အီရန်နှင့်စစ်ဖြစ်နေချိန်တွင် အမေရိကန်က တတိယမြောက် လေယာဉ်တင်သင်္ဘောကြီး ထပ်မံစေလွှတ်

 3797

Pika (NP News) - မတ် ၉

အမေရိကန်သည် ၎င်း၏ တတိယမြောက် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးဖြစ်သော USS George H.W. Bush CVN-77 ဦးဆောင်သည့်တိုက်ခိုက်ရေးရေယာဉ်စုကိုမြေထဲပင်လယ်သို့ ထပ်မံ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနကြီးများက အတည်ပြုဖော်ပြလိုက်သည်။ အဆိုပါလုပ်ရပ် သည် အရှေ့ အလယ်ပိုင်းဒေသတွင်း အီရန်အစိုးရ၏ စစ်ရေးလှုပ်ရှားမှုများကို ဟန့်တားရန် နှင့် လိုအပ်ပါက အပြင်းထန်ဆုံး တုံ့ပြန်နိုင်ရန် အမေရိကန်၏ သမိုင်းဝင် စစ်ရေးအင်အားပြသမှုဖြစ်လာဖွယ်ရှိနေသည်။
အမေရိကန်သည် လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်ရေပြင်များ၌ အမေရိကန်၏ ဧရာမ လေယာဉ် တင်သင်္ဘောကြီးများ ဖြစ်သော USS Abraham Lincoln နှင့် USS Gerald R. Ford တို့ရှိနေပြီး USS George H.W. Bush ပါ ထပ်မံပူးပေါင်းပါက ဒေသတစ်ခုတည်းတွင် အမေရိကန်လေယာဉ်တင်သင်္ဘောကြီး သုံးစီး တစ်ပြိုင်နက် တည်း တာဝန်ထမ်းဆောင်မည့် ဆယ်စုနှစ်များစွာအတွင်းအကြီးမားဆုံးသော ရေတပ်စစ်ရေးလှုပ်ရှားမှုကြီး ဖြစ်လာ မည်ဖြစ်ကြောင်း သိရသည်။
လေယာဉ်တင်သင်္ဘောတစ်စီးစီတွင် အဆင့်မြင့်တိုက်ခိုက်ရေးလေယာဉ် ဒါဇင်ပေါင်းများစွာ၊ ခရုဇ်ဒုံးကျည်တပ်ဆင် ထားသော ဖျက်သင်္ဘောများ နှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပါဝင်သဖြင့် အမေရိကန်ရေတပ်၏ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်းသိရသည်။အဆိုပါ လေယာဉ်တင် သင်္ဘောသည် အခြားမဟာမိတ်တပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားဖွယ်ရှိနေရာ အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေးအခင်းအကျင်းက နေ့စဉ်နှင့်အမျှ ပြောင်းလဲလျက်ရှိပြီး ယခုကဲ့သို့ အမေရိကန်၏ စစ်ရေးအင်အား အလုံးအရင်းထပ်မံဖြည့်တင်းလိုက်ခြင်းကြောင့် ဒေသတွင်းပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်မှု မြင့်တက်နေကြောင်း သိရသည်။ အမေရိကန်သည် အီရန်နှင့်စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ၈ရက်အတွင်းတွင် အီရန်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၃ဝဝဝ ကျော်အပြင် အီရန်စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘော စုစုပေါင်း ၄၃ စင်းကို ထိခိုက် ပျက်စီး (သို့မဟုတ်) အပြီးတိုင် ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။ အမေရိကန်တပ်ဖွဲ့များသည် အီရန်၏ အသက် သွေးကြောကွပ်ကဲရေး နှင့် ထိန်းချုပ်ရေးစင်တာများ၊ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ပူးတွဲ ဌာနချုပ်များနှင့် လေကြောင်းအာကာသတပ်ဖွဲ့ ဌာနချုပ်များ လေကြောင်းရန်ကာကွယ်ရေး စနစ်များနှင့် ပဲ့ထိန်း ဒုံးကျည်စခန်းများ ၊ ရေတပ်စခန်းများ၊ ရေငုပ်သင်္ဘောများ နှင့် သင်္ဘောဖျက် ဒုံးကျည်စခန်းများ၊ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး ကွန်ရက်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အီရန္ႏွင့္စစ္ျဖစ္ေနခ်ိန္တြင္ အေမရိကန္က တတိယေျမာက္ ေလယာဥ္တင္သေဘၤာႀကီး ထပ္မံေစလႊတ္
