အိမ်အရောက်ပို့စနစ် ဆန်ရောင်းချမှု စက်သုံးဆီအခြေအနေကြောင့် စတင်ရပ်နား

 377

ကိုဖြိုး(NP News) မတ်-၁၈
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်းမှုဖြင့် အိမ်အရောက်ပို့စနစ်ဖြင့် လုပ်ဆောင်နေသော ဆန်ရောင်းချမှုကို ယမန်နေ့(မတ်လ ၁၇ ရက်)မှ စတင်ကာ ရပ်နားလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရန်ရည်ရွယ်ပြီး အဆိုပါ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဆန်များရောင်းချပေးလျက်ရှိရာ ယခုနောက်ပိုင်းတွင် စက်သုံးဆီအခက်အခဲကြောင့်ရပ်နားလိုက်ရခြင်းလည်းဖြစ်ကြောင်း ဆိုထားသည်။
ထိုရပ်ဆိုင်းမှုကို ယာယီအဖြစ်သတ်မှတ်ထားပြီး ပြန်လည်ဆောင်ရွက်မည့်အခါ ကြိုတင်ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ငွေပေးသွင်းထားသည့် စားသုံးသူများနှင့် အမှာစာပေးပို့ထားသည့် စားသုံးသူများထံသို့သာ ဆက်လက်ဖြန့်ဖြူး ရောင်းချပေးမည်ဟုလည်း ကြေညာထားသည်။
ထိုကဲ့သို့သော အိမ်အရောက်ပို့စနစ်ဖြင့် ပို့ဆောင်ရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်းအပါအဝင် ဆန်အမျိုးအစား ငါးမျိုးကို ရောင်းချပေးခြင်းဖြစ်ပြီး ယခုမတ်လအတွင်းတွင် ရွှေဘိုပေါ်ဆန်း (၂၄)ပြည်ဝင်တစ်အိတ်လျှင် (၁၆၅၀၀၀) ကျပ်၊ ဧရာဝတီ ပေါ်ဆန်း (ကြားပျံ) (၁၄၀၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း(နယ်စုံ) (၁၁၂၀၀၀) ကျပ်၊ ရက်(၉၀) (၇၅၀၀၀) ကျပ်၊ ဧည့်မထ (၁၅ မှတ်) (၅၆၀၀၀) ကျပ် စသည်ဖြင့် စျေးနှုန်းများ သတ်မှတ်၍ရောင်းချနေခြင်းဖြစ်သည်။
စားသုံးသူများထံ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဆန်များဖြန့်ဖြူးရောင်းချမှုအစီအစဉ်တွင် မတ်လလယ်အထိ စာရင်းများအရ ဆန်အိတ်စုစုပေါင်း ၁၁၆၁ အိတ်ကို ပေးပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အိမ္အေရာက္ပို႔စနစ္ ဆန္ေရာင္းခ်မႈ စက္သုံးဆီအေျခအေနေၾကာင့္ စတင္ရပ္နား
ကိုၿဖိဳး(NP News) မတ္-၁၈
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းတို႔ပူးေပါင္းမႈျဖင့္ အိမ္အေရာက္ပို႔စနစ္ျဖင့္ လုပ္ေဆာင္ေနေသာ ဆန္ေရာင္းခ်မႈကို ယမန္ေန႔(မတ္လ ၁၇ ရက္)မွ စတင္ကာ ရပ္နားလိုက္ၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ သိရသည္။
ဆန္ေဈးႏႈန္းမ်ား တည္ၿငိမ္မွန္ကန္ေစရန္ရည္႐ြယ္ၿပီး အဆိုပါ အိမ္အေရာက္ပို႔စနစ္ (Home Delivery) ျဖင့္ ဆန္မ်ားေရာင္းခ်ေပးလ်က္ရွိရာ ယခုေနာက္ပိုင္းတြင္ စက္သုံးဆီအခက္အခဲေၾကာင့္ရပ္နားလိုက္ရျခင္းလည္းျဖစ္ေၾကာင္း ဆိုထားသည္။
ထိုရပ္ဆိုင္းမႈကို ယာယီအျဖစ္သတ္မွတ္ထားၿပီး ျပန္လည္ေဆာင္႐ြက္မည့္အခါ ႀကိဳတင္ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း၊ လတ္တေလာတြင္ ေငြေပးသြင္းထားသည့္ စားသုံးသူမ်ားႏွင့္ အမွာစာေပးပို႔ထားသည့္ စားသုံးသူမ်ားထံသို႔သာ ဆက္လက္ျဖန႔္ျဖဴး ေရာင္းခ်ေပးမည္ဟုလည္း ေၾကညာထားသည္။
ထိုကဲ့သို႔ေသာ အိမ္အေရာက္ပို႔စနစ္ျဖင့္ ပို႔ေဆာင္ေရာင္းခ်ေပးရာတြင္ ေ႐ႊဘိုေပၚဆန္းအပါအဝင္ ဆန္အမ်ိဳးအစား ငါးမ်ိဳးကို ေရာင္းခ်ေပးျခင္းျဖစ္ၿပီး ယခုမတ္လအတြင္းတြင္ ေ႐ႊဘိုေပၚဆန္း (၂၄)ျပည္ဝင္တစ္အိတ္လွ်င္ (၁၆၅၀၀၀) က်ပ္၊ ဧရာဝတီ ေပၚဆန္း (ၾကားပ်ံ) (၁၄၀၀၀၀) က်ပ္၊ ဧရာဝတီေပၚဆန္း(နယ္စုံ) (၁၁၂၀၀၀) က်ပ္၊ ရက္(၉၀) (၇၅၀၀၀) က်ပ္၊ ဧည့္မထ (၁၅ မွတ္) (၅၆၀၀၀) က်ပ္ စသည္ျဖင့္ ေစ်းႏႈန္းမ်ား သတ္မွတ္၍ေရာင္းခ်ေနျခင္းျဖစ္သည္။
စားသုံးသူမ်ားထံ အိမ္အေရာက္ပို႔စနစ္ (Home Delivery) ျဖင့္ ဆန္မ်ားျဖန႔္ျဖဴးေရာင္းခ်မႈအစီအစဥ္တြင္ မတ္လလယ္အထိ စာရင္းမ်ားအရ ဆန္အိတ္စုစုေပါင္း ၁၁၆၁ အိတ္ကို ေပးပို႔ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.