အီရန်နဲ့စစ်ပွဲကို အနိုင်ရရှိဖို့အတွက် ဗြိတိန်ရဲ့အကူအညီကို မလိုအပ်ဘူးလို့ ဒေါ်နယ်ထရမ့် ထုတ်ပြောလာ

346

Pika (NP News) - မတ် ၉
အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အနိုင်ရဖို့အတွက် မိတ်ဖက်တစ်ချို့ရဲ့အကူအညီတွေကို အမေရိကန်က မလိုအပ်ဘူး လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဗြိတိန်အစိုးရက အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောနှစ်စီးစေလွှတ်ဖို့ အလေးအနက်ထားစဉ်းစား နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာချိန်မှာပဲ ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အီရန်ကို တိုက်ခိုက်ဖို့အတွက် ဗြိတိန်အခြေစိုက်စခန်းတွေကို အမေရိကန်ကိုအသုံးပြုခွင့်ပေးဖို့ ဗြိတိန်ဘက်က ငြင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေစတင်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။
အီရန်ကို တိုက်ခိုက်ရာမှာ ဗြိတိန်အခြေစိုက်စခန်းတွေကို အမေရိကန်ကို အသုံးပြုခွင့်ပေးဖို့ ဗြိတိန်အစိုးရက နောက်ပိုင်းမှာ ပြန်လည်ဆုံးဖြတ်ခဲ့ပေမယ့်လည်း တင်းမာမှုတွေကတော့ ဆက်လက်ကျန်ရှိနေဆဲဖြစ်တယ်လို့ လည်း သိရပါတယ်။
ဒါ့ပြင် အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း ဗြိတိန်က ထောက်ခံမှုတွေမရှိတာကို အမှတ်ရနေမယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အနိုင်ရဖို့ အတွက် မဟာမိတ်အချို့ရဲ့အကူအညီကို အမေရိကန်က မလိုအပ်ပါဘူး။ ဗြိတိန်အစိုးရရဲ့လုပ်ရပ်တွေကို ကျွန်တော် တို့ အမှတ်ရနေမှာပါ” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
အီရန္နဲ႔စစ္ပြဲကို အႏိုင္ရရွိဖို႔အတြက္ ၿဗိတိန္ရဲ႕အကူအညီကို မလိုအပ္ဘူးလို႔ ေဒၚနယ္ထရမ့္ ထုတ္ေျပာလာ
Pika (NP News) - မတ္ ၉
အီရန္နဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အႏိုင္ရဖို႔အတြက္ မိတ္ဖက္တစ္ခ်ိဳ႕ရဲ႕အကူအညီေတြကို အေမရိကန္က မလိုအပ္ဘူး လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ၿဗိတိန္အစိုးရက အေရွ႕အလယ္ပိုင္းေဒသကို ေလယာဥ္တင္သေဘၤာႏွစ္စီးေစလႊတ္ဖို႔ အေလးအနက္ထားစဥ္းစား ေနတယ္ဆိုတဲ့သတင္းေတြထြက္ေပၚလာခ်ိန္မွာပဲ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အီရန္ကို တိုက္ခိုက္ဖို႔အတြက္ ၿဗိတိန္အေျခစိုက္စခန္းေတြကို အေမရိကန္ကိုအသုံးျပဳခြင့္ေပးဖို႔ ၿဗိတိန္ဘက္က ျငင္းဆိုခဲ့တာနဲ႔ပတ္သက္ၿပီး ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြစတင္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။
အီရန္ကို တိုက္ခိုက္ရာမွာ ၿဗိတိန္အေျခစိုက္စခန္းေတြကို အေမရိကန္ကို အသုံးျပဳခြင့္ေပးဖို႔ ၿဗိတိန္အစိုးရက ေနာက္ပိုင္းမွာ ျပန္လည္ဆုံးျဖတ္ခဲ့ေပမယ့္လည္း တင္းမာမႈေတြကေတာ့ ဆက္လက္က်န္ရွိေနဆဲျဖစ္တယ္လို႔ လည္း သိရပါတယ္။
ဒါ့ျပင္ အီရန္နဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲအတြင္း ၿဗိတိန္က ေထာက္ခံမႈေတြမရွိတာကို အမွတ္ရေနမယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “အီရန္နဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အႏိုင္ရဖို႔ အတြက္ မဟာမိတ္အခ်ိဳ႕ရဲ႕အကူအညီကို အေမရိကန္က မလိုအပ္ပါဘူး။ ၿဗိတိန္အစိုးရရဲ႕လုပ္ရပ္ေတြကို ကြၽန္ေတာ္ တို႔ အမွတ္ရေနမွာပါ” လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။