CNG Taxi သုံးယာဉ်များ မှ ငှားရမ်းခတိုးမြှင့်တောင်းခံပါက CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်မည်ဟုဆို

281

ထိုက်စံ(NP News)-မတ် ၁၆
CNG Taxi သုံးယာဉ်များ မှ ငှားရမ်းခတိုးမြှင့်တောင်းခံပါက CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၏ ပြောကြားချက်အရ သိရသည်။
စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များမှ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိရာ ယမန့်နေ့(မတ် ၁၅ ရက်)က စွမ်းအင်ဝန်းကြီးဌာနတွင် ကျင်းပခဲ့သည့် ပြည်သူများ အမှန်တကယ် အကျိုးခံစားခွင့်ရရှိစေရေးနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ဝန်ကြီးမှ စက်သုံးဆီခြိုးခြံချွေတာနိုင်ရေးတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးသည် အဓိကကျကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့ (CNG) များကို မပြောင်းလဲသော ဈေးနှုန်းဖြစ်သည့် ၁ ကီလိုဂရမ်လျှင် (၂၇၃) ကျပ် (၂၅) ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ရောင်းချပေးနေကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချပေးနေသော ဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာနေကြောင်း၊ စက်စွမ်းအားတူညီသည့် မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် CNG တို့အား တူညီခရီးအကွာအဝေးအတွက် လောင်စာဆီကုန်ကျစရိတ်ကို နှိုင်းယှဉ်ပါက CNG သည် သုံးပုံတစ်ပုံခန့်သာကုန်ကျမည်ဖြစ်ကြောင်း၊ CNG သုံး Taxi ယာဉ်များအနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများ ခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ CNG Taxi သုံးယာဉ်များမှ ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းကြီးမြင့်မှုကို အခွင့်အရေးယူကာ ငှားရမ်းခတိုးမြှင့်တောင်းခံခြင်းများ ကြုံတွေ့ရ၍ စီးနင်းကြသည့် ပြည်သူများအနေဖြင့် တိုင်ကြားလာပါက CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်မည်ဖြစ်၍ သုံးစွဲခွင့်တောင်းခံထားသည့် အခြားမော်တော်ယာဉ်များအား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် YBS ယာဉ်များအနေဖြင့်လည်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့် လမ်းကြောင်းများအတွင်း၌သာ မောင်းနှင်၍ ဝန်ဆောင်မှုပေးကြရန် လိုအပ်ကြောင်း၊ မကြာမီအချိန်အတွင်း CNG အသုံးပြုနေသည့် မော်တော်ယာဉ်များ တွင် Metering စနစ်တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြု၍ ထိန်းချုပ်ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ကို ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
CNG Taxi သုံးယာဥ္မ်ား မွ ငွားရမ္းခတိုးျမႇင့္ေတာင္းခံပါက CNG သုံးစြဲခြင့္စာရင္းမွ ပယ္ဖ်က္မည္ဟုဆို
ထိုက္စံ(NP News)-မတ္ ၁၆
