တတိယအကြိမ်လွှတ်တော်တွင် Right To Recall ဥပဒေပြဋ္ဌာန်းရေး အမြင်ကွဲပြားမှုများရှိနေ

 810

သန့်ဇင် (NP News)- မတ် ၂၃

အရည်အချင်းမမီသည့်လွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်၍ တတိယအကြိမ် လွှတ် တော်တွင် Right To Recall ဥပဒေပြဋ္ဌာန်းရေးအမြင်ကွဲပြားမှုများရှိနေကြောင်း NP News က ဆက် သွယ်မေးမြန်းထားသည့် အချက်အလက်များအရသိရသည်။

Right To Recall ဥပဒေသည် (၂၀ဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၉၆)(ခ)အရ လွှတ်တော် ကိုယ်စားလှယ်များအား တာဝန်မှပြန်လည်ရုပ်သိမ်းနိုင်ခြင်းနှင့်ပတ်သက်၍ မူလမဲဆန္ဒရှင် (၁) ရာခိုင်နှုန်းသည် တာဝန်မှပြန်လည်ရုပ်သိမ်းလိုသည့်လွှတ်တော်အမတ်နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြတောင်းဆိုရမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအတွင်း အိပ်ငိုက်ကာ လစာထုတ်ယူမည့် လွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားလှယ်အဖြစ်မှရုပ်သိမ်းခွင့် (Right To Recall) ဥပဒေကို အဆိုတင်သွင်း သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်ဦးလှဆွေက မတ်လ (၁၆) ရက် နံနက်ပိုင်းက တတိယအကြိမ် ပြည်သူ့လွှတ်‌တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့အပြီး မီဒီယာများ အားဖြေကြား စဉ်ထည့်သွင်းပြောဆိုခဲ့သည်။

“ပြည်သူတွေကို အာမခံချက်ပေးနိုင်တာက အရည်အချင်းမရှိတဲ့လွှတ်‌တော်ကိုယ်စားလှယ်တွေ ရုပ်သိမ်းခွင့်ဥပဒေကို ကျွန်တော် အဆိုတင်မှာ။ အရည်အချင်းမရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ ပြန် ခေါ်ပါ။ ဒါမှလည်း လွှတ်တော်ကိုယ်စားလှယ်တွေအလုပ်လုပ်မယ်။ လွှတ်‌တော်ကိုယ်စားလှယ်တွေ အ လုပ်လုပ်မှလည်း ဒေသကတိုးတက်မှာ၊ ဖွံ့ဖြိုးမှာ။ ဒါကြောင့်မို့ အရည်အချင်းမပြည့်မီတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပြန်ရုပ်သိမ်းခွင့်ကို (၂၀၁၀)တုန်းကလည်းမလုပ်ဘူး၊ (၂၀၁၅)တုန်းကလည်းမလုပ်ဘူး။ အခုကျွန်တော်တို့ (၂၀၂၆) မှာတော့ ကျွန်တော်ကတော့ ထိုင်ပြီးတော့ အိပ်ငိုက်ပြီး လစာထုတ်မယ့် လွှတ် တော်ကိုယ်စားလှယ်တွေကို ပြည်သူလူထုက ဘာအဆိုမှ ဘာမေးခွန်းမှမတင်တဲ့အခါကျတော့ တိုင်းပြည် အတွက်လည်း နစ်နာတယ်၊ ပြည်သူအတွက်လည်းနစ်နာတယ်လေ။ ဒါမျိုးကို ပြန်ပြီးတော့ရုပ်သိမ်းပိုင်ခွင့် ပြဋ္ဌာန်းဖို့ဆောင်ရွက်မှာပါ”ဟု ဦးလှဆွေကပြောသည်။

အဆိုပါဥပဒေသည် ဥပဒေရေးဆွဲထားပြီးဖြစ်သော်လည်း ပြဋ္ဌာန်းရန်အတွက် လတ်တလော အခြေအနေတွင်မူ သဘောမကျသေးကြောင်း နိုင်ငံရေးနယ်ပယ်မှသတင်းရင်းမြစ်တစ်ဦးကဆိုသည်။

