ရခိုင်ပြည်နယ် လွှတ်တော်လုံခြုံရေးအတွက် ပြည်နယ် အစိုးရက အပြည့်အဝ တာဝန်ယူဆောင်ရွက်ထား

 230

သုတကျော် (NP News)- မတ် ၂၃

ရခိုင်ပြည်နယ် လွှတ်တော်လုံခြုံရေးအတွက် ပြည်နယ်အစိုးရက အပြည့်အဝတာဝန်ယူဆောင် ရွက်ထားကြောင်း အဆိုပါ ပြည်နယ်အစိုးရမှ အကြီးတန်းအရာရှိတစ်ဦးက NP News သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် အစိုးရထိန်းချုပ်အောက်၌ ပြည်နယ်၏မြို့တော်ဖြစ်သော စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့တို့ရှိနေပြီး စစ်တွေမြို့ကို ထိန်းချုပ်ရန်အတွက် AA က ကြိုးပမ်းနေ သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မြို့လုံခြုံရေးအတွက် အစိုးရက အပြည့်အဝထိန်းချုပ် ထားနိုင်သော အခြေအနေဖြစ်သည်။

“လုံခြုံရေးကတော့ ကျွန်တော်တို့ဆီက အပြည့်အဝ တာဝန်ယူထားတာပေါ့။ အပြည့်အဝ တာဝန် ယူတယ်ဆိုတာ ဘယ်လိုပြောမလဲ ကျွန်တော် တို့ အတွင်းစည်း အပြင်စည်း ရှိတာပေါ့နော်။ လုံခြုံ ရေးကို အပြည့်အဝယူထားတယ်။ လုံခြုံရေးအတွက် ပြည်နယ်အစိုးရက ကြိုတင်ဆောင်ရွက်ပေးထား တယ်” ဟု အထက်ပါ အကြီးတန်းအရာရှိကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များအတွက် ရိပ်သာတွင်လည်း မီးမပြတ်စေရန် ဆောင်ရွက်ထားပြီး လျှပ်စစ်ရရှိစေရန်အတွက် စီမံထားကြောင်း ပြောသည်။

“လျှပ်စစ် မခဲယဉ်းအောင် ဆိုပြီးတော့ 100 kVA ဆိုလာ တပ်ပေးထားတယ်။ 100 kVA ဆိုလာ တပ်ပေးထားတော့ နေ့ခင်းလွှတ်တော်အစည်း အဝေး၊ ညကျရင် လွှတ်တော်ရိပ်သာ လုံခြုံရေး မီး၊ အ လင်းရောင် အကုန်ရအောင်စီစဉ်ထားတာ”ဟု ၎င်းကဆိုသည်။

လက်ရှိအင်တာနက်စာမျက်နှာများထကတွင် ကျောက်ဖြူမြို့နှင့်ပတ်သက်၍ AA က ထိန်းချုပ် တော့မည့် ပုံစံရေးသားမှုများရှိနေသော်လည်း မြေပြင်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အစိုးရသစ်လက်ထက်ကာလတွင် စတင်ရန် စီစဉ်နေကြောင်းသိရသည်။

“ကျောက်ဖြူရေနက်ဆိပ်ကမ်းကလည်း အစိုးရအပြောင်းအလဲကိုစောင့်နေတာ။ အစိုးရသစ် ဖွဲ့ပြီး တဲ့အချိန်ကျရင် အင်နဲ့အားနဲ့ စလုပ်မှာပေါ့နော်”ဟု လုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောကြားထားသည်။

ထို့ပြင် တစ်ချိန်က မြို့တော်လွိုင်ကော်အထိ PDF ရောက်ခဲ့ဖူးသည့် ကယားပြည်နယ်လွှတ်တော်မှာလည်း ခြိမ်းခြောက်မှုအချို့ရှိခဲ့သည့်တိုင် လုံခြုံရေးအခြေအနေကောင်းမွန်ကြောင်းသိရသည်။

“ဗြောက်သံတောင်မကြားဘူး။ ရှော့တိုက်ဒုံးနဲ့ပစ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာရှိတယ်။ ဒါပေမဲ့ ဒီကောင်တွေ လက်ထဲက လေပဲရှိတာ ရှော့တိုက်ဒုံး တကယ်မှမရှိတာ” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Zawgyi version:

