုရင် ဆေးရုံကြီးမှာလည်း ပစ္စည်းတွေပိုစုံလာတယ်။ ကုသတဲ့သမားတော်တွေ လည်း ပိုကောင်းလာတယ်ပေါ့။
မေး - ဟားခါးမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘက်က လုပ်ခဲ့တဲ့အခြေအနေတွေ၊ တိုက်ပွဲဖော် ဆောင်တဲ့ဟာတွေကော ဘာတွေရှိလဲ။ ခုနက အစ်ကို ပြောသလိုဆိုရင်တော့ ကောလာဟလတွေလည်းများ ခဲ့တာပေါ့နော်။ တကယ် မြေပြင်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ် တွေကော ဘယ်လိုတွေရှိခဲ့တယ်လို့သိရလဲ။
ဖြေ - အနီးစပ်ဆုံး ဒီဖေဖော်ဝါရီ (၁၂) ရက်ဖြစ်စဉ်နဲ့ ကပ်ပြီး ပြောပြရမယ်ဆိုရင်တော့ သူတို့ တကယ်ပစ် ခတ်မှု ဖြစ်လာသလားဆိုတော့ တကယ်ဖြစ်တယ်။ လူ သေဆုံးမှုလည်းရှိတယ်။ ဒါပေမဲ့ သူတို့ဘက်က ရေး သားတင်ပြထားတာတွေက အလွဲအမှားပေါ့နော်။ သတင်းမှာ ဘယ်နှယောက်၊ ဘာညာဆိုပြီး ရေးထား တာ အလွဲအမှားတွေရှိတယ်။ နောက်တစ်ခုကျတော့ ဒီ ဌာနဆိုင်ရာလူကြီးတွေပေါ့နော်။ အဲဒါတွေက အ လွဲအမှားတွေပေါ့။ တကယ်သတင်းမှန်ဆိုရင် ဒါသူတို့ ဒီမော်တော်ပီကယ်တွေ ျကမစမငျန ခ့နခု လုပ်လို့တွေ မကျေနပ်လို့ ပြဿနာတက်တယ်ဆိုပြီးတော့ သွား တိုင်တယ်။ တိုင်တောတဲ့အခါကျတော့ စဉ်းစားဆင် ခြင်မှုအားနည်းပြီးတော့မှ ဒါက အဲဒီနေ့မှာလုပ် တယ်ပေါ့နော်။ ဒါက ဒီဘက်မှာ စာဖတ်တဲ့သူ၊ စာ တတ်တဲ့သူ အကုန်လုံးသိတဲ့အသိတရားပေါ့။ အဲဒီလို ပဲ (၂၀၂၁)ခုနှစ်ကတည်းကနေပြီးတော့ ထူးထူးခြား ခြား လိုင်းပေါ်တက်တာ ဘာညာ၊ ညီလေးပြောသလို မိုင်းခွဲတာတွေရှိလားဆိုတော့ ရှိတော့ရှိတယ်၊ ရှား တယ်။ တစ်ကြိမ်ပဲ ဟို မိုင်းထောင်တာမဟုတ်ဘူး၊ လာ ထောင်ရင်းနဲ့ကွဲလို့ လူငယ်လေးတစ်ယောက် သေဆုံး ခဲ့တာ တစ်ကြိမ်ရှိခဲ့တယ်။ ကျန်တဲ့ဟာ ထူးထူးခြားခြား မရှိပါဘူး။ နောက်တစ်ခုက ချင်းပြည်နယ်မှာ လူငယ် တွေရှိလားဆိုတော့ ရှိပါတယ်။ ဆိုးလားဆိုတော့ ဆိုး တယ်လို့လည်း ပြောလို့မရသလို လိမ္မာတယ်လို့လည်း ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုး ဌာ နဆိုင်ရာလူကြီးတွေကိုဖမ်းတာတို့၊ ကုမ္ပဏီတွေကိုဖမ်း တာတို့၊ ဒါတွေက လုပ်သင့်လား မလုပ်သင့်လား မစဉ်းစားတာ၊ ဒါကတော့ အထက်မှာအုပ်ချုပ်တဲ့ လူ တန်းစားတစ်ရပ်ရဲ့ ဦးနှောက်နဲ့ အတွေးအခေါ်အပေါ် မူတည်တာပေါ့။ ဒါမျိုးတော့ရှိတယ်။ ဟိုဘက်ဆိုး တယ်၊ ဒီဘက်ဆိုးတယ်ဆိုတာထက် ပိုသေချာတာ တစ်ခုက ညီလေး ဒီမှာတော့ လူအသက်တစ်ချောင်း ကိုတော့ တော်တော်တန်ဖိုးထားတယ်။ အောက်ဘက် တွေမှာဆိုရင် လူငယ်တွေဖမ်းမိပြီဆိုရင် (၉၀)သေ တာ ရာခိုင်နှုန်းများပါတယ်။ ချင်းပြည်နယ်မှာတော့ အဲဒီလိုမရှိဘူး။ ဘုရားစကားနားထောင်တဲ့လူတွေများ တဲ့အခါကျတော့ အဲဒီလိုမျိုး ဆိုးဆိုးရွားရွားတော့မရှိ ဘူး။ တစ်ခုပဲ သူ့အမှားကိုတော့ အစ်ကိုတို့က ထုတ်ပြ ရမှာပဲ။
မေး - ချင်းပြည်နယ်မှာလည်း အဓိကတော်တော် များများ လက်နက်ကိုင်အဖွဲ့တွေ တော်တော်များများရှိ တော့ မြို့ပေါ် ခြိမ်းခြောက်မှုအနေနဲ့ လုပ်တာမျိုးတွေ မြင်ရလား။ နောက်ပြီး အဲဒီအပေါ်မှာကော ဒေသခံ တွေအနေနဲ့ ဘယ်လိုတုံ့ပြန်တာတွေ မြင်ရလဲ။
ဖြေ - ညီလေးတို့က စာပေသမားတွေဆိုတဲ့အခါကျ တော့ ဒါကိုယ်ပြောပြရမယ်ဆိုရင် တစ်ခုခုသုံးသပ်လို့ ရအောင်ပြောပြမယ်။ အဲဒီလို မြို့ပေါ်မှာ ခြိမ်းခြောက်မှု တွေရှိလား၊ လုပ်ရပ်တွေရှိလားဆိုတော့ သူတို့က ဖေ့စ်ဘွတ်ခ်ပေါ်မှာပဲ စာထွက်တာပေါ့။ မြေပြင်မှာကျ တော့ (၁၀)ရာခိုင်နှုန်းလောက်ပဲ ကြိုးပမ်းမှုရှိတယ်၊ (၁၀)ရာခိုင်နှုန်းလောက်ပေါ့နော်။ (၁၀ဝ)ရာခိုင်နှုန်း တော့ အကျိုးသက်ရောက်မှုမရှိပါဘူး။ နောက်တစ်ခု က အစ်ကိုတို့ ပြည်သူတွေအနေနဲ့ သတိထားရမယ့် အကြောင်းအရာတွေဘာရှိလဲဆိုတော့ ဒီခေါင်းဆောင် တွေကလည်း မြို့ထဲကပဲ ထွက်သွားတဲ့လူတွေလေ။ သူတို့ပိုင်ဆိုင်မှုတွေရှိတယ်၊ သူတို့အိမ်တွေရှိတယ်။ ဒါပေမဲ့ သူက တခြားလူရဲ့ပိုင်ဆိုင်မှုတွေကို ဘာလုပ် မယ်၊ ညာလုပ်မယ်၊ မီးရှို့မယ်လို့ပြောနေပေမယ့် သူ့ အိမ်ကြီးက ဒီအတိုင်းကြီးငုတ်တုတ်ရှိနေတာလေ။ လူငယ်ဥက္ကဋ္ဌဆိုရင် ဒီတိုင်းလေးပဲ သူ့အိမ်လေးကဒီ တိုင်းရှိနေတာလေ။ ဘယ်သူမှတော့ အလှကြည့်နေ မှာမဟုတ်ဘူး။ သူက တောထဲကနေပြောတာ၊ အစ်ကို တို့က အလင်းထဲမှာစောင့်ကြည့်နေတာလေ။ သူတို့အ ကြောင်းသိချင်ရင် လိုင်းပေါ်မှာ စာဖတ်နေရုံပဲရှိမယ်။ ဟားခါးစကားနားမလည်တဲ့သူတွေအနေနဲ့ ဘာဖြစ် နိုင်လဲဆိုတော့ သူတို့က ဟားခါးလိုပဲပြောတာ၊ ဗမာ လိုလုံးဝမပြောဘူး။ ထူးထူးခြားခြားတစ်ခုပဲ၊ ရွေး ကောက်ပွဲကာလတုန်းက ဟားခါးလိုပြောပြီး ဘေးနား မှာ ဗမာလိုစာတန်းထိုးတာတစ်ခုကလွဲရင် ကျန်တာအ ကုန် ဟားခါးလိုပဲပြောတာဆိုတော့ အဲဒီအားနည်း ချက်ကတော့ သူတို့အတွက်အဆိုးဆုံးပေါ့။ သူတို့က တော့သိမှာမဟုတ်ဘူးလေ။ ဒါကို သူတို့က အားနည်း ချက်အနေနဲ့သုံးတာလား၊ တစ်ဖက်အဖွဲ့အစည်းကို ကြောက်လွန်းလို့ သူတို့ပဲသိအောင်လို့ ဒီစကားကိုသုံး တာလားတော့မသိဘူးပေါ့။ ဘာလို့လဲဆိုတော့ သူတို့ ကို ရန်သူလို့သတ်မှတ်ထားတဲ့လက်ရှိအစိုးရပေါ့နော် သူတို့ကကျတော့ အားလုံးနားလည်နိုင်တဲ့ ဝန်ကြီးချုပ် ကအစ တွဲဖက်အရာရှိအားလုံးကကျ ဗမာစကားနဲ့ပဲ အပြန်အလှန် သတင်းထုတ်ပြန်နေကြတာလေ။သူတို့ တွေကရန်သူလို့ခေါ်မှာပေါ့။ သူတို့ဘက်ကကျတော့ သူတို့စကားနဲ့ပဲပြောနေတာဆိုတော့ ဒါ သူတို့ကြောက် စိတ်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။
မေး - လက်နက်ကိုင်အဖွဲ့တွေရဲ့ဒီခြိမ်းခြောက်မှု တွေအပေါ် ဒေသခံတွေကမကြောက်ဘူးလို့ပြောချင် တာပေါ့။
ဖြေ - မကြောက်ဘူးရယ်လို့လည်းမဟုတ်ဘူး။ ဒေ သခံတွေကတော့ သူတို့ဆီရောက်သွားရင်တော့ ဒုက္ခ ရောက်ကြတဲ့လူတွေများပါတယ်။ မကြောက်ဘူးရယ် လို့မဟုတ်ဘူး။ ရှေ့မှာပြောခဲ့သလိုပဲ ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူရတာပေါ့။ ဒါကြောင့်လည်း ဟားခါး မြို့က သတင်းအမှောင်ကျနေပြီး သတင်းမှန်တွေက ဘယ်တော့မှထွက်မလာဘူး။ နောက်တစ်ခုပိုဆိုးတာ Update သတင်းတွေပေါ့။ ဖေဖော်ဝါရီ (၁၂) ရက် သတင်းမျိုးဆိုရင်လည်း သူတို့ တစ်နေ့ကုန် သူတို့ ချင်း(Chin Information Posts)တွေ အကုန်လုံးကနေပြီးတော့ ဒါကိုပဲ မှီငြမ်းပြီးတင်တယ်။ သူရဲ့ဇာစ်မြစ်အမှန်တရားက ဘာလဲဆိုတာမသိဘူး။ အစိုးရဘက်ကလည်း သူတို့ ဒါကြောင့်လုပ်ပါတယ်လို့ မထုတ်ပြန်ဘူးလေ။ ဒါကတော့ (၂၀၂၁) နောက်ပိုင်း မှာ ဘယ်သတင်းကြည့်ကြည့် အစိုးရဘက်က ဘာပဲ ဖြစ်ဖြစ်ထုတ်ပြန်တာထက် မထုတ်ပြန်တာများပါ တယ်။ (၆၀)ရာခိုင်နှုန်းသောပြည်သူတွေက ပညာမ တတ်ကြဘူးလေ။ ပညာမတတ်ကြတဲ့အခါကျတော့။
မေး- ဗမာစကားနဲ့ ဗမာစာပေကို ကောင်းကောင်း မသိတဲလူတွေ များတယ်ပေါ့။
ဖြေ - ဟုတ်တယ် အင်္ဂလိပ်စကားတို့၊ လီဆူးစကားတို့ ကိုတော့ ကျွမ်းကျွမ်းကျင်ကျင်နားလည်ကြပေမယ့် ဗမာစကား အားနည်းမှုရှိတယ်။ ဒီလူကြီးပိုင်းတွေပေါ့ အသက်ကြီးပိုင်းတွေပေါ့။ နောက်ပိုင်းကလေးတွေကတော့နားလည်ကြတာများပါတယ်။
မေး - ဟားခါး - ထန်တလန်ဘက်ကို သွားတဲ့အခြေ အနေဘယ်လိုရှိလဲ။ ထန်တလန်ဘက်ကတော့ သွား လို့မရဘူးလို့တော့ သိထားတာပေါ့နော်။ မြို့အနီးနား တစ်ဝိုက်က အခြေအနေတွေကော ဘယ်လိုမြင်ရလဲ။ လုံခြုံရေးပိုင်းအခြေအနေပေါ့။
ဖြေ - လုံခြုံရေးကတော့တင်းကြပ်ပါတယ်။ ဟားခါး မြို့မှာ။ တော်တော်လေးတင်းကြပ်ပါတယ်။ ဟိုတိုက်ပွဲ ဖြစ်ပွားတယ်ဆိုတာကလည်း ပထမ ညီလေးကိုပြောပြ သလို မြို့ရဲ့အဝင်အထွက်လမ်းတွေ အကုန်လုံးက ဒေသခံတွေက အကုန်ကျွမ်းနေတယ်။ လက်ရှိ စစ် သားတွေ၊ ရဲတွေ အသစ်တွေကကျတော့ မသိနိုင်ဘူး လေ။ အဲဒါကြောင့်မို့လို့ လုံခြုံရေးအရ တိုက်ပွဲဖြစ်ပြီ ဆိုရင်တော့ မလိုက်နိုင်တာတွေရှိတာပေါ့။ ခုနက ထန် တလန်ဘက်ကျတော့ လုံးဝသွားလို့မရတော့ဘူး။ မရ တော့ဘူးဆိုတာ ထန်တလန်မှာ ဘာမှမရှိတော့ဘူး လေ။ ထန်တလန်ကတော့ မြို့ပျက်သွားပြီဖြစ်တဲ့အ တွက် ဒီဟားခါးမြို့ တက္ကသိုလ်ကျော်သွားတာနဲ့ လမ်း တော့ရှိတယ်၊ သွားလို့လည်း ဘာမှမရှိတော့ဘူးလေ။
မေး - ဖလမ်းဘက်ကိုထပ်တက်ရင်ကော အခြေအ နေဘယ်လိုရှိလဲ အစ်ကို။
ဖြေ - ဖလမ်းအထိတော့ သွားလို့ရနိုင်မယ်ထင်တယ်။ ဒါပေမဲ့ ဖလမ်းကလည်း လူငယ်တွေသိမ်းထားတာဆို တဲ့အခါကျတော့ အရေးအကြောင်းမရှိဘူးဆိုရင်တော့ အဲဒီပြဿနာလည်းရှိတယ်။ အဲဒီဟားခါးနဲ့ ဖလမ်းက လည်း သူတို့ကမတည့်ကြဘူး။ ဟို ချင်း မှတ်ပုံတင်ပုံစံ ချင်းတောင်မှ တခြားဘေးမျဉ်းစောင်း(ဟခန)မဟုတ် ရင် ဖလမ်းကိုဝင်လို့ရတယ် (ဟခန ဟားခါးတို့ဆိုရင် မရပြန်ဘူး။ အဲလိုပဲ ဟားခါးမှာလည်း လူငယ်တွေက ဖမ်းပြီဆိုရင် ဖလမ်းဆိုရင် တော်တော်လေးအခြေအ နေဆိုးတဲ့အခြေအနေ ရောက်သွားနိုင်တယ်။ ဘယ်ခု နှစ် ဘယ်ဘိုးဘေးတွေလက်ထက်က ပြဿနာလည်း မသိဘူးပေါ့။
မေး - ဒါကတော့ နောက်ဆုံးမေးခွန်းပေါ့နော်။ ဟား ခါးမှာရှိတဲ့ ဒေသခံတွေရဲ့ လက်ရှိအခြေအနေအပေါ် သုံးသပ်မှုနဲ့ နောက်လာမယ့်အခြေအနေတွေအပေါ် မျှော်လင့်ချက်တွေ ဘာတွေမြင်ရလဲ။ ဒေသခံတစ် ယောက်အနေနဲ့ အဲဒါလေးလည်း သုံးသပ်ပေးပါဦး။