“Right To Recall ဥပဒေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ရေးဆွဲထားပြီးသားပေါ့။ ဒါပေမဲ့လွှတ်တော်တွေမှာတော့ အခြေအနေအချိန်အခါအရ မကျင့်သုံးသေးဘဲနဲ့ ထားထား တဲ့ဥပဒေ တစ် ခုပါပဲ။ ကျွန်တော်တို့က ဥပဒေပြဋ္ဌာန်းချက်မှာ ရှိပြီးသားဖြစ်တဲ့အတွက် လက်မခံဘူးလို့ ပြောလို့တော့မရ ဘူးပေါ့ဗျာ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံရေး ကိုယ့်လွှတ်တော်တွေအပေါ် အခြေအနေပေါ် မူတည်ပြီးတော့ အသိဉာဏ်တရားနဲ့ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာတော့ ဆုံးဖြတ်ဖို့လိုတာ ပေါ့နော်။ လတ်တလော အခြေအ နေမှာပြောရရင်တော့ သဘောမကျပါဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ ဥပဒေအား ပြီးသည့် ပထမအကြိမ်လွှတ်တော်ကပင် စတင်အဆိုပြုခဲ့ခြင်းဖြစ်ပြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အားကောင်းစဉ်ကလည်း အဆိုပါဥပဒေအား ဆိုင်းငံ့ခဲ့ပြီးနောက် NLD အစိုးရလက်ထက်တွင်လည်း အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်းသိရသည်။

Zawgyi version:

