အီရန်မြေပုံ အရင်အတိုင်း ဆက်ရှိရန် မဖြစ်နိုင်ဟု အမေရိကန်သမ္မတ ပြော

 336

ဂျန်ဇက် (NP News) - မတ် ၈

စစ်ပွဲအလွန် အီရန်နိုင်ငံ၏ နယ်နိမိတ်မြေပုံသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြောဆိုလိုက်သည်။သတင်းထောက်တစ်ဦးက "စစ်ပွဲအပြီးတွင် အီရန်မြေပုံက လက်ရှိအတိုင်း ဆက်ရှိနေမည်ဟု ထင်ပါသလား" ဟု မေးမြန်းချိန်အတွင်း အမေရိကန်က သမ္မတက ယင်းကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတက "အဲဒါတော့ ကျုပ် အတိအကျမပြောနိုင်ဘူး။ (အရင်လို) ဖြစ်နိုင်လောက်တော့ဘူး" ဟု ဖြေကြားခဲ့သည်။ အီရန်အတွင်းရှိ ကာ့ဒ်လက်နက်ကိုင်အဖွဲ့အစည်းများသည် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများနှင့်အချိန်ကိုက်ဆိုသလို စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (CIA) သည် အီရန်ရှိ ကာ့ဒ်တပ်ဖွဲ့များကို လက်နက်တပ်ဆင်ပေးနေကြောင်း သတင်းထွက်ပေါ်နေပြီး၊
အမေရိကန်သမ္မတ ကိုယ်တိုင်ကလည်းကာ့ဒ်ခေါင်းဆောင်များနှင့် ဖုန်းအဆက်အသွယ် ရှိခဲ့ကြောင်းသိရသည်။ အီရန်အစိုးရပြုတ်ကျသွားပြီး ကာ့ဒ်လူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (သို့မဟုတ်) နိုင်ငံသစ်တစ်ခု ပေါ်ပေါက်လာပါက အရှေ့အလယ်ပိုင်းတစ်ခုလုံး လက်နက်ကိုင်ပဋီပက္ခဖြစ်ပွားမှု အရှိန်ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ကွန်ဂရက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန် အမတ်အများစုသည် အမေရိကန်သမ္မတ၏ အီရန်အပေါ် စစ်ရေးအရေးယူမှုများကို ထောက်ခံအားပေးနေကြသည်။ အမေရိကန်သမ္မတ က စစ်ပွဲတွင် ၎င်းတို့အနိုင်ရသွားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
အမေရိကန်သည် အီရန်နှင့်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ၈ရက်အတွင်းတွင် အီရန်နိုင်ငံရှိ ပစ်မှတ်ပေါင်း (၃၀၀၀) ကျော်အပြင် အီရန်စစ်သင်္ဘော နှင့် ရေငုပ်သင်္ဘော စုစုပေါင်း (၄၃) စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;

အီရန္ေျမပုံ အရင္အတိုင္း ဆက္ရွိရန္ မျဖစ္ႏိုင္ဟု အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၈
စစ္ပြဲအလြန္ အီရန္ႏိုင္ငံ၏ နယ္နိမိတ္ေျမပုံသည္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေျပာဆိုလိုက္သည္။သတင္းေထာက္တစ္ဦးက "စစ္ပြဲအၿပီးတြင္ အီရန္ေျမပုံက လက္ရွိအတိုင္း ဆက္ရွိေနမည္ဟု ထင္ပါသလား" ဟု ေမးျမန္းခ်ိန္အတြင္း အေမရိကန္က သမၼတက ယင္းကဲ့သို႔ တုံ႔ျပန္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေမရိကန္သမၼတက "အဲဒါေတာ့ က်ဳပ္ အတိအက်မေျပာႏိုင္ဘူး။ (အရင္လို) ျဖစ္ႏိုင္ေလာက္ေတာ့ဘူး" ဟု ေျဖၾကားခဲ့သည္။ အီရန္အတြင္းရွိ ကာ့ဒ္လက္နက္ကိုင္အဖြဲ႕အစည္းမ်ားသည္ အေမရိကန္-အစၥေရး တိုက္ခိုက္မႈမ်ားႏွင့္အခ်ိန္ကိုက္ဆိုသလို စစ္ေရးလႈပ္ရွားမႈမ်ား ျပဳလုပ္ရန္ ျပင္ဆင္ေနၾကေၾကာင္း သိရသည္။ ထို႔ျပင္ အေမရိကန္ေထာက္လွမ္းေရးေအဂ်င္စီ (CIA) သည္ အီရန္ရွိ ကာ့ဒ္တပ္ဖြဲ႕မ်ားကို လက္နက္တပ္ဆင္ေပးေနေၾကာင္း သတင္းထြက္ေပၚေနၿပီး၊
အေမရိကန္သမၼတ ကိုယ္တိုင္ကလည္းကာ့ဒ္ေခါင္းေဆာင္မ်ားႏွင့္ ဖုန္းအဆက္အသြယ္ ရွိခဲ့ေၾကာင္းသိရသည္။ အီရန္အစိုးရျပဳတ္က်သြားၿပီး ကာ့ဒ္လူမ်ိဳးမ်ားအတြက္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (သို႔မဟုတ္) ႏိုင္ငံသစ္တစ္ခု ေပၚေပါက္လာပါက အေရွ႕အလယ္ပိုင္းတစ္ခုလုံး လက္နက္ကိုင္ပဋီပကၡျဖစ္ပြားမႈ အရွိန္ပိုမိုျမင့္တက္လာဖြယ္ရွိေနေၾကာင္း သိရသည္။

လက္ရွိတြင္ ကြန္ဂရက္လႊတ္ေတာ္ရွိ ရီပတ္ဘလစ္ကန္ အမတ္အမ်ားစုသည္ အေမရိကန္သမၼတ၏ အီရန္အေပၚ စစ္ေရးအေရးယူမႈမ်ားကို ေထာက္ခံအားေပးေနၾကသည္။ အေမရိကန္သမၼတ က စစ္ပြဲတြင္ ၎တို႔အႏိုင္ရသြားခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားေသာ္လည္း တိုက္ခိုက္မႈမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရသည္။
အေမရိကန္သည္ အီရန္ႏွင့္စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း ၈ရက္အတြင္းတြင္ အီရန္ႏိုင္ငံရွိ ပစ္မွတ္ေပါင္း (၃၀၀၀) ေက်ာ္အျပင္ အီရန္စစ္သေဘၤာ ႏွင့္ ေရငုပ္သေဘၤာ စုစုေပါင္း (၄၃) စင္းကို ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.