Pika (NP News) - မတ္ ၉
အေမရိကန္သည္ ၎၏ တတိယေျမာက္ န်ဴကလီးယားစြမ္းအင္သုံး ေလယာဥ္တင္သေဘၤာႀကီးျဖစ္ေသာ USS George H.W. Bush CVN-77 ဦးေဆာင္သည့္တိုက္ခိုက္ေရးေရယာဥ္စုကိုေျမထဲပင္လယ္သို႔ ထပ္မံ ေစလႊတ္လိုက္ၿပီ ျဖစ္ေၾကာင္း ႏိုင္ငံတကာ သတင္းဌာနႀကီးမ်ားက အတည္ျပဳေဖာ္ျပလိုက္သည္။ အဆိုပါလုပ္ရပ္ သည္ အေရွ႕ အလယ္ပိုင္းေဒသတြင္း အီရန္အစိုးရ၏ စစ္ေရးလႈပ္ရွားမႈမ်ားကို ဟန႔္တားရန္ ႏွင့္ လိုအပ္ပါက အျပင္းထန္ဆုံး တုံ႔ျပန္ႏိုင္ရန္ အေမရိကန္၏ သမိုင္းဝင္ စစ္ေရးအင္အားျပသမႈျဖစ္လာဖြယ္ရွိေနသည္။
အေမရိကန္သည္ လက္ရွိအခ်ိန္တြင္ အေရွ႕အလယ္ပိုင္းႏွင့္ ဆက္စပ္ေရျပင္မ်ား၌ အေမရိကန္၏ ဧရာမ ေလယာဥ္ တင္သေဘၤာႀကီးမ်ား ျဖစ္ေသာ USS Abraham Lincoln ႏွင့္ USS Gerald R. Ford တို႔ရွိေနၿပီး USS George H.W. Bush ပါ ထပ္မံပူးေပါင္းပါက ေဒသတစ္ခုတည္းတြင္ အေမရိကန္ေလယာဥ္တင္သေဘၤာႀကီး သုံးစီး တစ္ၿပိဳင္နက္ တည္း တာဝန္ထမ္းေဆာင္မည့္ ဆယ္စုႏွစ္မ်ားစြာအတြင္းအႀကီးမားဆုံးေသာ ေရတပ္စစ္ေရးလႈပ္ရွားမႈႀကီး ျဖစ္လာ မည္ျဖစ္ေၾကာင္း သိရသည္။
ေလယာဥ္တင္သေဘၤာတစ္စီးစီတြင္ အဆင့္ျမင့္တိုက္ခိုက္ေရးေလယာဥ္ ဒါဇင္ေပါင္းမ်ားစြာ၊ ခ႐ုဇ္ဒုံးက်ည္တပ္ဆင္ ထားေသာ ဖ်က္သေဘၤာမ်ား ႏွင့္ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာမ်ား ပါဝင္သျဖင့္ အေမရိကန္ေရတပ္၏ ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းမွာ အျမင့္ဆုံးအဆင့္သို႔ ေရာက္ရွိသြားၿပီ ျဖစ္ေၾကာင္းသိရသည္။အဆိုပါ ေလယာဥ္တင္ သေဘၤာသည္ အျခားမဟာမိတ္တပ္ဖြဲ႕မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္သြားဖြယ္ရွိေနရာ အေရွ႕အလယ္ပိုင္း ပထဝီႏိုင္ငံေရးအခင္းအက်င္းက ေန႔စဥ္ႏွင့္အမွ် ေျပာင္းလဲလ်က္ရွိၿပီး ယခုကဲ့သို႔ အေမရိကန္၏ စစ္ေရးအင္အား အလုံးအရင္းထပ္မံျဖည့္တင္းလိုက္ျခင္းေၾကာင့္ ေဒသတြင္းပဋိပကၡမ်ား ပိုမိုက်ယ္ျပန႔္လာမည္ကို စိုးရိမ္မႈ ျမင့္တက္ေနေၾကာင္း သိရသည္။ အေမရိကန္သည္ အီရန္ႏွင့္စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ၈ရက္အတြင္းတြင္ အီရန္ႏိုင္ငံရွိ ပစ္မွတ္ေပါင္း ၃ဝဝဝ ေက်ာ္အျပင္ အီရန္စစ္သေဘၤာႏွင့္ ေရငုပ္သေဘၤာ စုစုေပါင္း ၄၃ စင္းကို ထိခိုက္ ပ်က္စီး (သို႔မဟုတ္) အၿပီးတိုင္ ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္းသိရသည္။ အေမရိကန္တပ္ဖြဲ႕မ်ားသည္ အီရန္၏ အသက္ ေသြးေၾကာကြပ္ကဲေရး ႏွင့္ ထိန္းခ်ဳပ္ေရးစင္တာမ်ား၊ အစၥလာမၼစ္ေတာ္လွန္ေရးအေစာင့္တပ္ (IRGC) ပူးတြဲ ဌာနခ်ဳပ္မ်ားႏွင့္ ေလေၾကာင္းအာကာသတပ္ဖြဲ႕ ဌာနခ်ဳပ္မ်ား ေလေၾကာင္းရန္ကာကြယ္ေရး စနစ္မ်ားႏွင့္ ပဲ့ထိန္း ဒုံးက်ည္စခန္းမ်ား ၊ ေရတပ္စခန္းမ်ား၊ ေရငုပ္သေဘၤာမ်ား ႏွင့္ သေဘၤာဖ်က္ ဒုံးက်ည္စခန္းမ်ား၊ စစ္ဘက္ဆိုင္ရာ ဆက္သြယ္ေရး ကြန္ရက္မ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.