အစ္စရေးကို ပေါင်(၁ဝဝဝ)ဗုံးတွေ အရေးပေါ်ရောင်းချပေးဖို့ အမေရိကန် အတည်ပြု

 341

Pika (NP News) - မတ် ၉
အစ္စရေးကို ပေါင်(၁၀၀၀)ဗုံးတွေ အရေးပေါ်ရောင်းချပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ တယ်လို့ သိရပါတယ်။ ခန့်မှန်းခြေအနေနဲ့ အမေရိကန်ဒေါ်လာ(၁၅၁ ဒသမ ၈) သန်း တန်ဖိုးရှိတဲ့စာချုပ်မှာ အစ္စရေးက တောင်းဆိုထားတဲ့ BLU-110A/B ဗုံးအလုံးရေ(၁၂၀၀၀)ပါဝင်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အီရန်အပေါ်တိုက်ခိုက်မှုအသစ်တွေကို လုပ်ဆောင်သွားမယ်လို့ အမေရိကန်နဲ့အစ္စရေးတို့က ကတိပြုပြောဆို နေချိန်မှာပဲ ယခုလိုထုတ်ပြန်ကြေညာမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် လက်ရှိကိစ္စရဲ့ အရေးကြီးတဲ့ သဘောသဘာဝကြောင့် လက်နက်တင်ပို့မှုထိန်းချုပ်ရေးအက်ဥပဒေအရ လွှတ်တော်ရဲ့ ပြန်လည်သုံးသပ်မှု လိုအပ်ချက်တွေကို ကျော်ပစ်လိုက်လို့ရတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက “အဆိုပြုထားတဲ့ဒီရောင်းချမှုဟာ အရှေ့အလယ်ပိုင်းမှာ နိုင်ငံရေး တည်ငြိမ်မှုနဲ့ စီးပွားရေးတိုးတက်မှုတို့အတွက် အ‌ရေးကြီးတဲ့အရာတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီရောင်းချမှုက မဟာဗျူဟာမြောက်ဒေသတွင်းမိတ်ဖက်နိုင်ငံရဲ့လုံခြုံရေးကို တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးမှာ ဖြစ်ပြီး အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့အမျိုးသားလုံခြုံရေးတို့အတွက် အထောက်အကူဖြစ်စေမှာလည်း ဖြစ်ပါတယ်။ ဒီရောင်းချမှုဟာ လက်ရှိနဲ့အနာဂါတ်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အစ္စရေးရဲ့စွမ်းရည်ကို မြှင့်တင်ပေးမှာဖြစ်ပြီး ဒေသတွင်းခြိမ်းခြောက်မှုတွေကို တားဆီးစေနိုင်မှာပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အစၥေရးကို ေပါင္(၁ဝဝဝ)ဗုံးေတြ အေရးေပၚေရာင္းခ်ေပးဖို႔ အေမရိကန္ အတည္ျပဳ
Pika (NP News) - မတ္ ၉
အစၥေရးကို ေပါင္(၁၀၀၀)ဗုံးေတြ အေရးေပၚေရာင္းခ်ေပးဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳခဲ့ တယ္လို႔ သိရပါတယ္။ ခန႔္မွန္းေျခအေနနဲ႔ အေမရိကန္ေဒၚလာ(၁၅၁ ဒသမ ၈) သန္း တန္ဖိုးရွိတဲ့စာခ်ဳပ္မွာ အစၥေရးက ေတာင္းဆိုထားတဲ့ BLU-110A/B ဗုံးအလုံးေရ(၁၂၀၀၀)ပါဝင္တယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
အီရန္အေပၚတိုက္ခိုက္မႈအသစ္ေတြကို လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္နဲ႔အစၥေရးတို႔က ကတိျပဳေျပာဆို ေနခ်ိန္မွာပဲ ယခုလိုထုတ္ျပန္ေၾကညာမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ လက္ရွိကိစၥရဲ႕ အေရးႀကီးတဲ့ သေဘာသဘာဝေၾကာင့္ လက္နက္တင္ပို႔မႈထိန္းခ်ဳပ္ေရးအက္ဥပေဒအရ လႊတ္ေတာ္ရဲ႕ ျပန္လည္သုံးသပ္မႈ လိုအပ္ခ်က္ေတြကို ေက်ာ္ပစ္လိုက္လို႔ရတယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “အဆိုျပဳထားတဲ့ဒီေရာင္းခ်မႈဟာ အေရွ႕အလယ္ပိုင္းမွာ ႏိုင္ငံေရး တည္ၿငိမ္မႈနဲ႔ စီးပြားေရးတိုးတက္မႈတို႔အတြက္ အ‌ေရးႀကီးတဲ့အရာတစ္ခုျဖစ္လာမွာပဲျဖစ္ပါတယ္။ ၿပီးေတာ့ ဒီေရာင္းခ်မႈက မဟာဗ်ဴဟာေျမာက္ေဒသတြင္းမိတ္ဖက္ႏိုင္ငံရဲ႕လုံၿခဳံေရးကို တိုးတက္ေကာင္းမြန္ေစဖို႔ ကူညီေပးမွာ ျဖစ္ၿပီး အေမရိကန္ရဲ႕ႏိုင္ငံျခားေရးမူဝါဒနဲ႔အမ်ိဳးသားလုံၿခဳံေရးတို႔အတြက္ အေထာက္အကူျဖစ္ေစမွာလည္း ျဖစ္ပါတယ္။ ဒီေရာင္းခ်မႈဟာ လက္ရွိနဲ႔အနာဂါတ္ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ဖို႔ အစၥေရးရဲ႕စြမ္းရည္ကို ျမႇင့္တင္ေပးမွာျဖစ္ၿပီး ေဒသတြင္းၿခိမ္းေျခာက္မႈေတြကို တားဆီးေစႏိုင္မွာပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.