ရွှေလုပ်ငန်းရှင်သုံးဦးကို ပန်းဘဲတန်းတရားရုံးကအလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်ချမှတ်

1213

ကိုဖြိုး(NP News) မတ်-၁၉
အဖမ်းခံထားရသည့်ရွှေလုပ်ငန်းရှင် သုံးဦးကို ပန်းဘဲတန်းမြို့နယ် တရားရုံးမှ မတ် (၁၉) ရက်၊ မနက် (၁၀) နာရီခွဲဝန်းကျင်က အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်အပြင် ငွေဒဏ် ကျပ် ငါးသိန်းစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။
ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်များဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နှင့် အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို မတ်လ(၁၉)ရက်တွင် ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ပြီး သတ္ထုတွင်း ဥပဒေအသစ်ဖြစ်သည့် အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေပုဒ်မ - ၅ ၊ ရာဇသတ်ကြီး ပုဒ်မ - ၁၀၉ ဖြင့် အရေးယူ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် အပါအဝင် ရွှေလုပ်ငန်းရှင် သုံးဦးကို ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုဖြင့် ဖမ်းဆီး အရေးယူထားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ လွန်ခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဦးမျိုးမြင့်သည် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း (၇၀) ကျပ်သားရှိအခေါက်ရွှေတုံး ရှစ်တုံးအား ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင် ပြန်လည် ရောင်းချရန်အတွက် သိုလှောင် ထားရှိခဲ့သည်။ ဦးမျိုးသူဝင်းသည်လည်း ၎င်း၏ရွှေဆိုင်များတွင် (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလနှင့် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ (၉၇၀) ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူပြီး ရွှေ (၉၅၀) ကျပ်သားကို အမြတ်ရယူ ပြန်လည် ရောင်းချခဲ့ကြောင်းသိရသည်။
ထို့အပြင် ဦးနေမျိုးထက်အနေဖြင့် ၎င်း၏ရွှေဆိုင်များတွင် (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလနှင့် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ (၃၁၉) ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူပြီး ရွှေ (၂၆၈) ကျပ်သားကို အမြတ်ရယူကာ ပြန်လည် ရောင်းချခဲ့ကြောင်းသက်ဆိုင်ရာ၏ ဖေဖော်ဝါရီလ (၅) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ဒုတိယပတ်တွင် အဆိုပါ ရွှေလုပ်ငန်းရှင်များကို စျေးကွက် မတည်မငြိမ် ဖြစ်စေမှု၊ စီးပွားရေးပျက်ပြားစေရန် အားပေးကူညီမှုများဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ပြီး အမိန့် ချမှတ်ချိန်တွင် ဖေဖော်ဝါရီလ (၅) ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည့် ပိုင်ဆိုင်မှုများကိုပါ နိုင်ငံပိုင်အဖြစ်သိမ်းယူခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေ႐ႊလုပ္ငန္းရွင္သုံးဦးကို ပန္းဘဲတန္းတရား႐ုံးကအလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္သုံးႏွစ္ခ်မွတ္
ကိုၿဖိဳး(NP News) မတ္-၁၉
