ဟော်မုဇ်ရေလက်ကြား အပြီးတိုင်ပိတ်ဆို့မည့် ခြိမ်းခြောက်မှုကြောင့်ကမ္ဘာ့ရေနံဈေး ကမောက်ကမဖြစ်လာ

 248

ဂျန်ဇက် (NP News)- မတ် ၂၃

​အီရန်စစ်မီးက(၂၃) ရက်မြောက်နေ့သို့ ရောက်ရှိလာချိန်တွင် ပိုမိုပြင်းထန်လာခဲ့ပြီး၊ အမေရိကန်နှင့် အီရန်တို့အကြား တိုက်ရိုက်ထိပ်တိုက်တွေ့မှုများကြောင့် ကမ္ဘာ့စီးပွားရေးနှင့် စွမ်းအင်ဈေးကွက်ကိုပါ ကြီးမားစွာ ဂယက်ရိုက်လာနေပြီ ဖြစ်ကြောင်းသိရသည်။

အမေရိကန်သမ္မတ ထရမ့် က ဟော်မုဇ်ရေလက်ကြား ကို ၄၈ နာရီအတွင်း ပြန်ဖွင့်ရန်နှင့် မဖွင့်ပါက အီရန်၏ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး စက်ရုံများကို ဖျက်ဆီးပစ်မည်ဟု ရာဇသံပေးခဲ့သလို အီရန်က လည်းအမေရိကန်ဘက်ကသာ စက်ရုံများကို တိုက်ခိုက်လာပါက ဟော်မုဇ်ရေလက်ကြားကို "အပြီးတိုင်" ပိတ်ဆို့သွားမည်ဖြစ်ပြီး ဖျက်ဆီးခံရသော စက်ရုံများ ပြန်လည်မတည်ဆောက်နိုင်မချင်း ပြန်ဖွင့်ပေးမည်မဟုတ်ကြောင်း တုံ့ပြန်ထားသည်။ ထို့ပြင် အီရန်လွှတ်တော်ဥက္ကဋ္ဌကလည်း ဒေသတွင်းရှိ စွမ်းအင်နှင့် အရေးကြီး အခြေခံအဆောက်အအုံများအားလုံးကို "ပြန်လည်ကုစား၍မရအောင် ဖျက်ဆီးပစ်မည်" ဟု ခြိမ်းခြောက်ထားရာ ကမ္ဘာရေနံစျေးကွက် ကမောက်ကမ ဖြစ်နေသည်။

ရေလက်ကြားပိတ်ဆို့မည်ဆိုသော အီရန်၏ ခြိမ်းခြောက်မှုကြောင့် မတ်၂၂တွင် ဘရန့်ရေနံစိမ်း (Brent crude) ဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါလာ ၁၁၄ ဒသမ ၀၉ အထိ မြင့်တက်ခဲ့သလို အမေရိကန်ရေနံစိမ်း (US crude) ဈေးနှုန်းသည် ဒေါလာ ၁၀၀ အထက် မြင့်တက်ခဲ့ကြောင်း သိရသည်။ အီရန်စစ်ပွဲစတင်ချိန်မှစ၍ Brent ရေနံဈေးသည် ၅၀ ရာခိုင်နှုန်း နီးပါး မြင့်တက်လာခဲ့သည်။

အဆိုပါဂယက်ကြောင့် မတ်လ ၂၃ရက်နေ့က အာရှစတော့ဈေးကွက်များ ဖွင့်လှစ်ချိန်တွင် ဂျပန် Nikkei ၃.၅ ရာခိုင်နှုန်း၊ တောင်ကိုရီးယား Kospi ၄.၉ ရာခိုင်နှုန်း နှင့် ဟောင်ကောင် Hang Seng ၂.၇ ရာခိုင်နှုန်း အသီးသီး ထိုးကျသွားခဲ့သည်။ ကော်ပိုရိတ်အမှုဆောင်များကမူ အဆိုပါအကျပ်အတည်းကို ဖြေရှင်းရန် "နှစ်ပတ်" ခန့်သာ အချိန်ရနိုင်ပြီး အဆိုပါကာလထက်ထက်ကျော်လွန်ပါက ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းများ ရပ်တန့်သွားနိုင်ကြောင်း သတိပေးထားသည်။

စစ်ပွဲစတင်ပြီးနောက် ဒေသတွင်း သေဆုံးသူစုစုပေါင်း ၂,၀၀၀ ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်းသိရသည်။

အီရန်တွင် ၁,၅၀၀ ကျော် (ကလေး ၂၀၀ ကျော်အပါအဝင်)၊ လက်ဘနွန်တွင် ၁,၀၀၀ ကျော်၊ အစ္စရေးအရပ်သား ၁၇ ဦးနှင့် အမေရိကန်စစ်မှုထမ်း ၁၃ ဦး သေဆုံးခဲ့သည်။ အစ္စရေးစစ်ဦးစီးချုပ် က အီရန်ကိုတိုက်ခိုက်နေသည့် ယခုစစ်ဆင်ရေးသည် "တစ်ဝက်သာ" ရှိသေးကြောင်းနှင့် စစ်ပွဲသည် ရက်သတ္တပတ်များစွာ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

Zawgyi version:

အီရန္စစ္မီးက(၂၃) ရက္ေျမာက္ေန႔သို႔ ေရာက္ရွိလာခ်ိန္တြင္ ပိုမိုျပင္းထန္လာခဲ့ၿပီး၊ အေမရိကန္ႏွင့္ အီရန္တို႔အၾကား တိုက္႐ိုက္ထိပ္တိုက္ေတြ႕မႈမ်ားေၾကာင့္ ကမာၻ႔စီးပြားေရးႏွင့္ စြမ္းအင္ေဈးကြက္ကိုပါ ႀကီးမားစြာ ဂယက္႐ိုက္လာေနၿပီ ျဖစ္ေၾကာင္းသိရသည္။အေမရိကန္သမၼတ ထရမ့္ က ေဟာ္မုဇ္ေရလက္ၾကား ကို ၄၈ နာရီအတြင္း ျပန္ဖြင့္ရန္ႏွင့္ မဖြင့္ပါက အီရန္၏ လွ်ပ္စစ္စြမ္းအင္ထုတ္လုပ္ေရး စက္႐ုံမ်ားကို ဖ်က္ဆီးပစ္မည္ဟု ရာဇသံေပးခဲ့သလို အီရန္က လည္းအေမရိကန္ဘက္ကသာ စက္႐ုံမ်ားကို တိုက္ခိုက္လာပါက ေဟာ္မုဇ္ေရလက္ၾကားကို "အၿပီးတိုင္" ပိတ္ဆို႔သြားမည္ျဖစ္ၿပီး ဖ်က္ဆီးခံရေသာ စက္႐ုံမ်ား ျပန္လည္မတည္ေဆာက္ႏိုင္မခ်င္း ျပန္ဖြင့္ေပးမည္မဟုတ္ေၾကာင္း တုံ႔ျပန္ထားသည္။ ထို႔ျပင္ အီရန္လႊတ္ေတာ္ဥကၠ႒ကလည္း ေဒသတြင္းရွိ စြမ္းအင္ႏွင့္ အေရးႀကီး အေျခခံအေဆာက္အအုံမ်ားအားလုံးကို "ျပန္လည္ကုစား၍မရေအာင္ ဖ်က္ဆီးပစ္မည္" ဟု ၿခိမ္းေျခာက္ထားရာ ကမာၻေရနံေစ်းကြက္ ကေမာက္ကမ ျဖစ္ေနသည္။
ေရလက္ၾကားပိတ္ဆို႔မည္ဆိုေသာ အီရန္၏ ၿခိမ္းေျခာက္မႈေၾကာင့္ မတ္၂၂တြင္ ဘရန႔္ေရနံစိမ္း (Brent crude) ေဈးႏႈန္းသည္ တစ္စည္လွ်င္ အေမရိကန္ေဒါလာ ၁၁၄ ဒသမ ၀၉ အထိ ျမင့္တက္ခဲ့သလို အေမရိကန္ေရနံစိမ္း (US crude) ေဈးႏႈန္းသည္ ေဒါလာ ၁၀၀ အထက္ ျမင့္တက္ခဲ့ေၾကာင္း သိရသည္။ အီရန္စစ္ပြဲစတင္ခ်ိန္မွစ၍ Brent ေရနံေဈးသည္ ၅၀ ရာခိုင္ႏႈန္း နီးပါး ျမင့္တက္လာခဲ့သည္။
အဆိုပါဂယက္ေၾကာင့္ မတ္လ ၂၃ရက္ေန႔က အာရွစေတာ့ေဈးကြက္မ်ား ဖြင့္လွစ္ခ်ိန္တြင္ ဂ်ပန္ Nikkei ၃.၅ ရာခိုင္ႏႈန္း၊ ေတာင္ကိုရီးယား Kospi ၄.၉ ရာခိုင္ႏႈန္း ႏွင့္ ေဟာင္ေကာင္ Hang Seng ၂.၇ ရာခိုင္ႏႈန္း အသီးသီး ထိုးက်သြားခဲ့သည္။ ေကာ္ပိုရိတ္အမႈေဆာင္မ်ားကမူ အဆိုပါအက်ပ္အတည္းကို ေျဖရွင္းရန္ "ႏွစ္ပတ္" ခန႔္သာ အခ်ိန္ရႏိုင္ၿပီး အဆိုပါကာလထက္ထက္ေက်ာ္လြန္ပါက ကမာၻလုံးဆိုင္ရာ စက္မႈလုပ္ငန္းမ်ား ရပ္တန႔္သြားႏိုင္ေၾကာင္း သတိေပးထားသည္။စစ္ပြဲစတင္ၿပီးေနာက္ ေဒသတြင္း ေသဆုံးသူစုစုေပါင္း ၂,၀၀၀ ေက်ာ္လြန္လာခဲ့ၿပီျဖစ္ေၾကာင္းသိရသည္။
အီရန္တြင္ ၁,၅၀၀ ေက်ာ္ (ကေလး ၂၀၀ ေက်ာ္အပါအဝင္)၊ လက္ဘႏြန္တြင္ ၁,၀၀၀ ေက်ာ္၊ အစၥေရးအရပ္သား ၁၇ ဦးႏွင့္ အေမရိကန္စစ္မႈထမ္း ၁၃ ဦး ေသဆုံးခဲ့သည္။ အစၥေရးစစ္ဦးစီးခ်ဳပ္ က အီရန္ကိုတိုက္ခိုက္ေနသည့္ ယခုစစ္ဆင္ေရးသည္ "တစ္ဝက္သာ" ရွိေသးေၾကာင္းႏွင့္ စစ္ပြဲသည္ ရက္သတၱပတ္မ်ားစြာ ဆက္လက္ျဖစ္ပြားႏိုင္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.