အရည္အခ်င္းမမီသည့္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ပတ္သက္၍ တတိယအႀကိမ္ လႊတ္ ေတာ္တြင္ Right To Recall ဥပေဒျပ႒ာန္းေရးအျမင္ကြဲျပားမႈမ်ားရွိေနေၾကာင္း NP News က ဆက္ သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရသိရသည္။
Right To Recall ဥပေဒသည္ (၂၀ဝ၈)ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ (၃၉၆)(ခ)အရ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအား တာဝန္မွျပန္လည္႐ုပ္သိမ္းႏိုင္ျခင္းႏွင့္ပတ္သက္၍ မူလမဲဆႏၵရွင္ (၁) ရာခိုင္ႏႈန္းသည္ တာဝန္မွျပန္လည္႐ုပ္သိမ္းလိုသည့္လႊတ္ေတာ္အမတ္ႏွင့္ပတ္သက္သည့္ တိုင္တန္းခ်က္ကို ျပည္ ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ တင္ျပေတာင္းဆိုရမည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအတြင္း အိပ္ငိုက္ကာ လစာထုတ္ယူမည့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကို ကိုယ္စားလွယ္အျဖစ္မွ႐ုပ္သိမ္းခြင့္ (Right To Recall) ဥပေဒကို အဆိုတင္သြင္း သြားမည္ျဖစ္ေၾကာင္း ျပည္သူ႔လႊတ္‌ေတာ္ကိုယ္စားလွယ္ဦးလွေဆြက မတ္လ (၁၆) ရက္ နံနက္ပိုင္းက တတိယအႀကိမ္ ျပည္သူ႔လႊတ္‌ေတာ္ ပထမပုံမွန္အစည္းအေဝး ပထမေန႔အၿပီး မီဒီယာမ်ား အားေျဖၾကား စဥ္ထည့္သြင္းေျပာဆိုခဲ့သည္။
“ျပည္သူေတြကို အာမခံခ်က္ေပးႏိုင္တာက အရည္အခ်င္းမရွိတဲ့လႊတ္‌ေတာ္ကိုယ္စားလွယ္ေတြ ႐ုပ္သိမ္းခြင့္ဥပေဒကို ကြၽန္ေတာ္ အဆိုတင္မွာ။ အရည္အခ်င္းမရွိတဲ့လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ျပန္ ေခၚပါ။ ဒါမွလည္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြအလုပ္လုပ္မယ္။ လႊတ္‌ေတာ္ကိုယ္စားလွယ္ေတြ အ လုပ္လုပ္မွလည္း ေဒသကတိုးတက္မွာ၊ ဖြံ႕ၿဖိဳးမွာ။ ဒါေၾကာင့္မို႔ အရည္အခ်င္းမျပည့္မီတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ျပန္႐ုပ္သိမ္းခြင့္ကို (၂၀၁၀)တုန္းကလည္းမလုပ္ဘူး၊ (၂၀၁၅)တုန္းကလည္းမလုပ္ဘူး။ အခုကြၽန္ေတာ္တို႔ (၂၀၂၆) မွာေတာ့ ကြၽန္ေတာ္ကေတာ့ ထိုင္ၿပီးေတာ့ အိပ္ငိုက္ၿပီး လစာထုတ္မယ့္ လႊတ္ ေတာ္ကိုယ္စားလွယ္ေတြကို ျပည္သူလူထုက ဘာအဆိုမွ ဘာေမးခြန္းမွမတင္တဲ့အခါက်ေတာ့ တိုင္းျပည္ အတြက္လည္း နစ္နာတယ္၊ ျပည္သူအတြက္လည္းနစ္နာတယ္ေလ။ ဒါမ်ိဳးကို ျပန္ၿပီးေတာ့႐ုပ္သိမ္းပိုင္ခြင့္ ျပ႒ာန္းဖို႔ေဆာင္႐ြက္မွာပါ”ဟု ဦးလွေဆြကေျပာသည္။
အဆိုပါဥပေဒသည္ ဥပေဒေရးဆြဲထားၿပီးျဖစ္ေသာ္လည္း ျပ႒ာန္းရန္အတြက္ လတ္တေလာ အေျခအေနတြင္မူ သေဘာမက်ေသးေၾကာင္း ႏိုင္ငံေရးနယ္ပယ္မွသတင္းရင္းျမစ္တစ္ဦးကဆိုသည္။
“Right To Recall ဥပေဒကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာလည္း ေရးဆြဲထားၿပီးသားေပါ့။ ဒါေပမဲ့လႊတ္ေတာ္ေတြမွာေတာ့ အေျခအေနအခ်ိန္အခါအရ မက်င့္သုံးေသးဘဲနဲ႔ ထားထား တဲ့ဥပေဒ တစ္ ခုပါပဲ။ ကြၽန္ေတာ္တို႔က ဥပေဒျပ႒ာန္းခ်က္မွာ ရွိၿပီးသားျဖစ္တဲ့အတြက္ လက္မခံဘူးလို႔ ေျပာလို႔ေတာ့မရ ဘူးေပါ့ဗ်ာ။ ဒါေပမဲ့ ကိုယ့္တိုင္းျပည္၊ ကိုယ့္ႏိုင္ငံေရး ကိုယ့္လႊတ္ေတာ္ေတြအေပၚ အေျခအေနေပၚ မူတည္ၿပီးေတာ့ အသိဉာဏ္တရားနဲ႔ လုပ္သင့္တယ္၊ မလုပ္သင့္ဘူးဆိုတာေတာ့ ဆုံးျဖတ္ဖို႔လိုတာ ေပါ့ေနာ္။ လတ္တေလာ အေျခအ ေနမွာေျပာရရင္ေတာ့ သေဘာမက်ပါဘူး” ဟု ၎ကေျပာသည္။
အဆိုပါ ဥပေဒအား ၿပီးသည့္ ပထမအႀကိမ္လႊတ္ေတာ္ကပင္ စတင္အဆိုျပဳခဲ့ျခင္းျဖစ္ၿပီး ျပည္ ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အားေကာင္းစဥ္ကလည္း အဆိုပါဥပေဒအား ဆိုင္းငံ့ခဲ့ၿပီးေနာက္ NLD အစိုးရလက္ထက္တြင္လည္း အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ျခင္းမရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.