အမေရိကန်-အီရန် စစ်မဖြစ်မီကပင် ဟုမ္မလင်းတွင် ကုန်ဈေးနှုန်းနှင့် ဆီဈေးကြောင့် ရွှေမျောလုပ်သူအရေအတွက် လျော့ကျ

 173

စိမ့်စမ်းရေ (NP News) - မတ် ၈

အမေရိကန် - အီရန် စစ်မဖြစ်မီကပင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ကုန်ဈေးနှုန်းနှင့် ဆီဈေး ကြောင့် ရွှေမျော လုပ်ကိုင်သူအရေအတွက် လျော့ကျနေကြောင်း ဒေသခံတစ်ဦးထံ NP News က ဆက်သွယ် မေးမြန်းချက်အရ သိရသည်။
ဟုမ္မလင်းမြို့နယ်သည် ရွှေထွက်သည့် နေရာများ ရှိသော်လည်း ယင်းမြို့နယ်တွင် PDF များလည်းရှိနေရာ ဒေသခံများအနေဖြင့် ကုန်းလမ်း ထက်လေယာဉ်လမ်းကြောင်းကို ပိုမို အားထားနေရ ကြောင်းသိရသည်။
“လုပ်ငန်းအခြေအနေက တအားကြီး မကောင်းဘူး။ မကောင်းဘူးဆိုတာက အဲဒီကုန် ဈေးနှုန်းကြီးနေတာက တစ်ကြောင်း နောက်ပြီးကျ တော့ဆီပေါ့။ ဆီကလိုသလောက်မရဘူး။ ဈေးတွေက တအားမြင့်တော့ အခုဟာက ဟိုးဘက် တခြား ဗန်းမော်တို့ တခြားဘက်တွေရွှေ့သွားကြတာ အများကြီးပဲ”ဟု ၎င်းကပြောသည်။ ထို့ပြင် အခြား တစ်ဖက်တွင်လည်း စက်လှေကြီးများ ဝင်ရောက်ရန် အခက်အခဲများရှိနေသည့်အတွက် ခပ်လှေငယ် များဖြင့် အဆိုပါ လုပ်ငန်းများအတွက် သယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်နေကြရကြောင်း သိရသည်။
ဟုမ္မလင်းဒေသရှိ ရွှေလုပ်ငန်းများသည် တပ်မတော်ထိန်းချုပ်နယ်မြေများနှင့် PDF အဖွဲ့များ ထိန်းချုပ်ရာ နယ်မြေတို့တွင် ပြန့်ကျဲတည်ရှိနေကြောင်း သိရသည်။
“အခု အစိုးရထိန်းချုပ်တဲ့နယ်မြေဆို ပေမယ့်လည်း အစိုးရ အနေနဲ့က တရားဝင်ချပေး ထားတာမျိုးမရှိဘူး။ ဟုမ္မလင်းမှာ အဲဒီလိုပဲ တူးကြရတာပေါ့နော်။ အဆင်ပြေသလို ညှိနှိုင်း ပြီးမှ တူးနေကြတာမျိုးရှိတာပေါ့နော်။ ဒေသခံကျတော့လည်း အဲဒါပဲလုပ်တာဆိုတော့ ခွင့်မပြုလည်း ခိုး လုပ်ကြ မယ့်အနေအထားဖြစ်နေတယ်” ၎င်းက ဆိုသည်။

Zawgyi Version;
အေမရိကန္-အီရန္ စစ္မျဖစ္မီကပင္ ဟုမၼလင္းတြင္ ကုန္ေဈးႏႈန္းႏွင့္ ဆီေဈးေၾကာင့္ ေ႐ႊေမ်ာလုပ္သူအေရအတြက္ ေလ်ာ့က်
စိမ့္စမ္းေရ (NP News) - မတ္ ၈
အေမရိကန္ - အီရန္ စစ္မျဖစ္မီကပင္ စစ္ကိုင္းတိုင္းေဒသႀကီး ဟုမၼလင္းၿမိဳ႕နယ္တြင္ ကုန္ေဈးႏႈန္းႏွင့္ ဆီေဈး ေၾကာင့္ ေ႐ႊေမ်ာ လုပ္ကိုင္သူအေရအတြက္ ေလ်ာ့က်ေနေၾကာင္း ေဒသခံတစ္ဦးထံ NP News က ဆက္သြယ္ ေမးျမန္းခ်က္အရ သိရသည္။
ဟုမၼလင္းၿမိဳ႕နယ္သည္ ေ႐ႊထြက္သည့္ ေနရာမ်ား ရွိေသာ္လည္း ယင္းၿမိဳ႕နယ္တြင္ PDF မ်ားလည္းရွိေနရာ ေဒသခံမ်ားအေနျဖင့္ ကုန္းလမ္း ထက္ေလယာဥ္လမ္းေၾကာင္းကို ပိုမို အားထားေနရ ေၾကာင္းသိရသည္။
“လုပ္ငန္းအေျခအေနက တအားႀကီး မေကာင္းဘူး။ မေကာင္းဘူးဆိုတာက အဲဒီကုန္ ေဈးႏႈန္းႀကီးေနတာက တစ္ေၾကာင္း ေနာက္ၿပီးက် ေတာ့ဆီေပါ့။ ဆီကလိုသေလာက္မရဘူး။ ေဈးေတြက တအားျမင့္ေတာ့ အခုဟာက ဟိုးဘက္ တျခား ဗန္းေမာ္တို႔ တျခားဘက္ေတြေ႐ႊ႕သြားၾကတာ အမ်ားႀကီးပဲ”ဟု ၎ကေျပာသည္။ ထို႔ျပင္ အျခား တစ္ဖက္တြင္လည္း စက္ေလွႀကီးမ်ား ဝင္ေရာက္ရန္ အခက္အခဲမ်ားရွိေနသည့္အတြက္ ခပ္ေလွငယ္ မ်ားျဖင့္ အဆိုပါ လုပ္ငန္းမ်ားအတြက္ သယ္ယူပို႔ေဆာင္ေရးကို ေဆာင္႐ြက္ေနၾကရေၾကာင္း သိရသည္။
ဟုမၼလင္းေဒသရွိ ေ႐ႊလုပ္ငန္းမ်ားသည္ တပ္မေတာ္ထိန္းခ်ဳပ္နယ္ေျမမ်ားႏွင့္ PDF အဖြဲ႕မ်ား ထိန္းခ်ဳပ္ရာ နယ္ေျမတို႔တြင္ ျပန႔္က်ဲတည္ရွိေနေၾကာင္း သိရသည္။
“အခု အစိုးရထိန္းခ်ဳပ္တဲ့နယ္ေျမဆို ေပမယ့္လည္း အစိုးရ အေနနဲ႔က တရားဝင္ခ်ေပး ထားတာမ်ိဳးမရွိဘူး။ ဟုမၼလင္းမွာ အဲဒီလိုပဲ တူးၾကရတာေပါ့ေနာ္။ အဆင္ေျပသလို ညႇိႏႈိင္း ၿပီးမွ တူးေနၾကတာမ်ိဳးရွိတာေပါ့ေနာ္။ ေဒသခံက်ေတာ့လည္း အဲဒါပဲလုပ္တာဆိုေတာ့ ခြင့္မျပဳလည္း ခိုး လုပ္ၾက မယ့္အေနအထားျဖစ္ေနတယ္” ၎က ဆိုသည္။

Related news

© 2021. All rights reserved.