(၅)နှစ်အတွင်း အစိုးရက တံတားအစင်း (၃၀၀) တည်ဆောင်ခဲ့ကာ အကြမ်းဖက်များက တံတား (၄၇) စင်းကိုမိုင်းခွဲဖျက်စီးခဲ့

 872

တအာင်းတပ် TNLA နှင့်MDY-PDF ပူးပေါင်းတပ်တို့က မိုင်းခွဲဖျက်ဆီးခဲ့သည့် ဧရာဝတီ(ရတနာသိင်္ခ)တံတား
သန့်ဇင်(NP News) -မတ် ၁၈
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ (၅)နှစ်အတွင်း အစိုးရက တံတားအစင်း (၃၀၀) တည်ဆောင်ခဲ့ကာ အကြမ်းဖက်များက တံတား (၄၇) စင်းကိုမိုင်းခွဲဖျက်စီးခဲ့ကြောင်း ဆောင်လုပ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆိုပါ (၅) နှစ်အတွင်း ပေ(၁၈၀)နှင့် အထက်တံတားအစင်းရေ (၁၀၃) စင်းနှင့် ပေ (၁၈၀) အောက် တံတား (၁၉၇) စင်းကို တည်ဆောက်ခဲ့ကာ တံတားစုစုပေါင်း အစင်း (၃၀၀) တည်ဆောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်း (၅) နှစ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတား (၄၇) စင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းမိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် တံတားများအနက် တံတား (၁၁) စင်းအား ယာယီပြုပြင်ထားပြီး အမြဲတမ်းသံကွန်ကရစ်တံတားပြုပြင် ခြင်းဖြင့် တံတား (၆) စင်းပြုပြင်ထားရာ လက်ရှိအချိန်အထိ ပြုပြင်ဆဲ တံတား (၅) စင်းနှင့် ပြုပြင်ရန် တံတား (၃၆) စင်း ကျန်ရှိနေ သေးကြောင်း သိရသည်။
ထို့ပြင် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့်လည်း ယခုနှစ် မတ်လအထိ တိုင်းနှင့်ပြည်နယ်(၄) ခုနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့တွင် တံတားပေါင်း (၉၁) စင်းပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားများကိုလည်း အမြဲတမ်းတံတားအဖြစ် (၆၄) စင်းပြုပြင်ထားကာ ယာယီတံတားအဖြစ် (၈) စင်းပြုပြင်ထားပြီး ပြုပြင်ရန် တံတား (၂၇) စင်းကျန်ရှိနေသေးကြောင်း သိရသည်။
အလားတူ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်သူ့အငှားအိမ်ရာ (၅၇၉၄) ခန်း၊ ဝန်ထမ်းအိမ်ရာ (၅၆၀၀)ခန်းနှင့် အရောင်းအိမ်ရာ (၆၄၂၅) ခန်းစုစုပေါင်း (၁၇၈၁၉) ခန်း ဆောက်လုပ်ဖြည့်စည်းပေးခဲ့နိုင်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
(၅)ႏွစ္အတြင္း အစိုးရက တံတားအစင္း (၃၀၀) တည္ေဆာင္ခဲ့ကာ အၾကမ္းဖက္မ်ားက တံတား (၄၇) စင္းကိုမိုင္းခြဲဖ်က္စီးခဲ့
သန႔္ဇင္(NP News) -မတ္ ၁၈
၂၀၂၁ ခုႏွစ္မွ ၂၀၂၆ ခုႏွစ္၊ မတ္လအထိ (၅)ႏွစ္အတြင္း အစိုးရက တံတားအစင္း (၃၀၀) တည္ေဆာင္ခဲ့ကာ အၾကမ္းဖက္မ်ားက တံတား (၄၇) စင္းကိုမိုင္းခြဲဖ်က္စီးခဲ့ေၾကာင္း ေဆာင္လုပ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာနက အဆိုပါ (၅) ႏွစ္အတြင္း ေပ(၁၈၀)ႏွင့္ အထက္တံတားအစင္းေရ (၁၀၃) စင္းႏွင့္ ေပ (၁၈၀) ေအာက္ တံတား (၁၉၇) စင္းကို တည္ေဆာက္ခဲ့ကာ တံတားစုစုေပါင္း အစင္း (၃၀၀) တည္ေဆာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ယင္း (၅) ႏွစ္အတြင္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ မိုင္းခြဲဖ်က္ဆီးမႈေၾကာင့္ တံတား (၄၇) စင္း ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။
ယင္းမိုင္းခြဲဖ်က္ဆီးခံခဲ့ရသည့္ တံတားမ်ားအနက္ တံတား (၁၁) စင္းအား ယာယီျပဳျပင္ထားၿပီး အၿမဲတမ္းသံကြန္ကရစ္တံတားျပဳျပင္ ျခင္းျဖင့္ တံတား (၆) စင္းျပဳျပင္ထားရာ လက္ရွိအခ်ိန္အထိ ျပဳျပင္ဆဲ တံတား (၅) စင္းႏွင့္ ျပဳျပင္ရန္ တံတား (၃၆) စင္း က်န္ရွိေန ေသးေၾကာင္း သိရသည္။
ထို႔ျပင္ မႏၲေလးငလ်င္ႀကီးႏွင့္ ေနာက္ဆက္တြဲငလ်င္မ်ားေၾကာင့္လည္း ယခုႏွစ္ မတ္လအထိ တိုင္းႏွင့္ျပည္နယ္(၄) ခုႏွင့္ ရန္ကုန္-မႏၲေလး အျမန္လမ္းတို႔တြင္ တံတားေပါင္း (၉၁) စင္းပ်က္စီးခဲ့ေၾကာင္း သိရသည္။
အဆိုပါ တံတားမ်ားကိုလည္း အၿမဲတမ္းတံတားအျဖစ္ (၆၄) စင္းျပဳျပင္ထားကာ ယာယီတံတားအျဖစ္ (၈) စင္းျပဳျပင္ထားၿပီး ျပဳျပင္ရန္ တံတား (၂၇) စင္းက်န္ရွိေနေသးေၾကာင္း သိရသည္။
အလားတူ ၂၀၂၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အထိ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ျပည္သူ႔အငွားအိမ္ရာ (၅၇၉၄) ခန္း၊ ဝန္ထမ္းအိမ္ရာ (၅၆၀၀)ခန္းႏွင့္ အေရာင္းအိမ္ရာ (၆၄၂၅) ခန္းစုစုေပါင္း (၁၇၈၁၉) ခန္း ေဆာက္လုပ္ျဖည့္စည္းေပးခဲ့ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.