ချင်းပြည်နယ် လွှတ်တော် နှင့် အစိုးရရုံးအနီးကို အသေခံဒရုန်းဖြင့်တိုက်ခိုက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှုအနည်းငယ်သာရှိ

 626

သုတကျော် (NP News) - မတ် ၂၁

ချင်းပြည်နယ် လွှတ်တော်နှင့် အစိုးရရုံးအနီးကို ကို ယမန်နေ့ (မတ်လ ၂၁ ရက်) က အသေခံဒရုန်းဖြင့် တိုက်ခိုက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှုအနည်းငယ်သာရှိကြောင်း အဆိုပါပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
လွှတ်တော်အစည်းအဝေးပထမနေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အစည်းအဝေးကျင်းပနေစဉ် တစ်ကြိမ်တိုက်ခိုက်ကာ အစည်းအဝေးအပြီးတွင် လေးကြိမ်ခန့် တိုက်ခိုက်သည့် ပေါက်ကွဲသံကို ကြားရကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ CDF-Hakha ဆိုသောအဖွဲ့ က ၎င်းတို့ တိုက်ခိုက်ခဲ့ကြောင်း ဆိုထးပြီး ဗွီဒီယို ဖိုင်ကို ထုတ်ပြန်ထားရာ အဆိုပါ ဗွီဒီယိုအတွင်း ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်လွှတ်တော်တို့ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်အနက် လွှတ်တော်သို့ ဦးစားပေးတိုက်ခိုက်ခဲ့ကြောင်း မြင်ရသည်။
“ကားကတော့ နည်းနည်းပါးပါး ထိခိုက်တာပေါ့။ ပျက်စီးတာတော့ သိပ်မရှိပါဘူး။ အသံကြားတာကတော့ လေးငါးကြိမ်လောက်တော့ ကြားတယ်။ အစည်းအဝေးတော့ အနှောက်အယှက်မဖြစ်ဘူး။ လွှတ်တော်အစည်းအဝေး လုပ်နေတုန်း တစ်ကြိမ် အသံကြားတယ်။ အစည်းအဝေး ပြီးတော့မှ ဖြစ်သွားတာပါ” ဟု ၎င်းက ဆိုသည်။
လုံခြုံရေးကိုလည်း တိုးမြှင့်ထားကြောင်း ၎င်းက ဆိုသည်။

Zawgyi Version;
ခ်င္းျပည္နယ္ လႊတ္ေတာ္ ႏွင့္ အစိုးရ႐ုံးအနီးကို အေသခံဒ႐ုန္းျဖင့္တိုက္ခိုက္သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေသာ္လည္း ထိခိုက္မႈအနည္းငယ္သာရွိ
သုတေက်ာ္ (NP News) - မတ္ ၂၁
ခ်င္းျပည္နယ္ လႊတ္ေတာ္ႏွင့္ အစိုးရ႐ုံးအနီးကို ကို ယမန္ေန႔ (မတ္လ ၂၁ ရက္) က အေသခံဒ႐ုန္းျဖင့္ တိုက္ခိုက္သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေသာ္လည္း ထိခိုက္မႈအနည္းငယ္သာရွိေၾကာင္း အဆိုပါျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
လႊတ္ေတာ္အစည္းအေဝးပထမေန႔တြင္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး လႊတ္ေတာ္အစည္းအေဝးက်င္းပေနစဥ္ တစ္ႀကိမ္တိုက္ခိုက္ကာ အစည္းအေဝးအၿပီးတြင္ ေလးႀကိမ္ခန႔္ တိုက္ခိုက္သည့္ ေပါက္ကြဲသံကို ၾကားရေၾကာင္း ၎က ဆိုသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ CDF-Hakha ဆိုေသာအဖြဲ႕ က ၎တို႔ တိုက္ခိုက္ခဲ့ေၾကာင္း ဆိုထးၿပီး ဗြီဒီယို ဖိုင္ကို ထုတ္ျပန္ထားရာ အဆိုပါ ဗြီဒီယိုအတြင္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕႐ုံးႏွင့္ ျပည္နယ္လႊတ္ေတာ္တို႔ကို အေသခံဒ႐ုန္းျဖင့္ တိုက္ခိုက္ခဲ့သည့္အနက္ လႊတ္ေတာ္သို႔ ဦးစားေပးတိုက္ခိုက္ခဲ့ေၾကာင္း ျမင္ရသည္။
“ကားကေတာ့ နည္းနည္းပါးပါး ထိခိုက္တာေပါ့။ ပ်က္စီးတာေတာ့ သိပ္မရွိပါဘူး။ အသံၾကားတာကေတာ့ ေလးငါးႀကိမ္ေလာက္ေတာ့ ၾကားတယ္။ အစည္းအေဝးေတာ့ အေႏွာက္အယွက္မျဖစ္ဘူး။ လႊတ္ေတာ္အစည္းအေဝး လုပ္ေနတုန္း တစ္ႀကိမ္ အသံၾကားတယ္။ အစည္းအေဝး ၿပီးေတာ့မွ ျဖစ္သြားတာပါ” ဟု ၎က ဆိုသည္။
လုံၿခဳံေရးကိုလည္း တိုးျမႇင့္ထားေၾကာင္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.