အရှေ့အလယ်ပိုင်းဒေသကနေ ချက်ချင်းထွက်ခွါလာကြဖို့ ၎င်းရဲ့နိုင်ငံသားတွေကို အမေရိကန်သတိပေး

 98

Pika(NP News)-မတ် ၄
အ‌ရှေ့အလယ်ပိုင်းဒေသက နိုင်ငံပေါင်းတစ်ဒါဇင်ကျော်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေအားလုံးကို နိုင်ငံတွင်းကနေ ချက်ချင်းထွက်ခွါကြဖို့ အရေးပေါ်သတိပေးချက်တစ်ခုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ရဲ့ ပစ်မှတ်တွေအပေါ် အီရန်ရဲ့ လက်စားချေတိုက်ခိုက်မှုတွေ ဆက်လက်မြင့်တက်လာချိန်မှာပဲ အမေရိကန်က ယခုလိုသတိပေးချက်‌တွေကို ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ဘေးကင်းလုံခြုံရေးဆိုင်ရာအန္တရာယ်တွေမြင့်တက်လာမှုကြောင့် ထွက်ခွါနိုင်တဲ့လေယာဉ်တွေနဲ့အတူ အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းက နိုင်ငံပေါင်းတစ်ဒါဇင်ကျော်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေအားလုံးကို နိုင်ငံတွင်းကနေ ချက်ချင်းထွက်ခွါဖို့ သတိပေးထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက” ဘာရိန်း၊ အီဂျစ်၊ အီရန်၊ အီရတ်၊ အစ္စရေး၊ အနောက်ဘက်ကမ်းခြေ၊ ဂါဇာ၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗျ၊ ဆီးရီးယား၊ယူအေအီးနဲ့ ယီမင်တို့မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေအားလုံးကို နိုင်ငံတွင်းကနေ ချက်ချင်းထွက်ခွါကြဖို့ တိုက်တွန်းထားပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီသေဆုံးမှုကို လက်စားချေတဲ့အနေနဲ့ ပင်လယ်ကွေ့တစ်ဝှမ်းမှာရှိတဲ့ အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေနဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို အီရန်က စတင်ပစ်မှတ်ထားတိုက်ခိုက်လာခဲ့ပြီးနောက် ယခုလိုမျိုး သတိပေးချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
အေရွ႕အလယ္ပိုင္းေဒသကေန ခ်က္ခ်င္းထြက္ခြါလာၾကဖို႔ ၎ရဲ႕ႏိုင္ငံသားေတြကို အေမရိကန္သတိေပး
Pika(NP News)-မတ္ ၄
အ‌ေရွ႕အလယ္ပိုင္းေဒသက ႏိုင္ငံေပါင္းတစ္ဒါဇင္ေက်ာ္မွာရွိတဲ့ အေမရိကန္ႏိုင္ငံသားေတြအားလုံးကို ႏိုင္ငံတြင္းကေန ခ်က္ခ်င္းထြက္ခြါၾကဖို႔ အေရးေပၚသတိေပးခ်က္တစ္ခုကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ ပစ္မွတ္ေတြအေပၚ အီရန္ရဲ႕ လက္စားေခ်တိုက္ခိုက္မႈေတြ ဆက္လက္ျမင့္တက္လာခ်ိန္မွာပဲ အေမရိကန္က ယခုလိုသတိေပးခ်က္‌ေတြကို ထုတ္ျပန္လာခဲ့တာျဖစ္ပါတယ္။ေဘးကင္းလုံၿခဳံေရးဆိုင္ရာအႏၲရာယ္ေတြျမင့္တက္လာမႈေၾကာင့္ ထြက္ခြါႏိုင္တဲ့ေလယာဥ္ေတြနဲ႔အတူ အေရွ႕အလယ္ပိုင္းေဒသတစ္ဝွမ္းက ႏိုင္ငံေပါင္းတစ္ဒါဇင္ေက်ာ္မွာရွိတဲ့ အေမရိကန္ႏိုင္ငံသားေတြအားလုံးကို ႏိုင္ငံတြင္းကေန ခ်က္ခ်င္းထြက္ခြါဖို႔ သတိေပးထားတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက” ဘာရိန္း၊ အီဂ်စ္၊ အီရန္၊ အီရတ္၊ အစၥေရး၊ အေနာက္ဘက္ကမ္းေျခ၊ ဂါဇာ၊ ေဂ်ာ္ဒန္၊ ကူဝိတ္၊ လက္ဘႏြန္၊ အိုမန္၊ ကာတာ၊ ေဆာ္ဒီအာေရးဗ်၊ ဆီးရီးယား၊ယူေအအီးနဲ႔ ယီမင္တို႔မွာရွိတဲ့ အေမရိကန္ႏိုင္ငံသားေတြအားလုံးကို ႏိုင္ငံတြင္းကေန ခ်က္ခ်င္းထြက္ခြါၾကဖို႔ တိုက္တြန္းထားပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီေသဆုံးမႈကို လက္စားေခ်တဲ့အေနနဲ႔ ပင္လယ္ေကြ႕တစ္ဝွမ္းမွာရွိတဲ့ အေမရိကန္ရဲ႕ စစ္အေျခစိုက္စခန္းေတြနဲ႔ ပိုင္ဆိုင္မႈေတြအားလုံးကို အီရန္က စတင္ပစ္မွတ္ထားတိုက္ခိုက္လာခဲ့ၿပီးေနာက္ ယခုလိုမ်ိဳး သတိေပးခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.