ဖြေ - တစ်ချက်က ပထမဦးဆုံး လူငယ်အဖွဲ့အစည်း တွေကိုတောင်းဆိုချင်တာ ဘာလဲဆိုတော့ ဒီဘက် အဖွဲ့အစည်းနှစ်ခု လက်ရှိအဖွဲ့အစည်းနှစ်ရပ်ကိုပြော ပြချင်တာက ချင်းအမျိုးသားနေ့ပွဲကို မနှောင့်ယှက်ဖို့ ပဲ။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ဒီဘက်အဖွဲ့အ စည်းကလည်း တံခါးပိတ်ပြီးတော့မှ သူတို့နဲ့နီးစပ်တဲ့ လူတွေကိုပဲ ဝင်လည်လို့ရတဲ့ ချင်းအမျိုးသားနေ့ ပွဲမျိုး ပဲမဖြစ်စေချင်သလို တစ်ဖက်အဖွဲ့အစည်းကလည်း ကိုယ့်အမျိုးသားရေးပွဲကို အလေးထားပေးစေချင် တယ်။ သူတို့လုပ်နိုင်ရင်လည်း ဒီဘက်အစိုးရက သူတို့ကို နှောင့်ယှက်မယ်လို့တော့မထင်ဘူး(ကျွန် တော့်အမြင်ပေါ့နော်)။ တရားဝင်တော့ တစ်ခုခုရှိရမှာ ပေါ့နော်။ ဥပမာ ငါတို့ဒီနေရာမှာ ဒါလုပ်မယ်ဟေ့လို့ ပြောရင် ပြောလို့လာလုပ်တယ်ဆိုရင်တော့ ဒါတစ်မျိုး ပေါ့။ အဲဒါဆိုရင်တော့ လုပ်တဲ့အဖွဲ့က ဆိုးတယ်လို့ ကျွန်တော်သတ်မှတ်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဒီ(၂၀၂၁)ကနေစပြီးတော့မှ ချင်းအ မျိုးသားနေ့ပွဲကို ကျွန်တော်တို့ ဒီနှစ်မှ ဒီအောက်မှာ ပြန်ကျင်းပတာပေါ့နော်။ စည်စည်ကားကားတော့ မဟုတ်ဘူး။ အရင်ကဆိုရင် ဘောလုံးပွဲမှာ စည်စည် ကားကားနဲ့ သိုက်သိုက်မြိုက်မြိုက်ကျင်းပခဲ့တာပေါ့ နော်။ ဒါပေမဲ့ အခုဒီနှစ်ကစပြီး သူတို့ကျင်းပပေးတဲ့ အပွဲလေးကိုလည်း မနှောင့်ယှက်စေချင်ဘူး။ ဒါက ဒီဘက်လူငယ်အဖွဲ့အစည်းအတွက်။ ဒီဘက် အစိုးရ အဖွဲ့အစည်းကိုလည်း တောင်းဆိုချင်တာ ဘာလဲဆို တော့ ဒီပွဲလေးကိုလည်း လုံခြုံရေးသေချာ တင်းကြပ် ပြီးတော့မှ အများပြည်သူကြည့်ရှုလို့ရအောင် စီစဉ် ပေးစေချင်တယ်။ တံခါးပိတ်ကျင်းပတာထက်ပေါ့ နော်၊ လုံခြုံရေးကို တင်းကြပ် စည်းစနစ်တကျချပြီး တော့ပေါ့နော်၊ အဲဒီလိုလေးဖြစ်စေချင်တယ်။နောက် တစ်ခုက ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ဆိုရင် ဒါက ဒီအချိန်မှာတော့ ဒီချင်းအမျိုးသားနေ့ပွဲကို မနှောင့် ယှက်ဖို့ပဲတောင်းဆိုချင်တာ။ နောက်တစ်ကြိမ် အင်တာဗျူးမှာတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ တော့ ပြောစရာတွေအများကြီးရှိတယ်။ အစိုးရအပေါ် မကြိုက်တာတွေ၊ ဒေသဖွံ့ဖြိုးရေးမှာ ကန့်သတ်ချက်ရှိ တာတွေ၊ ဒေသဖွံ့ဖြိုးရေးက လုပ်တော့လုပ်တယ် ဒါပေမဲ့ ဒေသခံတွေထက် သူတို့လက်ဝါးကြီးအုပ် ထားတဲ့အကြောင်းတွေကတော့ မကောင်းဘူးလို့ပဲ ပြောချင်တယ်။ လောလောဆယ်တော့ ဒီလောက်ပါပဲ။
မေး - နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင် ပါသေးလဲခင်ဗျ။
ဖြေ - အဓိကကတော့ ချင်းပြည်နယ်မှာ ကိုယ့်အမျိုး သားရေးပွဲကိုတော့ မနှောင့်ယှက်ဖို့ပါပဲ အဓိကက တော့။ ဒီဘက်အစိုးရက (၂၀၂၁)ကနေ (၅)နှစ် တောင်ပိတ်ခဲ့ပြီးပြီ။ ဒီ (၆)နှစ်အကြာမှာ လုပ်ပေးတဲ့ ပွဲလေ။

Zawgyi Version:
ဆီတစ္ပိႆာ(၁) သိန္းေက်ာ္နဲ႔ ေတာင္ေပၚတြင္ရွိေသာ္လည္း မေအးခ်မ္းသည့္ ၿမိဳ႕
(ၿမိဳ႕ အင္တာဗ်ဴး)
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီလ ၂၆
ခ်င္းျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ေသာ ဟားခါးၿမိဳ႕သည္ ယခင္က ခ်င္းလူမ်ိဳးမ်ားစြာ၏ လက္ဖက္စိုက္ခင္းမ်ား၊ ေလွကားထစ္ ေတာင္ယာစပါးစိုက္ခင္းမ်ားျဖင့္ သာယာခဲ့ သည့္ ေတာင္ေပၚၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့သည္။ ခ်င္းလူမ်ိဳးအမ်ားစုေနထိုင္ၾကသည့္ ထိုၿမိဳ႕သည္ (၂၀၂၁)ခုႏွစ္ေနာက္ပိုင္း ခ်င္းလက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ားေၾကာင့္ ေဘးပတ္ဝန္းက်င္ေဒသမ်ားမွေ႐ႊ႕ေျပာင္းလာသူမ်ားအတြက္ ခိုနားရာေနရာတစ္ခုလည္းျဖစ္ခဲ့ျပန္သည္။ လက္ရွိ အဆိုပါၿမိဳ႕တြင္ ယခင္ကဲ့သို႔ စီးပြားေရး၊ လူမႈေရးႏွင့္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ား တြင္က်ယ္စြာမလည္ပတ္ႏိုင္ကာ ကုန္ေဈးႏႈန္းမ်ားလည္း ဆက္လက္ျမင့္တက္ေနၿပီး ကုန္စည္စီးဆင္းမႈလမ္းေၾကာင္းမ်ားလည္း ယခင္ ထက္ ေႏွာင့္ေႏွးေနရေၾကာင္းသိရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ဟားခါးၿမိဳ႕ခံတစ္ဦးထံ ႊ႕န ွအေအန်ာေည ဂ်ာနယ္က ဆက္သြယ္ေမးျမန္းထား သည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။ေမး- ပထမဆုံးအေနနဲ႔ ဟားခါးၿမိဳ႕ လက္ရွိအေျခအ ေနနဲ႔ အရင္တုန္းကအေျခအေန ကြာျခားခ်က္ေလးကို ေျပာျပေပးပါဦး။
ေျဖ -ဟားခါးၿမိဳ႕က အရင္တုန္းကထက္စာရင္ သြား ရလာရတာ ခက္ခဲလာတာရွိတယ္။ သာမန္လူေတြ ေတာင္ ခရီးသြားဖို႔ ခက္လာတယ္။ အဓိကက ကုန္ ေဈးႏႈန္းတက္တာေၾကာင့္ေပါ့ေလ။ အရင္တုန္းကဆို ရင္ သြားရလာရတာ ဟိုဘက္ဒီဘက္ပါလို႔ေျပာရတာ မဟုတ္ဘူးဆိုေပမယ့္ ျပည္သူတစ္ေယာက္အေနနဲ႔ ေျပာရရင္ ဟိုဘက္လည္းေၾကာက္ရ ဒီဘက္လည္း ေၾကာက္ရေပါ့။ လမ္းေပၚမွာ လုံၿခဳံေရးအျပည့္ရွိတယ္။ တပ္ဘက္ကေပါ့ေနာ္။ တပ္ကေတာ့ လုံၿခဳံမႈအျပည့္ရွိ တယ္ေပါ့ေနာ္။ ဒါေပမဲ့လည္း သမုဒၵရာဝမ္းတစ္ထြာအ တြက္ေတာ့ သြားလာလႈပ္ရွားေနရတာပါပဲ။