CNG Taxi သုံးယာဥ္မ်ား မွ ငွားရမ္းခတိုးျမႇင့္ေတာင္းခံပါက CNG သုံးစြဲခြင့္စာရင္းမွ ပယ္ဖ်က္မည္ျဖစ္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္၏ ေျပာၾကားခ်က္အရ သိရသည္။
စြမ္းအင္ဝန္ႀကီးဌာနသည္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးက႑ အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ ေမာ္ေတာ္ယာဥ္သုံးသဘာဝဓာတ္ေငြ႕ (CNG) အေရာင္းဆိုင္မ်ားမွ ေမာ္ေတာ္ယာဥ္သုံးသဘာဝဓာတ္ေငြ႕မ်ား ေရာင္းခ်ေပးလ်က္ရွိရာ ယမန႔္ေန႔(မတ္ ၁၅ ရက္)က စြမ္းအင္ဝန္းႀကီးဌာနတြင္ က်င္းပခဲ့သည့္ ျပည္သူမ်ား အမွန္တကယ္ အက်ိဳးခံစားခြင့္ရရွိေစေရးႏွင့္ စပ္လ်ဥ္းသည့္လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စု ဝန္ႀကီးမွ စက္သုံးဆီၿခိဳးၿခံေခြၽတာႏိုင္ေရးတြင္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးက႑ အဆင္ေျပေခ်ာေမြ႕ေစေရးသည္ အဓိကက်ေၾကာင္း၊ စြမ္းအင္ဝန္ႀကီးဌာနသည္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးက႑အတြက္ အေရးပါသည့္ YBS ယာဥ္မ်ားႏွင့္ Taxi ယာဥ္မ်ားသို႔ သဘာဝဓာတ္ေငြ႕ (CNG) မ်ားကို မေျပာင္းလဲေသာ ေဈးႏႈန္းျဖစ္သည့္ ၁ ကီလိုဂရမ္လွ်င္ (၂၇၃) က်ပ္ (၂၅) ျပားႏႈန္းျဖင့္ ၂၀၀၇ ခုႏွစ္မွစ၍ ေရာင္းခ်ေပးေနေၾကာင္း ေျပာၾကားခဲ့ေၾကာင္းသိရသည္။
ထိုသို႔ေရာင္းခ်ေပးေနေသာ ေဈးႏႈန္းသည္ ႏိုင္ငံတကာေဈးႏႈန္းႏွင့္ ႏႈိင္းယွဥ္ပါက ထက္ဝက္ခန႔္ သက္သာေနေၾကာင္း၊ စက္စြမ္းအားတူညီသည့္ ေမာ္ေတာ္ယာဥ္မ်ားတြင္ ဓာတ္ဆီ၊ ဒီဇယ္ႏွင့္ CNG တို႔အား တူညီခရီးအကြာအေဝးအတြက္ ေလာင္စာဆီကုန္က်စရိတ္ကို ႏႈိင္းယွဥ္ပါက CNG သည္ သုံးပုံတစ္ပုံခန႔္သာကုန္က်မည္ျဖစ္ေၾကာင္း၊ CNG သုံး Taxi ယာဥ္မ်ားအေနျဖင့္ ႏိုင္ငံေတာ္မွ စိုက္ထုတ္ေပးထားသည့္ အခြင့္အေရးကို ျပည္သူမ်ား ခံစားခြင့္ရရွိေစရန္ ပူးေပါင္းေဆာင္႐ြက္ၾကေစလိုေၾကာင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါ CNG Taxi သုံးယာဥ္မ်ားမွ ဓာတ္ဆီ၊ ဒီဇယ္ေဈးႏႈန္းႀကီးျမင့္မႈကို အခြင့္အေရးယူကာ ငွားရမ္းခတိုးျမႇင့္ေတာင္းခံျခင္းမ်ား ႀကဳံေတြ႕ရ၍ စီးနင္းၾကသည့္ ျပည္သူမ်ားအေနျဖင့္ တိုင္ၾကားလာပါက CNG သုံးစြဲခြင့္စာရင္းမွ ပယ္ဖ်က္မည္ျဖစ္၍ သုံးစြဲခြင့္ေတာင္းခံထားသည့္ အျခားေမာ္ေတာ္ယာဥ္မ်ားအား ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ YBS ယာဥ္မ်ားအေနျဖင့္လည္း အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးအတြက္ ခြင့္ျပဳထားသည့္ လမ္းေၾကာင္းမ်ားအတြင္း၌သာ ေမာင္းႏွင္၍ ဝန္ေဆာင္မႈေပးၾကရန္ လိုအပ္ေၾကာင္း၊ မၾကာမီအခ်ိန္အတြင္း CNG အသုံးျပဳေနသည့္ ေမာ္ေတာ္ယာဥ္မ်ား တြင္ Metering စနစ္တပ္ဆင္ျခင္း၊ နည္းပညာအသုံးျပဳ၍ ထိန္းခ်ဳပ္ျဖန႔္ျဖဴးျခင္းတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ ေမာ္ေတာ္ယာဥ္သုံးသဘာဝဓာတ္ေငြ႕ (CNG) ကို ပိုမိုတိုးျမႇင့္ျဖန႔္ျဖဴးေပးႏိုင္ေရးကိုလည္း ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။