ရခိုင္ျပည္နယ္ လႊတ္ေတာ္လုံၿခဳံေရးအတြက္ ျပည္နယ္အစိုးရက အျပည့္အဝတာဝန္ယူေဆာင္ ႐ြက္ထားေၾကာင္း အဆိုပါ ျပည္နယ္အစိုးရမွ အႀကီးတန္းအရာရွိတစ္ဦးက NP News သို႔ ေျပာသည္။
ရခိုင္ျပည္နယ္တြင္ အစိုးရထိန္းခ်ဳပ္ေအာက္၌ ျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ေသာ စစ္ေတြၿမိဳ႕၊ ေက်ာက္ျဖဴၿမိဳ႕ႏွင့္ မာန္ေအာင္ၿမိဳ႕တို႔ရွိေနၿပီး စစ္ေတြၿမိဳ႕ကို ထိန္းခ်ဳပ္ရန္အတြက္ AA က ႀကိဳးပမ္းေန သည္ဟု သတင္းမ်ားထြက္ေပၚေနေသာ္လည္း ၿမိဳ႕လုံၿခဳံေရးအတြက္ အစိုးရက အျပည့္အဝထိန္းခ်ဳပ္ ထားႏိုင္ေသာ အေျခအေနျဖစ္သည္။
“လုံၿခဳံေရးကေတာ့ ကြၽန္ေတာ္တို႔ဆီက အျပည့္အဝ တာဝန္ယူထားတာေပါ့။ အျပည့္အဝ တာဝန္ ယူတယ္ဆိုတာ ဘယ္လိုေျပာမလဲ ကြၽန္ေတာ္ တို႔ အတြင္းစည္း အျပင္စည္း ရွိတာေပါ့ေနာ္။ လုံၿခဳံ ေရးကို အျပည့္အဝယူထားတယ္။ လုံၿခဳံေရးအတြက္ ျပည္နယ္အစိုးရက ႀကိဳတင္ေဆာင္႐ြက္ေပးထား တယ္” ဟု အထက္ပါ အႀကီးတန္းအရာရွိကဆိုသည္။
လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအတြက္ ရိပ္သာတြင္လည္း မီးမျပတ္ေစရန္ ေဆာင္႐ြက္ထားၿပီး လွ်ပ္စစ္ရရွိေစရန္အတြက္ စီမံထားေၾကာင္း ေျပာသည္။
“လွ်ပ္စစ္ မခဲယဥ္းေအာင္ ဆိုၿပီးေတာ့ 100 kVA ဆိုလာ တပ္ေပးထားတယ္။ 100 kVA ဆိုလာ တပ္ေပးထားေတာ့ ေန႔ခင္းလႊတ္ေတာ္အစည္း အေဝး၊ ညက်ရင္ လႊတ္ေတာ္ရိပ္သာ လုံၿခဳံေရး မီး၊ အ လင္းေရာင္ အကုန္ရေအာင္စီစဥ္ထားတာ”ဟု ၎ကဆိုသည္။
လက္ရွိအင္တာနက္စာမ်က္ႏွာမ်ားထကတြင္ ေက်ာက္ျဖဴၿမိဳ႕ႏွင့္ပတ္သက္၍ AA က ထိန္းခ်ဳပ္ ေတာ့မည့္ ပုံစံေရးသားမႈမ်ားရွိေနေသာ္လည္း ေျမျပင္တြင္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္းကို အစိုးရသစ္လက္ထက္ကာလတြင္ စတင္ရန္ စီစဥ္ေနေၾကာင္းသိရသည္။
“ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းကလည္း အစိုးရအေျပာင္းအလဲကိုေစာင့္ေနတာ။ အစိုးရသစ္ ဖြဲ႕ၿပီး တဲ့အခ်ိန္က်ရင္ အင္နဲ႔အားနဲ႔ စလုပ္မွာေပါ့ေနာ္”ဟု လုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာၾကားထား သည္။
ထို႔ျပင္ တစ္ခ်ိန္က ၿမိဳ႕ေတာ္လြိဳင္ေကာ္အထိ PDF ေရာက္ခဲ့ဖူးသည့္ ကယားျပည္နယ္လႊတ္ ေတာ္မွာလည္း ၿခိမ္းေျခာက္မႈအခ်ိဳ႕ရွိခဲ့သည့္တိုင္ လုံၿခဳံေရးအေျခအေနေကာင္းမြန္ေၾကာင္းသိရသည္။
“ေျဗာက္သံေတာင္မၾကားဘူး။ ေရွာ့တိုက္ဒုံးနဲ႔ပစ္မယ္ဆိုၿပီးေတာ့ ၿခိမ္းေျခာက္တာရွိတယ္။ ဒါေပမဲ့ ဒီေကာင္ေတြ လက္ထဲက ေလပဲရွိတာ ေရွာ့တိုက္ဒုံး တကယ္မွမရွိတာ” ဟု တာဝန္ရွိသူတစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.