ေမး - စီးပြားေရးနဲ႔ပတ္သက္ၿပီးေတာ့ေကာ အရင္ ကနဲ႔အခု ဘာေတြကြာျခားသြားလဲ။
ေျဖ - ဟားခါးအေနနဲ႔ေတာ့ ေျပာရရင္ စီးပြားေရးက က်န္တဲ့လုပ္ငန္းမရွိဘူး။ ႏိုင္ငံျခားပို႔ေငြေပါ့ေနာ္။ ႏိုင္ငံ ျခားမွာအလုပ္လုပ္တဲ့လူေတြက ပို႔တဲ့ေငြေပါ့။ အဲဒီေငြ နဲ႔ စားေသာက္ၾကတာေပါ့။ ေနာက္တစ္ခုက အစိုးရ တင္ဒါေပါ့။ တင္ဒါလုပ္ငန္းေတြကလည္း အခုေနာက္ ပိုင္းမွာ ဆုံးရႈံးမႈေတြမ်ားလာတယ္။ လူႀကီးပိုင္းမွာ လည္း လူႀကီးပိုင္း၊ တျခားကိစၥေတြမွာလည္း ရႈပ္ယွက္ ခတ္တာေတြရွိတယ္။ လူငယ္ပိုင္းမွာလည္း လုပ္တဲ့ ကုမၸဏီေတြကို တားဆီးတာေတြရွိတယ္။ ဒဏ္ေငြ႐ိုက္ တာေတြရွိတယ္ဆိုေတာ့ စီးပြားေရးအေနနဲ႔က ဒီအ တိုင္း ေရရွည္ဆက္သြားမယ္ဆိုရင္ ဒီ(၂၀၂၆)အစက ေနၿပီးေတာ့ ဒီအတိုင္းဆက္သြားမယ္ဆိုရင္ ဟားခါး ၿမိဳ႕ကေတာ့ ေရရွည္မွာမေကာင္းႏိုင္ေတာ့ဘူး။
ေမး - ေနာက္တစ္ခုက ေဘးပတ္ဝန္းက်င္ေဒသေတြ မွာတိုက္ပြဲေတြျဖစ္ခဲ့ၿပီး အဲဒီဘက္ကလူေတြက ဟား ခါးကိုလုံးဝင္လာၾကတယ္လို႔ၾကားမိတယ္။ အဲဒီအေျခ အေနအေပၚ ေျပာင္းလဲမႈေတြက ဘာေတြျဖစ္ခဲ့လဲ။
ေျဖ - ဟားခါးၿမိဳ႕မွာေတာ့ ထန္တလန္မွမဟုတ္ဘူး။ မတူပီလည္းရွိတယ္၊ ကန္ပက္လက္လည္းရွိတယ္။ ဒီမွာက ေရွး႐ိုးစြဲေတြဆိုေတာ့ ဘယ္လိုေျပာျပရမလဲ ခ်င္းတိုင္းရင္သားေတြကက်ေတာ့ ထန္တလန္ကလာ တဲ့အတြက္ ထန္တလန္ဘက္က႐ြာကလူေတြက ဟား ခါးဆိုတာမျမင္ဖူးဘူးေပါ့။ အဲဒီမွာ စစ္ေရွာင္ရတဲ့ရၿပီ ဆိုတဲ့အခါက်ေတာ့ ခ်င္းျပည္နယ္ထဲမွာပဲေနၾကတယ္။ ဟားခါးကိုပဲ လာၾကတာမ်ားတယ္။ အဲဒီေတာ့ လုံၿခဳံ ေရးပိုင္းအေနနဲ႔ေျပာရရင္ ကိုယ့္လုံၿခဳံေရးကိုယ့္ဘာ သာကိုယ္ဂ႐ုစိုက္ရတာပါပဲ။ သူတို႔ဆီမွာ တစ္ခုခုျဖစ္ ရင္လည္း ဟိုဘက္ဒီဘက္ကို သြားႏိုင္ လာႏိုင္ျခင္းမရွိ ဘူး။ အဓိကကေတာ့ လူငယ္ေတြရဲ႕ အျမင္အမွားေတြ ေပါ့။ သူတို႔က ျပည္သူ႔မ်က္ႏွာၾကည့္တယ္ဆိုေပမယ့္ လည္း သူတို႔လုပ္ခ်င္ရင္ ဘယ္ျပည္သူ႔မ်က္ႏွာမွမ ေထာက္ဘူး။ အဲဒီလိုနဲ႔ အစိုးရအပိုင္းၾကည့္မယ္ဆိုရင္ လည္းပဲ ဒီဘက္က ေတာင္တန္းေဒသျဖစ္တဲ့အတြက္ လမ္းေၾကာင္းေတြကလည္း သူတို႔သိတာထက္ မသိ တာကမ်ားတယ္။ ေနာက္တစ္ခုက ဒီမွာရွိတဲ့လူေတြက ဟားခါးၿမိဳ႕ဆိုၿပီး ဟားခါးၿမိဳ႕တစ္ၿမိဳ႕လုံးကလမ္းေတြ သိေပမယ့္ ဘယ္ကထြက္ရင္ ဘယ္ကိုေရာက္တယ္ဆို တာကိုမသိတဲ့အတြက္ လုံၿခဳံေရးပိုင္းမွာဆိုရင္ ရွိေတာ့ ရွိတယ္။ ဒါေပမဲ့ အျပည့္အဝေတာ့မေပးႏိုင္ဘူးေပါ့။ ဟိုလူေတြကလည္း သူတို႔လုပ္ခ်င္တာပဲသိတယ္။ အဲဒီလိုေပါ့။ မေက်နပ္ဘူး သူတို႔လုပ္ခ်င္တယ္ဆိုရင္ ဝင္လုပ္သြားၿပီ။ ဘယ္သူေသေသ။ အဲဒီေတာ့ လုံၿခဳံ ေရးအပိုင္းမွာဆိုရင္ ကိုယ့္လုံၿခဳံေရး ကိုယ့္ဘာသာ ကိုယ္ ဂ႐ုစိုက္ရတာပဲ။
ေမး - ဟားခါးပတ္ဝန္းက်င္မွာလည္း တိုက္ပြဲေတြ ျဖစ္ခဲ့ေတာ့ ဟားခါးကို သက္ေရာက္မႈအေနနဲ႔ ဘာ ေတြျဖစ္ခဲ့လဲ။
ေျဖ - အဲဒါကေတာ့ တစ္ခါတေလက်ရင္ ေကာလာ ဟလမ်ားပါတယ္။ ဟားခါးၿမိဳ႕ေပၚမွာ အႀကီးအက်ယ္ ျဖစ္သြားတာဆိုလို႔ (၆၆၉)မွာျဖစ္သြားတာနဲ႔ ဟိုေန႔ ညက ေဖေဖာ္ဝါရီ (၁၂)ရက္ကျဖစ္သြားတာေလာက္ ပဲရွိတာပါ။ အနီးနားမွာ တိုက္ပြဲေဖာ္ေဆာင္တာေတြမရွိပါဘူး။ ေျပာျပရမယ္ဆိုရင္ေတာ့ လူငယ္ေတြဘက္က ေထာက္ပံ့ေၾကးမရတာတို႔ ေဒၚလာမရတာတို႔ ဒီေလာက္ပါပဲ။ က်န္တာေတာ့မရွိပါဘူး။ ၿမိဳ႕ေပၚမွာ မၿငိမ္မသက္ျဖစ္တာက လိုင္းေပၚမွာပဲရွိတာ။ ဒီမွာက ေတာ့ အဲဒီလိုမ်ိဳးမရွိဘူး။ တစ္ခုေတာ့ရွိတာေပါ့။ ေရွ႕ ကေျပာခဲ့သလို ကိုယ့္လုံၿခဳံေရး ကိုယ့္ဘာသာကိုယ္ ဂ႐ုစိုက္ၾကရတာေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က ျပည္သူကထမင္းေကြၽးမွစားရမယ့္သူေတြျဖစ္တဲ့အ တြက္ ဥပမာ ကြၽန္ေတာ္က မေက်နပ္တာတစ္ခုရွိလို႔ သူတို႔ကိုသြားေျပာရင္ မဟုတ္တာေျပာရင္လည္း သူ တို႔မွာလည္း စဥ္းစားႏိုင္တဲ့ဦးေႏွာက္မရွိဘူး။ လုပ္ တယ္။ အဲဒီလိုလုပ္မွလည္း သူတို႔ကို ျပည္သူက ထမင္းေကြၽးႏိုင္မွာေလ။ စြန႔္ႀကဲႏိုင္မွာေလ။ အဲဒီေတာ့ သူတို႔မွာေတာ့ ေဝဖန္ပိုင္းျခားႏိုင္တဲ့ ဦးေႏွာက္မရွိတာ ေတာ့ေသခ်ာတယ္။ တပ္ကလည္း အခုေနာက္ပိုင္း တရားဥပေဒစိုးမိုးေရးအတြက္လည္းလုပ္ပါတယ္။ ဒါ ေပမဲ့ခက္တာက ၿမိဳ႕ထဲမွာကေတာ့ အကုန္အဆင္ေျပ ပါတယ္။ ခ်င္းျပည္နယ္တစ္ျပည္နယ္လုံးက ရခိုင္နဲ႔ဥပ မာေပးရမယ္ဆိုရင္ ရခိုင္မွာျဖစ္ေနတဲ့အရာ အကုန္ လုံးကို အကုန္လုံးကသိလို႔ရတယ္။ က်န္တိုင္းရင္းသား ေတြ လူမ်ိဳးမတူေပမယ့္ တိုင္းရင္းသားေတြအကုန္လုံး နားလည္ႏိုင္တယ္ဆိုတာက ဗဗ က ဗမာလိုေျပာတာ ေလ။ အဲဒီေတာ့ လူမ်ိဳးစြဲမရွိေတာ့ အကုန္နားလည္ တယ္။ ဒီမွာျဖစ္ေနတဲ့ဟာကေတာ့ ဟားခါးစကားေတြနဲ႔ ေျပာေနၾကေတာ့ က်န္တဲ့ တီးတိန္မသိေတာ့ဘူး၊ ဖလမ္းမသိေတာ့ဘူး၊ တြန္းဇံမသိေတာ့ဘူး၊ ကန္ပက္ လက္မသိေတာ့ဘူး၊ မင္းတပ္မသိေတာ့ဘူး။ အဲဒီလို မ်ိဳး သတၱိမရွိတဲ့အခါက်ေတာ့ ကိုယ္ေနတဲ့ေနရာက ကိုယ့္လူကိုယ္ပဲကာကြယ္တယ္ဆိုတဲ့သေဘာကို ေျပာ ခ်င္တာ။ အဲဒီေတာ့ ဟားခါးမွာရွိတဲ့လူက ဟားခါးလို ေျပာတာျဖစ္တဲ့အတြက္ က်န္တဲ့ ဒီမွာစစ္ေဘးေရွာင္ ေနတဲ့ ပလက္ဝလည္းမသိရဘူး။ မင္းတပ္၊ မတူပီ မသိရဘူး။ တီးတိန္၊ တြန္းဇံမသိရဘူး။ ထန္တလန္နဲ႔ ဟားခါး (၂)မ်ိဳးပဲသိလို႔ရတယ္။ အဲဒီလိုမ်ိဳးပဲ။ ကခ်င္ မွာလည္းရွိတယ္။ ကရင္မွာလည္းရွိတယ္။ အကုန္လုံး က အားလုံးနားလည္တဲ့စကားနဲ႔ပဲေျပာတာျဖစ္တဲ့အ တြက္ အဲဒီေဒသမွာ မွီခိုအားထားျပဳေနတဲ့လူေတြ အကုန္လုံးသိတယ္။ အခုက ဟားခါးအေၾကာင္းေျပာ ေနတာျဖစ္တဲ့အတြက္ ခ်င္းေတြအကုန္လုံးေနတဲ့ေန ရာေပါ့ေနာ္။ ခ်င္းေတြအကုန္လုံးေနတာျဖစ္တဲ့အ တြက္ အားလုံးနားလည္ႏိုင္တဲ့စကားကိုသုံးရင္ အား လုံးသည္ ဒီေန႔ဘာလုပ္မယ္ဆိုရင္ ေရွာင္လို႔ရတယ္။ ဒါေပမဲ့ သူတို႔က မဟုတ္ဘူး။ လူမ်ိဳးစြဲ အတၱစြဲက အ ရမ္းႀကီးတယ္။ အဓိကျပႆနာကေတာ့ အဲဒါေပါ့။
ေမး - စီးပြားေရးမွာ တျခားစီးပြားေရး ဘာလုပ္ၾကလဲ။
ေျဖ - ကြၽန္ေတာ္တို႔ ဒီမွာက စက္မႈဇုန္လည္းမရွိဘူး။ ေဒသထုတ္ကုန္အေနနဲ႔က်ေတာ့လည္း ဆန္လည္း မထြက္ဘူး။ ဝဥဆိုတာကလည္း ခ်င္းျပည္ေတာင္ ပိုင္းမွာပဲရွိတာ။ စက္႐ုံေတြေထာင္ဖို႔ေတာ့ရွိတယ္။ ႏိုင္ငံေတာ္အစိုးရက လုပ္ေပးဖို႔စီစဥ္ထားတာေတာ့ မရွိဘူး။ အဲဒီေတာ့ အဓိကဝင္ေငြအေနနဲ႔ကေတာ့ ႏိုင္ငံျခားအေထာက္အပံ့ရွိမယ္။ အစိုးရတင္ဒါလုပ္ငန္း ေတြရွိမယ္။ အဲဒါကလြဲလို႔ က်န္တာမရွိဘူး။ ကိုယ္ေတြ အျမင္ေျပာရရင္ေတာ့ တ႐ုတ္ျပည္မွာ ပထမဆုံးမွန္တံ တားစေပၚတုန္းက သြားၾကလာၾကတယ္။ အခုေနာက္ ဆုံး ျပင္ဦးလြင္အထိေပါ့ေနာ္။ မွန္တံတားလုပ္ဖို႔ဆိုရင္ ဒီခ်င္းျပည္ဟားခါးက ႏိုင္ငံျခားသားေတြေရာ တကယ္ လည္ပတ္အနားယူႏိုင္တဲ့ေနရာေတြ အမ်ားႀကီး ႐ုကၡေဗဒဥယ်ာဥ္ေတြ၊ အပန္းေျဖေနရာေတြ အမ်ားႀကီးရွိ တယ္။ ေနာက္တစ္ခုက ဒီႏိုင္ငံျခားေဒသေတြလိုျဖစ္ တဲ့ ဆြစ္ဇာလန္ေတာင္ၾကားလိုမ်ိဳး ဖီးနစ္ေနရာေဒသ ေတြေပါ့ေလ။ တကယ္သာယာတဲ့ေနရာေတြ အမ်ား ႀကီးပဲ။ ခရီးသြားလုပ္ငန္း ေဖာ္ေဆာင္လို႔ရတာေတြရွိ တယ္။ ကိုယ္ေတြေတာင္မွပဲ အဲဒီဘက္ကို စိတ္ဝင္စား ေသးတယ္။ ဒီဘက္မွာက လုပ္ေနရင္ေတာ့ အဆင္ ေျပႏိုင္တယ္။ လက္ရွိအေနအထားမွာေတာ့ အဆင္မ ေျပႏိုင္ဘူး။ စီးပြားေရးအေနနဲ႔ကေတာ့ ထိုင္စားဖို႔ပဲ ရွိတယ္။ ရွာစားဖို႔ရာေတာ့ လုပ္ငန္းမရွိဘူး။ ညီေလးတို႔ လာမၾကည့္လို႔ ဟားခါးၿမိဳ႕ေပၚမွာ မိန္းလမ္းတစ္လမ္းပဲ ရွိတယ္။ ေဈးလမ္းတစ္လမ္းပဲရွိတယ္။ အဲဒီမိန္းလမ္း ေပၚမွာရွိတဲ့အိမ္ေတြအကုန္လုံးက ေဈးဆိုင္ေတြခ်ည္း ပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီၿမိဳ႕ႀကီးသာ တစ္ခုခုျဖစ္ သြားလို႔ရွိရင္ အနီးနားမွာရွိတဲ့႐ြာေတြက ဘာပစၥည္းမွ မရွိေတာ့ဘူး အဲဒီက်ရင္ေတာ့။ အဲဒီလိုမ်ိဳးေပါ့။ (၂၀၁၅)မွာ ေျမၿပိဳတုန္းကဆိုရင္လည္း လမ္းေတြၿပိဳ သြားတဲ့အခါမွာ အစိုးရက ဘာမွေထာက္ပံ့မႈမရွိဘူး ဆိုရင္လည္း ဟားခါးၿမိဳ႕ကသြားၿပီ။ ေနာက္ၿပီး အိႏၵိယ ဘက္က ကုန္စည္စီးဆင္းမႈကလည္း ကုန္ေဈးႏႈန္း ေတြ အဆမတန္တက္တာေပါ့။ ဒီမွာဆိုရင္ ဓာတ္ဆီ ဆိုင္ေတြ အရမ္းနည္းတယ္။ ဒါေပမဲ့ ဆီေဈးေတြ အရမ္းျမင့္မားတယ္။
ေမး - အဲဒီလိုဆိုေတာ့ အေျခခံစားေသာက္ကုန္ေဈး ႏႈန္းနဲ႔ ဓာတ္ဆီ၊ ဒီဇယ္ေဈးေတြေကာ ဘယ္ေလာက္ ရွိလဲ။
ေျဖ - ဆန္ကေတာ့ ေဈးေတာ္ေတာ္ႀကီးတယ္။ ဆန္ က တစ္အိတ္ကို (၂)သိန္းခြဲေလာက္ရွိတယ္။ ဒါ ေတာင္မွ သာမန္ဆန္ေပါ့ေနာ္။ ဆီကေတာ့ (၁၀) ပိႆာပုံးတစ္ပုံးကို (၁၀)သိန္းစြန္းစြန္းေလာက္ရွိမယ္။ ဓာတ္ဆီ၊ ဒီဇယ္ကေတာ့ တစ္လီတာကို (၅၀ဝဝ) က်ပ္ေဈးေပါ့။ ဒါေတာင္မွ ျပန္က်သြားတယ္ေျပာရ မယ္။ ဟိုတစ္ေလာတုန္းက တစ္ဂါလန္ကို (၃၀ဝဝဝ)က်ပ္နဲ႔ (၄၀ဝဝဝ)က်ပ္အထိ ျဖစ္သြားတာရွိတယ္။ အဆိုးဆုံးကေတာ့ ခ်င္းျပည္နယ္ၿမိဳ႕ေတာ္သာေျပာခဲ့ တာ လွ်ပ္စစ္မီးမရတာ (၁) ႏွစ္ေက်ာ္ၿပီေလ။
ေမး - ဆက္သြယ္ေရးေတြေကာ အဆင္ေျပရဲ႕လားဗ်။
ေျဖ - ဆက္သြယ္ေရးကေတာ့ Mytel ပဲမရတာ။ က်န္တဲ့ဟာေတြကေတာ့ရပါတယ္။ ရံဖန္ရံခါေပါ့။ ေပ်ာက္လိုက္ေပၚလိုက္ေပါ့။ အင္တာနက္လိုင္းက ေတာ့ခက္ခဲတယ္။ Wifi ေတာ့အဆင္ေျပတယ္။ Data နဲ႔ေတာ့ အဆင္မေျပဘူး။
ေမး - ကုန္စည္စီးဆင္းေရးအပိုင္းေတြေကာ အဆင္ ေျပရဲ႕လား။
