အီရန်ကို တရုတ်နဲ့ ရုရှားကူညီပေးနေဟုဆို

 5562

ဂျန်ဇက် (NP News) - မတ် ၇

​အီရန်စစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားက အီရန်ကို စစ်ရေးနဲ့ထောက်လှမ်းရေးအချက်အလက်တွေ ကူညီပေးနေတဲ့အပြင် တရုတ်နိုင်ငံကလည်း အီရန်ကို ဘဏ္ဍာရေးနဲ့ ဒုံးကျည်အစိတ်အပိုင်းတွေထောက်ပံ့ပေးဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက သုံးသပ်ထားပါတယ်။
ရုရှားဟာ အမေရိကန်စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ တည်နေရာ အတိအကျကိုအီရန်ထံ ပေးပို့ကူညီခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် တရုတ်နိုင်ငံကလည်း အီရန်အတွက် လိုအပ်တဲ့ ဘဏ္ဍာရေးအထောက်အပံ့တွေ၊ အပိုပစ္စည်းတွေနဲ့ ဒုံးကျည်အစိတ်အပိုင်းတွေကို ကူညီပေးဖို့ ပြင်ဆင်နေကြောင်း အမေရိကန်ထောက်လှမ်းရေးက ယုံကြည်နေပါတယ်။ တရုတ်ဟာ ရုရှားကဲ့သို့ လူသိရှင်ကြား မလုပ်ဆောင်ရဲဘဲ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကဏ္ဍ ထိခိုက်လာမှာကို စိုးရိမ်တဲ့အတွက် သတိထားနေရတယ်လို့ သ်ရပါတယ်။
တရုတ်နိုင်ငံဟာ အီရန် အပါအဝင် အရှေ့အလယ်ပိုင်းက ရေနံနဲ့သဘာဝဓာတ်ငွေ့ (LNG) တွေကို မှီခိုနေရတဲ့ နိုင်ငံဖြစ်ရာ ၎င်းတို့ရဲ့ရေနံတင်သွင်းမှု ၄၅ ရာခိုင်နှုန်းခန့်ဟာ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းနေရတာဖြစ်ပါတယ်။လက်ရှိ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြားဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ကမ္ဘာ့ရေနံတင်သင်္ဘောတွေဖြတ်သန်းရာ ဟောမုဇ့်ရေလက်ကြားကို အီရန်က ဖြတ်သန်းခွင့် ကန့်သတ်ပိတ်ဆို့ထားရာ ရေနံတင်သင်္ဘောအစီး (၃၀၀) ခန့်ဟာ ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေပါတယ်။

Zawgyi Version;
အီရန္ကို တ႐ုတ္နဲ႔ ႐ုရွားကူညီေပးေနဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၇
​အီရန္စစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားက အီရန္ကို စစ္ေရးနဲ႔ေထာက္လွမ္းေရးအခ်က္အလက္ေတြ ကူညီေပးေနတဲ့အျပင္ တ႐ုတ္ႏိုင္ငံကလည္း အီရန္ကို ဘ႑ာေရးနဲ႔ ဒုံးက်ည္အစိတ္အပိုင္းေတြေထာက္ပံ့ေပးဖို႔ ျပင္ဆင္ေနတယ္လို႔ အေမရိကန္ေထာက္လွမ္းေရးအသိုင္းအဝိုင္းက သုံးသပ္ထားပါတယ္။
႐ုရွားဟာ အေမရိကန္စစ္သေဘၤာေတြ၊ ေလယာဥ္ေတြနဲ႔ တပ္ဖြဲ႕ဝင္ေတြရဲ႕ တည္ေနရာ အတိအက်ကိုအီရန္ထံ ေပးပို႔ကူညီခဲ့တယ္လို႔ ဆိုပါတယ္။
ဒါအျပင္ တ႐ုတ္ႏိုင္ငံကလည္း အီရန္အတြက္ လိုအပ္တဲ့ ဘ႑ာေရးအေထာက္အပံ့ေတြ၊ အပိုပစၥည္းေတြနဲ႔ ဒုံးက်ည္အစိတ္အပိုင္းေတြကို ကူညီေပးဖို႔ ျပင္ဆင္ေနေၾကာင္း အေမရိကန္ေထာက္လွမ္းေရးက ယုံၾကည္ေနပါတယ္။ တ႐ုတ္ဟာ ႐ုရွားကဲ့သို႔ လူသိရွင္ၾကား မလုပ္ေဆာင္ရဲဘဲ ကမာၻ႔စြမ္းအင္ေထာက္ပံ့မႈက႑ ထိခိုက္လာမွာကို စိုးရိမ္တဲ့အတြက္ သတိထားေနရတယ္လို႔ သ္ရပါတယ္။
တ႐ုတ္ႏိုင္ငံဟာ အီရန္ အပါအဝင္ အေရွ႕အလယ္ပိုင္းက ေရနံနဲ႔သဘာဝဓာတ္ေငြ႕ (LNG) ေတြကို မွီခိုေနရတဲ့ ႏိုင္ငံျဖစ္ရာ ၎တို႔ရဲ႕ေရနံတင္သြင္းမႈ ၄၅ ရာခိုင္ႏႈန္းခန႔္ဟာ ေဟာ္မုဇ္ေရလက္ၾကားကေန ျဖတ္သန္းေနရတာျဖစ္ပါတယ္။လက္ရွိ အေမရိကန္၊ အစၥေရးနဲ႔ အီရန္တို႔ၾကားျဖစ္ပြားေနတဲ့ စစ္ေရးတင္းမာမႈေတြေၾကာင့္ ကမာၻ႔ေရနံတင္သေဘၤာေတြျဖတ္သန္းရာ ေဟာမုဇ့္ေရလက္ၾကားကို အီရန္က ျဖတ္သန္းခြင့္ ကန႔္သတ္ပိတ္ဆို႔ထားရာ ေရနံတင္သေဘၤာအစီး (၃၀၀) ခန႔္ဟာ ေရွ႕ဆက္မတိုးႏိုင္ဘဲ ပိတ္မိေနပါတယ္။

Related news

© 2021. All rights reserved.