အဖမ္းခံထားရသည့္ေ႐ႊလုပ္ငန္းရွင္ သုံးဦးကို ပန္းဘဲတန္းၿမိဳ႕နယ္ တရား႐ုံးမွ မတ္ (၁၉) ရက္၊ မနက္ (၁၀) နာရီခြဲဝန္းက်င္က အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ (၃) ႏွစ္အျပင္ ေငြဒဏ္ က်ပ္ ငါးသိန္းစီ ျပစ္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း ေ႐ႊလုပ္ငန္းရွင္ အသိုင္းအဝိုင္းမွ သိရသည္။
ရန္ကုန္ၿမိဳ႕က ေ႐ႊလုပ္ငန္းရွင္မ်ားျဖစ္ေသာ ရန္ကုန္တိုင္းေဒသႀကီး အဖိုးတန္ သတၱဳ (ေ႐ႊ) ေရာင္းဝယ္သူမ်ားအသင္းမွ ဥကၠ႒ ဦးမ်ိဳးျမင့္ (သိန္းသန္း စိန္ေ႐ႊရတနာဆိုင္)၊ ဒုတိယဥကၠ႒ (၁) ဦးမ်ိဳးသူဝင္း (အကယ္ဒမီေ႐ႊဆိုင္) ႏွင့္ အတြင္းေရးမႉး ဦးေနမ်ိဳးထက္ (ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္) တို႔ကို မတ္လ(၁၉)ရက္တြင္ ျပစ္ဒဏ္မ်ား အသီးသီး ခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး သတၳဳတြင္း ဥပေဒအသစ္ျဖစ္သည့္ အေရးႀကီးကုန္စည္ ဝန္ေဆာင္မႈ ဥပေဒပုဒ္မ - ၅ ၊ ရာဇသတ္ႀကီး ပုဒ္မ - ၁၀၉ ျဖင့္ အေရးယူ ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ယင္းအေၾကာင္းအရာအေပၚ ေ႐ႊလုပ္ငန္းရွင္ တစ္ဦးက “ဒါက ဥပေဒထဲမွာ အျမင့္ဆုံးေပါ့။ ဒီလိုမ်ိဳးဆိုရင္ က်န္တဲ့သူေတြ ဘာမွ လုပ္စားလို႔ မရေတာ့ဘူး။ သတ္မွတ္ေဈးနဲ႔ မေရာင္းလို႔ဆိုတာက က်န္တဲ့ ေ႐ႊသမားေတြလည္း အားလုံး ဒုကၡေရာက္သြားႏိုင္တယ္။ ေ႐ႊဆိုတာက ႏိုင္ငံတကာေပါက္ေဈးနဲ႔ အလုပ္ လုပ္ေနရတာေလ။ အဲဒါမ်ိဳးဆိုရင္ ေ႐ႊေရာင္းတဲ့သူ၊ ေ႐ႊဆိုင္ေတြ အားလုံးက ေတြးဆရမယ့္ ပုံစံမ်ိဳး ျဖစ္ေနၿပီ” ဟု ေျပာသည္။
ရန္ကုန္တိုင္း ေ႐ႊအသင္းဥကၠ႒ ဦးမ်ိဳးျမင့္ အပါအဝင္ ေ႐ႊလုပ္ငန္းရွင္ သုံးဦးကို ျပည္တြင္းေ႐ႊေဈးကြက္ မတည္မၿငိမ္ျဖစ္ေအာင္ လုပ္ေဆာင္မႈျဖင့္ ဖမ္းဆီး အေရးယူထားျခင္းျဖစ္ေၾကာင္း သက္ဆိုင္ရာ တာဝန္ရွိသူမ်ားထံမွ လြန္ခဲ့သည့္ ေဖေဖာ္ဝါရီ ၅ ရက္ေန႔တြင္ ထုတ္ျပန္ ေၾကညာဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။
ဦးမ်ိဳးျမင့္သည္ (၂၀၂၆) ခုႏွစ္၊ ဇန္နဝါရီလအတြင္း အေလးခ်ိန္စုစုေပါင္း (၇၀) က်ပ္သားရွိအေခါက္ေ႐ႊတုံး ရွစ္တုံးအား ျပင္ပေပါက္ေဈးျဖင့္ ဝယ္ယူခဲ့ၿပီး အျမတ္တင္ ျပန္လည္ ေရာင္းခ်ရန္အတြက္ သိုေလွာင္ ထားရွိခဲ့သည္။ ဦးမ်ိဳးသူဝင္းသည္လည္း ၎၏ေ႐ႊဆိုင္မ်ားတြင္ (၂၀၂၅) ခုႏွစ္၊ ဒီဇင္ဘာလႏွင့္ (၂၀၂၆) ခုႏွစ္၊ ဇန္နဝါရီလအတြင္း အေခါက္ေ႐ႊ (၉၇၀) က်ပ္သားအား ျပင္ပေပါက္ေဈးႏႈန္းျဖင့္ ဝယ္ယူၿပီး ေ႐ႊ (၉၅၀) က်ပ္သားကို အျမတ္ရယူ ျပန္လည္ ေရာင္းခ်ခဲ့ေၾကာင္းသိရသည္။
ထို႔အျပင္ ဦးေနမ်ိဳးထက္အေနျဖင့္ ၎၏ေ႐ႊဆိုင္မ်ားတြင္ (၂၀၂၅) ခုႏွစ္၊ ဒီဇင္ဘာလႏွင့္ (၂၀၂၆) ခုႏွစ္၊ ဇန္နဝါရီလအတြင္း အေခါက္ေ႐ႊ (၃၁၉) က်ပ္သားအား ျပင္ပေပါက္ေဈးႏႈန္းျဖင့္ ဝယ္ယူၿပီး ေ႐ႊ (၂၆၈) က်ပ္သားကို အျမတ္ရယူကာ ျပန္လည္ ေရာင္းခ်ခဲ့ေၾကာင္းသက္ဆိုင္ရာ၏ ေဖေဖာ္ဝါရီလ (၅) ရက္ေန႔ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ေဖေဖာ္ဝါရီလ ဒုတိယပတ္တြင္ အဆိုပါ ေ႐ႊလုပ္ငန္းရွင္မ်ားကို ေစ်းကြက္ မတည္မၿငိမ္ ျဖစ္ေစမႈ၊ စီးပြားေရးပ်က္ျပားေစရန္ အားေပးကူညီမႈမ်ားျဖင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ အမႈဖြင့္ အေရးယူခဲ့ျခင္းျဖစ္ၿပီး အမိန႔္ ခ်မွတ္ခ်ိန္တြင္ ေဖေဖာ္ဝါရီလ (၅) ရက္ေန႔က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပခဲ့သည့္ ပိုင္ဆိုင္မႈမ်ားကိုပါ ႏိုင္ငံပိုင္အျဖစ္သိမ္းယူခဲ့ေၾကာင္း သိရသည္။