ေျဖ - ဟားခါး-ဂန႔္ေဂါလမ္းေပါ့။ ဒီမွာ မိန္းလမ္းႀကီး က (၂)လမ္းပဲရွိတယ္။ ကေလး-မတူပီလမ္းနဲ႔ က ေလး-ဂန႔္ေဂါလမ္းေပါ့။ ဖလမ္းဘက္ကလည္း မသုံး တာေတာ္ေတာ္ၾကာၿပီဆိုေတာ့ ကေလး-ဂန႔္ေဂါလမ္း ကလည္း ကုန္စည္စီးဆင္းမႈအားနည္းတယ္။ မႏၲေလး ဘက္ကလာတာမ်ားတယ္။ ကေလးဘက္ကလာရင္ လည္း တစ္ညအိပ္ရတယ္ေျပာတယ္။ အရင္တုန္းက (၆)နာရီေလာက္ထြက္တယ္ဆိုရင္ ကေလးကို (၃) နာရီ (၄) နာရီေလာက္ဆိုရင္ေရာက္တယ္ေလ။ ဒါေပ မဲ့ အခုက တစ္ညအိပ္သြားရတယ္ဆိုေတာ့ ဘယ္လမ္း ကေနသြားၾကလဲဆိုေတာ့ မသိေတာ့ဘူး။
ေမး - ေနာက္တစ္ခုကေတာ့ ေဒသတြင္းအေျခအ ေနေပါ့။ ဟားခါးမွာ လူဦးေရအရမ္းမ်ားေနလား။
ေျဖ - ဟားခါးမွာေတာ့ လူဦးေရအရမ္းမ်ားတယ္ ေတာ့မရွိပါဘူး။ ဘာလို႔ဆိုေတာ့ ဝင္တဲ့လူကလည္း ဝင္လာၾကတာပဲ။ ထြက္တဲ့လူကလည္း ကိုယ့္အိမ္ ကိုယ့္ယာကိုစြန႔္ခြာၿပီးေတာ့မွ ေနျပည္ေတာ္တို႔၊ မႏၲ ေလးတို႔ ရန္ကုန္တို႔ထြက္ၾကတာေပါ့။ ရန္ကုန္မွာေန တာမ်ားၾကပါတယ္။ ကိုယ့္က်န္ခဲ့တဲ့အိမ္မွာေတာ့ စစ္ ေဘးေရွာင္ေတြကို ျပန္ငွားၿပီးထားတာတို႔ေလာက္ပဲရွိ တာဆိုေတာ့ ၿမိဳ႕ေနလူထုကေတာ့ သိပ္သည္းသြားတာ ေတာ့မရွိပါဘူး။ ပုံမွန္ေလာက္ပါပဲ။
ေမး - ေနာက္တစ္ခုက ပညာေရးနဲ႔က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ထူးျခားေျပာင္းလဲသြားတာေတြ ဘာျမင္ ရလဲ။
ေျဖ - ပညာေရးနဲ႔ပတ္သက္လို႔ကေတာ့ ကိုယ့္သား သမီး ထူးထူးခြၽန္ခြၽန္ျဖစ္ေစခ်င္တဲ့လူေတြကေတာ့ ထားၾကပါတယ္။ ဒီမွာလည္း ေနာက္ဆုံး အစိုးရကေန ၿပီးေတာ့မွ စက္မႈတကၠသိုလ္ဆိုၿပီး (၈)တန္းေအာင္တာနဲ႔တက္လို႔ရတဲ့ေက်ာင္းေတြဖြင့္ထားတယ္ဆို ေတာ့ ပညာေရးပိုင္းနဲ႔ပတ္သက္ၿပီး ထားတဲ့လူေတြ လည္းရွိေတာ့ ထားတဲ့လူတိုင္းတက္ၾကပါတယ္။ ၿမိဳ႕ ေပၚမွာရွိတဲ့လူတိုင္းကေတာ့ ေက်ာင္းထားၾကပါတယ္။ အကုန္လုံးေတာ့ မဟုတ္ဘူး။ ၿမိဳ႕ရဲ႕အစြန္အဖ်ား ေလာက္က်တဲ့လူေတြကလည္း ဟိုဘက္လည္း ေၾကာက္ရ ဒီဘက္လည္းေၾကာက္ရဆိုေတာ့ မထားရဲ တဲ့လူေတြေတာ့ရွိတာေပါ့ေနာ္။ ၿမိဳ႕အတြင္းပိုင္းက်တဲ့ လူေတြကေတာ့ ထားၾကပါတယ္။ က်န္းမာေရးအေန နဲ႔ကေတာ့ ပိုေကာင္းလာတယ္လို႔ေျပာရမလား။ အရင္ တုန္းကဆိုရင္ ေဆး႐ုံႀကီးတစ္ခုပဲရွိတယ္လို႔ေျပာရ မလား။ အခုေနာက္ပိုင္းဆိုရင္ ေဆး႐ုံႀကီးမွာလည္း ပစၥည္းေတြပိုစုံလာတယ္။ ကုသတဲ့သမားေတာ္ေတြ လည္း ပိုေကာင္းလာတယ္ေပါ့။
ေမး - ဟားခါးမွာ လက္နက္ကိုင္အဖြဲ႕အစည္းေတြ ဘက္က လုပ္ခဲ့တဲ့အေျခအေနေတြ၊ တိုက္ပြဲေဖာ္ ေဆာင္တဲ့ဟာေတြေကာ ဘာေတြရွိလဲ။ ခုနက အစ္ကို ေျပာသလိုဆိုရင္ေတာ့ ေကာလာဟလေတြလည္းမ်ား ခဲ့တာေပါ့ေနာ္။ တကယ္ ေျမျပင္မွာျဖစ္ခဲ့တဲ့ျဖစ္ရပ္ ေတြေကာ ဘယ္လိုေတြရွိခဲ့တယ္လို႔သိရလဲ။
ေျဖ - အနီးစပ္ဆုံး ဒီေဖေဖာ္ဝါရီ (၁၂) ရက္ျဖစ္စဥ္နဲ႔ ကပ္ၿပီး ေျပာျပရမယ္ဆိုရင္ေတာ့ သူတို႔ တကယ္ပစ္ ခတ္မႈ ျဖစ္လာသလားဆိုေတာ့ တကယ္ျဖစ္တယ္။ လူ ေသဆုံးမႈလည္းရွိတယ္။ ဒါေပမဲ့ သူတို႔ဘက္က ေရး သားတင္ျပထားတာေတြက အလြဲအမွားေပါ့ေနာ္။ သတင္းမွာ ဘယ္ႏွေယာက္၊ ဘာညာဆိုၿပီး ေရးထား တာ အလြဲအမွားေတြရွိတယ္။ ေနာက္တစ္ခုက်ေတာ့ ဒီ ဌာနဆိုင္ရာလူႀကီးေတြေပါ့ေနာ္။ အဲဒါေတြက အ လြဲအမွားေတြေပါ့။ တကယ္သတင္းမွန္ဆိုရင္ ဒါသူတို႔ ဒီေမာ္ေတာ္ပီကယ္ေတြ ်ကမစမင်န ခ့နခု လုပ္လို႔ေတြ မေက်နပ္လို႔ ျပႆနာတက္တယ္ဆိုၿပီးေတာ့ သြား တိုင္တယ္။ တိုင္ေတာတဲ့အခါက်ေတာ့ စဥ္းစားဆင္ ျခင္မႈအားနည္းၿပီးေတာ့မွ ဒါက အဲဒီေန႔မွာလုပ္ တယ္ေပါ့ေနာ္။ ဒါက ဒီဘက္မွာ စာဖတ္တဲ့သူ၊ စာ တတ္တဲ့သူ အကုန္လုံးသိတဲ့အသိတရားေပါ့။ အဲဒီလို ပဲ (၂၀၂၁)ခုႏွစ္ကတည္းကေနၿပီးေတာ့ ထူးထူးျခား ျခား လိုင္းေပၚတက္တာ ဘာညာ၊ ညီေလးေျပာသလို မိုင္းခြဲတာေတြရွိလားဆိုေတာ့ ရွိေတာ့ရွိတယ္၊ ရွား တယ္။ တစ္ႀကိမ္ပဲ ဟို မိုင္းေထာင္တာမဟုတ္ဘူး၊ လာ ေထာင္ရင္းနဲ႔ကြဲလို႔ လူငယ္ေလးတစ္ေယာက္ ေသဆုံး ခဲ့တာ တစ္ႀကိမ္ရွိခဲ့တယ္။ က်န္တဲ့ဟာ ထူးထူးျခားျခား မရွိပါဘူး။ ေနာက္တစ္ခုက ခ်င္းျပည္နယ္မွာ လူငယ္ ေတြရွိလားဆိုေတာ့ ရွိပါတယ္။ ဆိုးလားဆိုေတာ့ ဆိုး တယ္လို႔လည္း ေျပာလို႔မရသလို လိမၼာတယ္လို႔လည္း ေျပာလို႔မရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီလိုမ်ိဳး ဌာ နဆိုင္ရာလူႀကီးေတြကိုဖမ္းတာတို႔၊ ကုမၸဏီေတြကိုဖမ္း တာတို႔၊ ဒါေတြက လုပ္သင့္လား မလုပ္သင့္လား မစဥ္းစားတာ၊ ဒါကေတာ့ အထက္မွာအုပ္ခ်ဳပ္တဲ့ လူ တန္းစားတစ္ရပ္ရဲ႕ ဦးေႏွာက္နဲ႔ အေတြးအေခၚအေပၚ မူတည္တာေပါ့။ ဒါမ်ိဳးေတာ့ရွိတယ္။ ဟိုဘက္ဆိုး တယ္၊ ဒီဘက္ဆိုးတယ္ဆိုတာထက္ ပိုေသခ်ာတာ တစ္ခုက ညီေလး ဒီမွာေတာ့ လူအသက္တစ္ေခ်ာင္း ကိုေတာ့ ေတာ္ေတာ္တန္ဖိုးထားတယ္။ ေအာက္ဘက္ ေတြမွာဆိုရင္ လူငယ္ေတြဖမ္းမိၿပီဆိုရင္ (၉၀)ေသ တာ ရာခိုင္ႏႈန္းမ်ားပါတယ္။ ခ်င္းျပည္နယ္မွာေတာ့ အဲဒီလိုမရွိဘူး။ ဘုရားစကားနားေထာင္တဲ့လူေတြမ်ား တဲ့အခါက်ေတာ့ အဲဒီလိုမ်ိဳး ဆိုးဆိုး႐ြား႐ြားေတာ့မရွိ ဘူး။ တစ္ခုပဲ သူ႔အမွားကိုေတာ့ အစ္ကိုတို႔က ထုတ္ျပ ရမွာပဲ။
