ထိုင်းမှာ အပူရှိန်ပြင်းထန်မှုကြောင့် ပြည်သူတွေ အထူးသတိပြုဖို့ DDC သတိပေး

300
ရောင်နီ (NP News) - မတ် ၁၇
ထိုင်းနိုင်ငံမှာ နွေရာသီကာလ ရောက်ရှိလာတာနဲ့အမျှ အပူရှိန် အဆမတန်မြင့်တက်လာမှုကြောင့် အပူရှပ် ခြင်း နဲ့ အပူဒဏ်ကြောင့်ဖြစ်တဲ့ရောဂါအန္တရာယ်ကို အထူးဂရုပြုကြဖို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာန (DDC) က အရေးပေါ်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါ တယ်။ DDC ရဲ့အထွေထွေညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်တီယန် ကနာဆာဝပ်ရဲ့ပြောကြားချက်အရ ၂ဝ၂၅ ခုနှစ်အတွင်း အပူနဲ့ဆက်စပ်ရောဂါဖြစ်ပွားမှု စုစုပေါင်း ၁၈၂ မှု ရှိခဲ့ပြီး ၎င်းတို့အနက် အမျိုးသားမှာ ဖြစ်ပွားမှုနှုန်းက ၅၉.၃ ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အသက် ၁၅ နှစ်မှ ၃၄ နှစ်ကြား လူငယ်/ လူလတ်ပိုင်းတွေမှာတော့ ၄၂.၈ ရာခိုင်နှုန်း အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ ၂၁ ဦးရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူတွေဟာ ပျမ်းမျှအသက် ၅၁ နှစ်ဝန်းကျင်ရှိ အမျိုးသားအများစုဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version;
ထိုင္းမွာ အပူရွိန္ျပင္းထန္မႈေၾကာင့္ ျပည္သူေတြ အထူးသတိျပဳဖို႔ DDC သတိေပး
ေရာင္နီ (NP News) - မတ္ ၁၇
ထိုင္းႏိုင္ငံမွာ ေႏြရာသီကာလ ေရာက္ရွိလာတာနဲ႔အမွ် အပူရွိန္ အဆမတန္ျမင့္တက္လာမႈေၾကာင့္ အပူရွပ္ ျခင္း နဲ႔ အပူဒဏ္ေၾကာင့္ျဖစ္တဲ့ေရာဂါအႏၲရာယ္ကို အထူးဂ႐ုျပဳၾကဖို႔ ထိုင္းေရာဂါထိန္းခ်ဳပ္ေရးဌာန (DDC) က အေရးေပၚသတိေပးခ်က္ထုတ္ျပန္လိုက္ပါတယ္။
၂၀၂၅ ခုႏွစ္အတြင္း အပူဒဏ္ေၾကာင့္ ေသဆုံးသူ ၂၁ ဦးအထိ ရွိခဲ့တယ္လို႔ အခ်က္အလက္ေတြအရ သိရပါ တယ္။ DDC ရဲ႕အေထြေထြၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ မြန္တီယန္ ကနာဆာဝပ္ရဲ႕ေျပာၾကားခ်က္အရ ၂ဝ၂၅ ခုႏွစ္အတြင္း အပူနဲ႔ဆက္စပ္ေရာဂါျဖစ္ပြားမႈ စုစုေပါင္း ၁၈၂ မႈ ရွိခဲ့ၿပီး ၎တို႔အနက္ အမ်ိဳးသားမွာ ျဖစ္ပြားမႈႏႈန္းက ၅၉.၃ ရာခိုင္ႏႈန္းနဲ႔အမ်ားဆုံးျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီထဲမွာ အသက္ ၁၅ ႏွစ္မွ ၃၄ ႏွစ္ၾကား လူငယ္/ လူလတ္ပိုင္းေတြမွာေတာ့ ၄၂.၈ ရာခိုင္ႏႈန္း အမ်ားဆုံးျဖစ္တယ္လို႔ ဆိုပါတယ္။
ထိုင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္အတြင္း အပူဒဏ္ေၾကာင့္ ေသဆုံးသူ ၂၁ ဦးရွိခဲ့ၿပီး အဲဒီထဲက ေသဆုံးသူေတြဟာ ပ်မ္းမွ်အသက္ ၅၁ ႏွစ္ဝန္းက်င္ရွိ အမ်ိဳးသားအမ်ားစုျဖစ္တယ္လို႔ သိရပါတယ္။