မြန်မာလက်နက်ကိုင်အဖွဲ့များကိုလေ့ကျင်သင်ကြားပေးနေတဲ့ ပြည်ပကြေးစား ၇ ဦးကို ဒရုန်းများနဲ့ အတူဖမ်းဆီးနိုင်ခဲ့ပြီး စွဲချက်တင်ထားဟု အိန္ဒိယအစိုးရပြော

11049

ဂျန်ဇက်(NP News)- မတ် ၁၈
အိန္ဒိယအာဏာပိုင်များဟာ မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့များကို လေ့ကျင်သင်ကြားပေးနေတဲ့ နိုင်ငံခြားသား ၇ ဦးကိုဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့များကို လေ့ကျင့်သင်ကြားပေးဖို့ နယ်စပ်ဒေသကိုတရားမဝင်ဖြတ်သန်းဝင်ရောက်လာတဲ့အတွက် ယူကရိန်းနိုင်ငံသား ၆ ဦးနဲ့ အမေရိကန် နိုင်ငံသားတစ်ဦးကိုဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားခဲ့ပြီးနောက်လက်နက်ကိုင်တိုက်ပွဲများဖြစ်လာချိန်မှာပြည်ပနိုင်ငံသားများဟာ လက်နက်ကိုင်ပဋိပက္ခများမှာ ကြားဝင်စွက်ဖက်လာခဲ့ပြီး အစိုးရကို လက်နက်ကိုင်ဆန့်ကျင့်နေတဲ့ လက်နက်ကိုင်အဖွဲ့များကို လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့သတင်းများလည်းထွက်ပေါ်ခဲ့ဖူးပါတယ်။အိန္ဒိယအစိုးရက မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ် ကိုတရားမဝင် ဝင်ရောက်လာတဲ့အတွက် ယူကရိန်းနိုင်ငံသား ၆ ဦးနဲ့ အေ မရိကန်နိုင်ငံသားတစ်ဦးကို စုံစမ်းစစ်ဆေးဖို့အချုပ်ထဲမှာ ၁၁ရက်ကြာဖမ်းဆီးချုပ်နှောင်ထားဖို့ အိန္ဒိယတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အိန္ဒိယအခြေစိုက်
(AIR)သတင်းဌာနက '' ပြည်ပနိုင်ငံသား ၇ ဦးဟာ မီဇိုရမ်ပြည်နယ်ကတဆင့် အိမ်နီးချင်းမြန်မာနိုင်ငံဘက်ခြမ်းကို တရားဝင်ဖြတ်သန်းဝင်ရောက်ဖို့ ကြိုးပပ်းခဲ့တယ်။ အဲဒီ ပြည်ပနိုင်ငံသားတွေဟာ
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲများမှာအသုံးပြုဖို့ ဥရောပတိုက်ကနေအိန္ဒိယနိုင်ငံဘက်ခြမ်းကို ဒရုန်းအများအပြားကို တရားမဝင်သယ်ဆောင်လာတယ်။''လို့ဖော်ပြထားပါတယ်။အိန္ဒိယအမျိုးသားထောက်လှမ်းရေးအဖွဲ့ NIDA က နယူးဒေလီမြိ့နဲ့ လက်နိုးမြို့မှာ ယူကရိန်းနိုင်ငံသားများကိုဖမ်းဆီးခဲ့သလို ကိုလ်ကတားမြို့မှာ အမေရိကန်နိုင်ငံသားကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။အိန္ဒိယသတင်းစာတစ်ခုကလည်း ဖမ်းဆီးခံထားရတဲ့ ပြည်ပနိုင်ငံသားများကို အိန္ဒိယနိုင်ငံကို ဆန့်ကျင့်တဲ့ အ ကြမ်းဖက် လုပ်ရပ်များပူးပေါင်းလုပ်ဆောင်ဖို့ စွဲချက်တင်ခံထားရပြီးပြစ်ဒဏ်အဖြစ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မတ်လ ၁၃ရက်နေ့မှာအိန္ဒိယအာဏာပိုင်များက ယူကရိန်းနိုင်ငံများကို ဖမ်းဆီးခဲ့တယ်လို့ အတည်ပြုထားသလိုအဲဒီဖမ်းဆီးထားသူများကို