ေမး - ခ်င္းျပည္နယ္မွာလည္း အဓိကေတာ္ေတာ္ မ်ားမ်ား လက္နက္ကိုင္အဖြဲ႕ေတြ ေတာ္ေတာ္မ်ားမ်ားရွိ ေတာ့ ၿမိဳ႕ေပၚ ၿခိမ္းေျခာက္မႈအေနနဲ႔ လုပ္တာမ်ိဳးေတြ ျမင္ရလား။ ေနာက္ၿပီး အဲဒီအေပၚမွာေကာ ေဒသခံ ေတြအေနနဲ႔ ဘယ္လိုတုံ႔ျပန္တာေတြ ျမင္ရလဲ။
ေျဖ - ညီေလးတို႔က စာေပသမားေတြဆိုတဲ့အခါက် ေတာ့ ဒါကိုယ္ေျပာျပရမယ္ဆိုရင္ တစ္ခုခုသုံးသပ္လို႔ ရေအာင္ေျပာျပမယ္။ အဲဒီလို ၿမိဳ႕ေပၚမွာ ၿခိမ္းေျခာက္မႈ ေတြရွိလား၊ လုပ္ရပ္ေတြရွိလားဆိုေတာ့ သူတို႔က ေဖ့စ္ဘြတ္ခ္ေပၚမွာပဲ စာထြက္တာေပါ့။ ေျမျပင္မွာက် ေတာ့ (၁၀)ရာခိုင္ႏႈန္းေလာက္ပဲ ႀကိဳးပမ္းမႈရွိတယ္၊ (၁၀)ရာခိုင္ႏႈန္းေလာက္ေပါ့ေနာ္။ (၁၀ဝ)ရာခိုင္ႏႈန္း ေတာ့ အက်ိဳးသက္ေရာက္မႈမရွိပါဘူး။ ေနာက္တစ္ခု က အစ္ကိုတို႔ ျပည္သူေတြအေနနဲ႔ သတိထားရမယ့္ အေၾကာင္းအရာေတြဘာရွိလဲဆိုေတာ့ ဒီေခါင္းေဆာင္ ေတြကလည္း ၿမိဳ႕ထဲကပဲ ထြက္သြားတဲ့လူေတြေလ။ သူတို႔ပိုင္ဆိုင္မႈေတြရွိတယ္၊ သူတို႔အိမ္ေတြရွိတယ္။ ဒါေပမဲ့ သူက တျခားလူရဲ႕ပိုင္ဆိုင္မႈေတြကို ဘာလုပ္ မယ္၊ ညာလုပ္မယ္၊ မီးရႈိ႕မယ္လို႔ေျပာေနေပမယ့္ သူ႔ အိမ္ႀကီးက ဒီအတိုင္းႀကီးငုတ္တုတ္ရွိေနတာေလ။ လူငယ္ဥကၠ႒ဆိုရင္ ဒီတိုင္းေလးပဲ သူ႔အိမ္ေလးကဒီ တိုင္းရွိေနတာေလ။ ဘယ္သူမွေတာ့ အလွၾကည့္ေန မွာမဟုတ္ဘူး။ သူက ေတာထဲကေနေျပာတာ၊ အစ္ကို တို႔က အလင္းထဲမွာေစာင့္ၾကည့္ေနတာေလ။ သူတို႔အ ေၾကာင္းသိခ်င္ရင္ လိုင္းေပၚမွာ စာဖတ္ေန႐ုံပဲရွိမယ္။ ဟားခါးစကားနားမလည္တဲ့သူေတြအေနနဲ႔ ဘာျဖစ္ ႏိုင္လဲဆိုေတာ့ သူတို႔က ဟားခါးလိုပဲေျပာတာ၊ ဗမာ လိုလုံးဝမေျပာဘူး။ ထူးထူးျခားျခားတစ္ခုပဲ၊ ေ႐ြး ေကာက္ပြဲကာလတုန္းက ဟားခါးလိုေျပာၿပီး ေဘးနား မွာ ဗမာလိုစာတန္းထိုးတာတစ္ခုကလြဲရင္ က်န္တာအ ကုန္ ဟားခါးလိုပဲေျပာတာဆိုေတာ့ အဲဒီအားနည္း ခ်က္ကေတာ့ သူတို႔အတြက္အဆိုးဆုံးေပါ့။ သူတို႔က ေတာ့သိမွာမဟုတ္ဘူးေလ။ ဒါကို သူတို႔က အားနည္း ခ်က္အေနနဲ႔သုံးတာလား၊ တစ္ဖက္အဖြဲ႕အစည္းကို ေၾကာက္လြန္းလို႔ သူတို႔ပဲသိေအာင္လို႔ ဒီစကားကိုသုံး တာလားေတာ့မသိဘူးေပါ့။ ဘာလို႔လဲဆိုေတာ့ သူတို႔ ကို ရန္သူလို႔သတ္မွတ္ထားတဲ့လက္ရွိအစိုးရေပါ့ေနာ္ သူတို႔ကက်ေတာ့ အားလုံးနားလည္ႏိုင္တဲ့ ဝန္ႀကီးခ်ဳပ္ ကအစ တြဲဖက္အရာရွိအားလုံးကက် ဗမာစကားနဲ႔ပဲ အျပန္အလွန္ သတင္းထုတ္ျပန္ေနၾကတာေလ။သူတို႔ ေတြကရန္သူလို႔ေခၚမွာေပါ့။ သူတို႔ဘက္ကက်ေတာ့ သူတို႔စကားနဲ႔ပဲေျပာေနတာဆိုေတာ့ ဒါ သူတို႔ေၾကာက္ စိတ္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္တာေပါ့။
ေမး - လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ဒီၿခိမ္းေျခာက္မႈ ေတြအေပၚ ေဒသခံေတြကမေၾကာက္ဘူးလို႔ေျပာခ်င္ တာေပါ့။
ေျဖ - မေၾကာက္ဘူးရယ္လို႔လည္းမဟုတ္ဘူး။ ေဒ သခံေတြကေတာ့ သူတို႔ဆီေရာက္သြားရင္ေတာ့ ဒုကၡ ေရာက္ၾကတဲ့လူေတြမ်ားပါတယ္။ မေၾကာက္ဘူးရယ္ လို႔မဟုတ္ဘူး။ ေရွ႕မွာေျပာခဲ့သလိုပဲ ကိုယ့္လုံၿခဳံေရး ကိုယ္တာဝန္ယူရတာေပါ့။ ဒါေၾကာင့္လည္း ဟားခါး ၿမိဳ႕က သတင္းအေမွာင္က်ေနၿပီး သတင္းမွန္ေတြက ဘယ္ေတာ့မွထြက္မလာဘူး။ ေနာက္တစ္ခုပိုဆိုးတာ Update သတင္းေတြေပါ့။ ေဖေဖာ္ဝါရီ (၁၂) ရက္ သတင္းမ်ိဳးဆိုရင္လည္း သူတို႔ တစ္ေန႔ကုန္ သူတို႔ ခ်င္း(Chin Information Posts)ေတြ အကုန္လုံးကေနၿပီးေတာ့ ဒါကိုပဲ မွီျငမ္းၿပီးတင္တယ္။ သူရဲ႕ဇာစ္ျမစ္အမွန္တရားက ဘာလဲဆိုတာမသိဘူး။ အစိုးရဘက္ကလည္း သူတို႔ ဒါေၾကာင့္လုပ္ပါတယ္လို႔ မထုတ္ျပန္ဘူးေလ။ ဒါကေတာ့ (၂၀၂၁) ေနာက္ပိုင္း မွာ ဘယ္သတင္းၾကည့္ၾကည့္ အစိုးရဘက္က ဘာပဲ ျဖစ္ျဖစ္ထုတ္ျပန္တာထက္ မထုတ္ျပန္တာမ်ားပါ တယ္။ (၆၀)ရာခိုင္ႏႈန္းေသာျပည္သူေတြက ပညာမ တတ္ၾကဘူးေလ။ ပညာမတတ္ၾကတဲ့အခါက်ေတာ့။
ေမး- ဗမာစကားနဲ႔ ဗမာစာေပကို ေကာင္းေကာင္း မသိတဲလူေတြ မ်ားတယ္ေပါ့။
ေျဖ - ဟုတ္တယ္ အဂၤလိပ္စကားတို႔၊ လီဆူးစကားတို႔ ကိုေတာ့ ကြၽမ္းကြၽမ္းက်င္က်င္နားလည္ၾကေပမယ့္ ဗမာစကား အားနည္းမႈရွိတယ္။ ဒီလူႀကီးပိုင္းေတြေပါ့ အသက္ႀကီးပိုင္းေတြေပါ့။ ေနာက္ပိုင္းကေလးေတြကေတာ့နားလည္ၾကတာမ်ားပါတယ္။
ေမး - ဟားခါး - ထန္တလန္ဘက္ကို သြားတဲ့အေျခ အေနဘယ္လိုရွိလဲ။ ထန္တလန္ဘက္ကေတာ့ သြား လို႔မရဘူးလို႔ေတာ့ သိထားတာေပါ့ေနာ္။ ၿမိဳ႕အနီးနား တစ္ဝိုက္က အေျခအေနေတြေကာ ဘယ္လိုျမင္ရလဲ။ လုံၿခဳံေရးပိုင္းအေျခအေနေပါ့။
ေျဖ - လုံၿခဳံေရးကေတာ့တင္းၾကပ္ပါတယ္။ ဟားခါး ၿမိဳ႕မွာ။ ေတာ္ေတာ္ေလးတင္းၾကပ္ပါတယ္။ ဟိုတိုက္ပြဲ ျဖစ္ပြားတယ္ဆိုတာကလည္း ပထမ ညီေလးကိုေျပာျပ သလို ၿမိဳ႕ရဲ႕အဝင္အထြက္လမ္းေတြ အကုန္လုံးက ေဒသခံေတြက အကုန္ကြၽမ္းေနတယ္။ လက္ရွိ စစ္ သားေတြ၊ ရဲေတြ အသစ္ေတြကက်ေတာ့ မသိႏိုင္ဘူး ေလ။ အဲဒါေၾကာင့္မို႔လို႔ လုံၿခဳံေရးအရ တိုက္ပြဲျဖစ္ၿပီ ဆိုရင္ေတာ့ မလိုက္ႏိုင္တာေတြရွိတာေပါ့။ ခုနက ထန္ တလန္ဘက္က်ေတာ့ လုံးဝသြားလို႔မရေတာ့ဘူး။ မရ ေတာ့ဘူးဆိုတာ ထန္တလန္မွာ ဘာမွမရွိေတာ့ဘူး ေလ။ ထန္တလန္ကေတာ့ ၿမိဳ႕ပ်က္သြားၿပီျဖစ္တဲ့အ တြက္ ဒီဟားခါးၿမိဳ႕ တကၠသိုလ္ေက်ာ္သြားတာနဲ႔ လမ္း ေတာ့ရွိတယ္၊ သြားလို႔လည္း ဘာမွမရွိေတာ့ဘူးေလ။
ေမး - ဖလမ္းဘက္ကိုထပ္တက္ရင္ေကာ အေျခအ ေနဘယ္လိုရွိလဲ အစ္ကို။
ေျဖ - ဖလမ္းအထိေတာ့ သြားလို႔ရႏိုင္မယ္ထင္တယ္။ ဒါေပမဲ့ ဖလမ္းကလည္း လူငယ္ေတြသိမ္းထားတာဆို တဲ့အခါက်ေတာ့ အေရးအေၾကာင္းမရွိဘူးဆိုရင္ေတာ့ အဲဒီျပႆနာလည္းရွိတယ္။ အဲဒီဟားခါးနဲ႔ ဖလမ္းက လည္း သူတို႔ကမတည့္ၾကဘူး။ ဟို ခ်င္း မွတ္ပုံတင္ပုံစံ ခ်င္းေတာင္မွ တျခားေဘးမ်ဥ္းေစာင္း(ဟခန)မဟုတ္ ရင္ ဖလမ္းကိုဝင္လို႔ရတယ္ (ဟခန ဟားခါးတို႔ဆိုရင္ မရျပန္ဘူး။ အဲလိုပဲ ဟားခါးမွာလည္း လူငယ္ေတြက ဖမ္းၿပီဆိုရင္ ဖလမ္းဆိုရင္ ေတာ္ေတာ္ေလးအေျခအ ေနဆိုးတဲ့အေျခအေန ေရာက္သြားႏိုင္တယ္။ ဘယ္ခု ႏွစ္ ဘယ္ဘိုးေဘးေတြလက္ထက္က ျပႆနာလည္း မသိဘူးေပါ့။
ေမး - ဒါကေတာ့ ေနာက္ဆုံးေမးခြန္းေပါ့ေနာ္။ ဟား ခါးမွာရွိတဲ့ ေဒသခံေတြရဲ႕ လက္ရွိအေျခအေနအေပၚ သုံးသပ္မႈနဲ႔ ေနာက္လာမယ့္အေျခအေနေတြအေပၚ ေမွ်ာ္လင့္ခ်က္ေတြ ဘာေတြျမင္ရလဲ။ ေဒသခံတစ္ ေယာက္အေနနဲ႔ အဲဒါေလးလည္း သုံးသပ္ေပးပါဦး။
ေျဖ - တစ္ခ်က္က ပထမဦးဆုံး လူငယ္အဖြဲ႕အစည္း ေတြကိုေတာင္းဆိုခ်င္တာ ဘာလဲဆိုေတာ့ ဒီဘက္ အဖြဲ႕အစည္းႏွစ္ခု လက္ရွိအဖြဲ႕အစည္းႏွစ္ရပ္ကိုေျပာ ျပခ်င္တာက ခ်င္းအမ်ိဳးသားေန႔ပြဲကို မေႏွာင့္ယွက္ဖို႔ ပဲ။ ဘာျဖစ္လို႔လဲဆိုတဲ့အခါက်ေတာ့ ဒီဘက္အဖြဲ႕အ စည္းကလည္း တံခါးပိတ္ၿပီးေတာ့မွ သူတို႔နဲ႔နီးစပ္တဲ့ လူေတြကိုပဲ ဝင္လည္လို႔ရတဲ့ ခ်င္းအမ်ိဳးသားေန႔ ပြဲမ်ိဳး ပဲမျဖစ္ေစခ်င္သလို တစ္ဖက္အဖြဲ႕အစည္းကလည္း ကိုယ့္အမ်ိဳးသားေရးပြဲကို အေလးထားေပးေစခ်င္ တယ္။ သူတို႔လုပ္ႏိုင္ရင္လည္း ဒီဘက္အစိုးရက သူတို႔ကို ေႏွာင့္ယွက္မယ္လို႔ေတာ့မထင္ဘူး(ကြၽန္ ေတာ့္အျမင္ေပါ့ေနာ္)။ တရားဝင္ေတာ့ တစ္ခုခုရွိရမွာ ေပါ့ေနာ္။ ဥပမာ ငါတို႔ဒီေနရာမွာ ဒါလုပ္မယ္ေဟ့လို႔ ေျပာရင္ ေျပာလို႔လာလုပ္တယ္ဆိုရင္ေတာ့ ဒါတစ္မ်ိဳး ေပါ့။ အဲဒါဆိုရင္ေတာ့ လုပ္တဲ့အဖြဲ႕က ဆိုးတယ္လို႔ ကြၽန္ေတာ္သတ္မွတ္တယ္ေလ။ ဘာျဖစ္လို႔လဲဆိုေတာ့ ျမန္မာႏိုင္ငံမွာ ဒီ(၂၀၂၁)ကေနစၿပီးေတာ့မွ ခ်င္းအ မ်ိဳးသားေန႔ပြဲကို ကြၽန္ေတာ္တို႔ ဒီႏွစ္မွ ဒီေအာက္မွာ ျပန္က်င္းပတာေပါ့ေနာ္။ စည္စည္ကားကားေတာ့ မဟုတ္ဘူး။ အရင္ကဆိုရင္ ေဘာလုံးပြဲမွာ စည္စည္ ကားကားနဲ႔ သိုက္သိုက္ၿမိဳက္ၿမိဳက္က်င္းပခဲ့တာေပါ့ ေနာ္။ ဒါေပမဲ့ အခုဒီႏွစ္ကစၿပီး သူတို႔က်င္းပေပးတဲ့ အပြဲေလးကိုလည္း မေႏွာင့္ယွက္ေစခ်င္ဘူး။ ဒါက ဒီဘက္လူငယ္အဖြဲ႕အစည္းအတြက္။ ဒီဘက္ အစိုးရ အဖြဲ႕အစည္းကိုလည္း ေတာင္းဆိုခ်င္တာ ဘာလဲဆို ေတာ့ ဒီပြဲေလးကိုလည္း လုံၿခဳံေရးေသခ်ာ တင္းၾကပ္ ၿပီးေတာ့မွ အမ်ားျပည္သူၾကည့္ရႈလို႔ရေအာင္ စီစဥ္ ေပးေစခ်င္တယ္။ တံခါးပိတ္က်င္းပတာထက္ေပါ့ ေနာ္၊ လုံၿခဳံေရးကို တင္းၾကပ္ စည္းစနစ္တက်ခ်ၿပီး ေတာ့ေပါ့ေနာ္၊ အဲဒီလိုေလးျဖစ္ေစခ်င္တယ္။ေနာက္ တစ္ခုက ေဒသဖြံ႕ၿဖိဳးေရးနဲ႔ပတ္သက္လို႔ဆိုရင္ ဒါက ဒီအခ်ိန္မွာေတာ့ ဒီခ်င္းအမ်ိဳးသားေန႔ပြဲကို မေႏွာင့္ ယွက္ဖို႔ပဲေတာင္းဆိုခ်င္တာ။ ေနာက္တစ္ႀကိမ္ အင္တာဗ်ဴးမွာေတာ့ ေဒသဖြံ႕ၿဖိဳးေရးနဲ႔ ပတ္သက္လို႔ ေတာ့ ေျပာစရာေတြအမ်ားႀကီးရွိတယ္။ အစိုးရအေပၚ မႀကိဳက္တာေတြ၊ ေဒသဖြံ႕ၿဖိဳးေရးမွာ ကန႔္သတ္ခ်က္ရွိ တာေတြ၊ ေဒသဖြံ႕ၿဖိဳးေရးက လုပ္ေတာ့လုပ္တယ္ ဒါေပမဲ့ ေဒသခံေတြထက္ သူတို႔လက္ဝါးႀကီးအုပ္ ထားတဲ့အေၾကာင္းေတြကေတာ့ မေကာင္းဘူးလို႔ပဲ ေျပာခ်င္တယ္။ ေလာေလာဆယ္ေတာ့ ဒီေလာက္ပါပဲ။
ေမး - ေနာက္ဆုံးအေနနဲ႔ ဘာမ်ား ျဖည့္စြက္ေျပာခ်င္ ပါေသးလဲခင္ဗ်။
ေျဖ - အဓိကကေတာ့ ခ်င္းျပည္နယ္မွာ ကိုယ့္အမ်ိဳး သားေရးပြဲကိုေတာ့ မေႏွာင့္ယွက္ဖို႔ပါပဲ အဓိကက ေတာ့။ ဒီဘက္အစိုးရက (၂၀၂၁)ကေန (၅)ႏွစ္ ေတာင္ပိတ္ခဲ့ၿပီးၿပီ။ ဒီ (၆)ႏွစ္အၾကာမွာ လုပ္ေပးတဲ့ ပြဲေလ။