ကောင်စစ်ဝန်ရုံးကို ဝင်ရောက်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက '' လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရတဲ့ ယူကရိန်းနိုင်ငံသားများဟာ အိန္ဒိယနိုင်ငံ ဒါမှမဟုတ် မြန်မာနိုင်ငံတို့ရဲ့ တရားမဝင်အကြမ်းဖက်လုပ်ငန်းများမှာ ပါဝင်ပတ်သက်တာမျိုး အချက်လက်သက်သေမတွေ့ရသေးဘူး။ အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းသံရုံးဟာ အိန္ဒိယအာဏာပိုင်များနဲ့ဆက်သွယ်နေပြီး ယူကရိန်းနိုင်ငံသားများ ဖမ်းဆီးထိန်းသိမ်းခံရမှုအခြေနေကိုအတိကျသိ ဖို့ ကြိုးပမ်းနေတယ်။ '' လို့ တုံ့ပြန်ထားပါတယ်။အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း အိန္ဒိယအာဏာပိုင်များက အမေရိကန်နိုင်ငံသားကိုဖမ်းဆီးခဲ့တာကိုသိရှိထားကြောင်း၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတစ်စုံတရာမှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က အနောက်နိုင်ငံသားကြေးစားထောင်ချီဟာ မြန်မာနိုင်ငံကိုသွားရောက်ဖို့ အိန္ဒိယမီဇိုရမ်ပြည်နယ်ကို တရားမဝင်ဖြတ်သန်းနေတယ်လို့ ပြီးခဲ့တဲ့နှစ်တုန်းကပြောဆိုခဲ့ဖူးပါတယ်။

Zawgyi Version:
ျမန္မာလက္နက္ကိုင္အဖြဲ႕မ်ားကိုေလ့က်င္သင္ၾကားေပးေနတဲ့ ျပည္ပေၾကးစား ၇ ဦးကို ဒ႐ုန္းမ်ားနဲ႔ အတူဖမ္းဆီးႏိုင္ခဲ့ၿပီး စြဲခ်က္တင္ထားဟု အိႏၵိယအစိုးရေျပာ
ဂ်န္ဇက္(NP News)- မတ္ ၁၈
အိႏၵိယအာဏာပိုင္မ်ားဟာ ျမန္မာႏိုင္ငံရွိလက္နက္ကိုင္အဖြဲ႕မ်ားကို ေလ့က်င္သင္ၾကားေပးေနတဲ့ ႏိုင္ငံျခားသား ၇ ဦးကိုဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။ျမန္မာႏိုင္ငံရွိလက္နက္ကိုင္အဖြဲ႕မ်ားကို ေလ့က်င့္သင္ၾကားေပးဖို႔ နယ္စပ္ေဒသကိုတရားမဝင္ျဖတ္သန္းဝင္ေရာက္လာတဲ့အတြက္ ယူကရိန္းႏိုင္ငံသား ၆ ဦးနဲ႔ အေမရိကန္ ႏိုင္ငံသားတစ္ဦးကိုဖမ္းဆီးလိုက္တာျဖစ္တယ္လို႔ အိႏၵိယအစိုးရက သတင္းထုတ္ျပန္ထားပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၂၁ခုႏွစ္က ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ပြားခဲ့ၿပီးေနာက္လက္နက္ကိုင္တိုက္ပြဲမ်ားျဖစ္လာခ်ိန္မွာျပည္ပႏိုင္ငံသားမ်ားဟာ လက္နက္ကိုင္ပဋိပကၡမ်ားမွာ ၾကားဝင္စြက္ဖက္လာခဲ့ၿပီး အစိုးရကို လက္နက္ကိုင္ဆန႔္က်င့္ေနတဲ့ လက္နက္ကိုင္အဖြဲ႕မ်ားကို ေလ့က်င့္သင္ၾကားေပးခဲ့တယ္လို႔သတင္းမ်ားလည္းထြက္ေပၚခဲ့ဖူးပါတယ္။အိႏၵိယအစိုးရက ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ အိႏၵိယႏိုင္ငံမီဇိုရမ္ျပည္နယ္ ကိုတရားမဝင္ ဝင္ေရာက္လာတဲ့အတြက္ ယူကရိန္းႏိုင္ငံသား ၆ ဦးနဲ႔ ေအ မရိကန္ႏိုင္ငံသားတစ္ဦးကို စုံစမ္းစစ္ေဆးဖို႔အခ်ဳပ္ထဲမွာ ၁၁ရက္ၾကာဖမ္းဆီးခ်ဳပ္ေႏွာင္ထားဖို႔ အိႏၵိယတရား႐ုံးက ဆုံးျဖတ္ခဲ့ပါတယ္။ အိႏၵိယအေျခစိုက္
(AIR)သတင္းဌာနက '' ျပည္ပႏိုင္ငံသား ၇ ဦးဟာ မီဇိုရမ္ျပည္နယ္ကတဆင့္ အိမ္နီးခ်င္းျမန္မာႏိုင္ငံဘက္ျခမ္းကို တရားဝင္ျဖတ္သန္းဝင္ေရာက္ဖို႔ ႀကိဳးပပ္းခဲ့တယ္။ အဲဒီ ျပည္ပႏိုင္ငံသားေတြဟာ
ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ တိုက္ပြဲမ်ားမွာအသုံးျပဳဖို႔ ဥေရာပတိုက္ကေနအိႏၵိယႏိုင္ငံဘက္ျခမ္းကို ဒ႐ုန္းအမ်ားအျပားကို တရားမဝင္သယ္ေဆာင္လာတယ္။''လို႔ေဖာ္ျပထားပါတယ္။အိႏၵိယအမ်ိဳးသားေထာက္လွမ္းေရးအဖြဲ႕ NIDA က နယူးေဒလီၿမိ့နဲ႔ လက္ႏိုးၿမိဳ႕မွာ ယူကရိန္းႏိုင္ငံသားမ်ားကိုဖမ္းဆီးခဲ့သလို ကိုလ္ကတားၿမိဳ႕မွာ အေမရိကန္ႏိုင္ငံသားကို ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။အိႏၵိယသတင္းစာတစ္ခုကလည္း ဖမ္းဆီးခံထားရတဲ့ ျပည္ပႏိုင္ငံသားမ်ားကို အိႏၵိယႏိုင္ငံကို ဆန႔္က်င့္တဲ့ အ ၾကမ္းဖက္ လုပ္ရပ္မ်ားပူးေပါင္းလုပ္ေဆာင္ဖို႔ စြဲခ်က္တင္ခံထားရၿပီးျပစ္ဒဏ္အျဖစ္ တစ္သက္တစ္ကြၽန္းျပစ္ဒဏ္ခ်မွတ္ခံရဖြယ္ရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း မတ္လ ၁၃ရက္ေန႔မွာအိႏၵိယအာဏာပိုင္မ်ားက ယူကရိန္းႏိုင္ငံမ်ားကို ဖမ္းဆီးခဲ့တယ္လို႔ အတည္ျပဳထားသလိုအဲဒီဖမ္းဆီးထားသူမ်ားကို ေကာင္စစ္ဝန္႐ုံးကို ဝင္ေရာက္ခြင့္ေပးဖို႔ ေတာင္းဆိုထားပါတယ္။
ဒါ့အျပင္ ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက '' လက္ရွိအခ်ိန္အထိ ဖမ္းဆီးခံထားရတဲ့ ယူကရိန္းႏိုင္ငံသားမ်ားဟာ အိႏၵိယႏိုင္ငံ ဒါမွမဟုတ္ ျမန္မာႏိုင္ငံတို႔ရဲ႕ တရားမဝင္အၾကမ္းဖက္လုပ္ငန္းမ်ားမွာ ပါဝင္ပတ္သက္တာမ်ိဳး အခ်က္လက္သက္ေသမေတြ႕ရေသးဘူး။ အိႏၵိယႏိုင္ငံဆိုင္ရာ ယူကရိန္းသံ႐ုံးဟာ အိႏၵိယအာဏာပိုင္မ်ားနဲ႔ဆက္သြယ္ေနၿပီး ယူကရိန္းႏိုင္ငံသားမ်ား ဖမ္းဆီးထိန္းသိမ္းခံရမႈအေျခေနကိုအတိက်သိ ဖို႔ ႀကိဳးပမ္းေနတယ္။ '' လို႔ တုံ႔ျပန္ထားပါတယ္။အိႏၵိယႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးကလည္း အိႏၵိယအာဏာပိုင္မ်ားက အေမရိကန္ႏိုင္ငံသားကိုဖမ္းဆီးခဲ့တာကိုသိရွိထားေၾကာင္း၊ အဲဒီကိစၥနဲ႔ပတ္သက္ၿပီးတစ္စုံတရာမွတ္ခ်က္မေပးလိုေၾကာင္း ေျပာပါတယ္။ မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က အေနာက္ႏိုင္ငံသားေၾကးစားေထာင္ခ်ီဟာ ျမန္မာႏိုင္ငံကိုသြားေရာက္ဖို႔ အိႏၵိယမီဇိုရမ္ျပည္နယ္ကို တရားမဝင္ျဖတ္သန္းေနတယ္လို႔ ၿပီးခဲ့တဲ့ႏွစ္တုန္းကေျပာဆိုခဲ့ဖူးပါတယ္။