သိန္နီတွင် မြန်မာကျပ်ငွေအစား တရုတ်ယွမ်ကိုသာ အများဆုံးသုံးစွဲနေကြ

 1100

သန့်ဇင် (NP News) - မတ် ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် မြန်မာကျပ်ငွေအစား တရုတ်ယွမ်များကိုသာ အများ ဆုံးသုံးစွဲနေကြရကြောင်း ဒေသခံတစ်ဦးက NP News ပြောသည်။
လက်ရှိတွင် သိန္နီမြို့ကို MNDAA က ထိန်းချုပ်ထားပြီး ယင်းမြို့အတွင်းသို့ တရုတ်လုပ်ငန်းရှင် များခေါ်သွင်းကာ တရုတ်စာပေနှင့် တရုတ် ငွေသုံးစွဲမှုသည်လည်း ယခင်ထက်ပိုမိုအသုံးများ လာကြောင်း သိရသည်။
“ကိုးကန့်က အခုဆိုရင် သိန္နီက စော်ဘွားဈေးဆိုရင်အဖျက်ခံလိုက်ရတယ်။ အခုဆိုရင် သိန္နီမှာ မြန်မာကျပ်ငွေ သုံးဖို့တောင် အဆင်မပြေတော့ဘူး။ အားလုံးက တရုတ်ငွေတွေသုံးနေကြတာ။ MNDAA က သိန္နီကနေ ဆုတ်ဖို့အလားလာမရှိ သေးပါဘူး။ တရုတ်တွေချည်းပဲ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သိန္နီတွင် MNDAA ကျောထောက်နောက်ခံပေးထားသော တရုတ်လုပ်ငန်းရှင်များက ဒေသခံများ ပိုင်ဆိုင်သော မြေယာများကို အတင်းအကြပ်ဝယ်ယူရာတွင် မရောင်းချသူများအား အတင်းအကြပ် ဖိအားပေးကာ ငွေဖြင့်ပစ်ပေါက်ဝယ်ယူသ ကဲ့သို့ ဖြစ်နေကြောင်း ၎င်းကဆိုသည်။
“နောက်ဆုံး အဲဒီတရုတ်လုပ်ငန်းရှင်တွေကို လယ်ယာမြေတွေလာဝယ်ခိုင်းတယ်။ ဆိုင်တွေလာ ဝယ်ခိုင်းတယ်။ မြေတွေလာဝယ်ခိုင်းတာကို ဒေသခံက မရောင်းပေးဘူးဆိုရင် ဒီလူကို ဘေးကျပ်နံကျပ် ဖြစ်အောင်လုပ်တယ်။ ဥပမာ တစ်ယွမ်နဲ့ ဝယ်လို့မရောင်းရင် (၂) ယွမ်ပေးဝယ်။ (၂) ယွမ်နဲ့ ပေးလို့ မရောင်းရင် (၃) ယွမ်ပေးတယ်။ အတင်းရောင်းခိုင်းတာ။ ပေးတာကလည်း ယွမ်နဲ့ပဲ။ ငွေနဲ့ ပစ်ဝယ်တာ။ နောက်ဆုံးမခံနိုင်တော့ဘူး။ ဥပဒေမှ မရှိတော့တာ။ မရောင်းရင် ငြိုးမှာပေါ့။ မြေတွေအဲဒီ လောက်ဝယ် နေတာက သူတို့မှာ ပေါ်လစီရှိတယ်။ (၅) နှစ်ရရင် အပိုင်ပဲ။ ခင်ဗျားမြေကို ကျွန်တော် ဝယ်လိုက်တယ် နော်။ ကျွန်တော် (၅) နှစ်လောက် ဝယ်ပြီးပြီဆိုရင် အဲဒီမြေက ကျွန်တော့်အပိုင်ဖြစ်သွားပြီ။ နယ်ချဲ့သလို ဖြစ်သွားပြီ။ သိန္နီက အခုတရုတ်ပြည် ဖြစ်သွားပြီ”ဟု ၎င်းက ပြောသည်။
ထို့ပြင် သိန္နီမြို့တွင် တရုတ်နိုင်ငံသား လုပ်ငန်းရှင်များပိုမိုများပြားလာပြီးနောက် လောင်းကစား လုပ်ငန်းများအပြင် ဒေသတွင်း စီးပွားရေးလုပ်ငန်းများဖြစ်သည့် သီးနှံရောင်း ဝယ်ရေးလုပ်ငန်းများနှင့် ကြံ စိုက်ပျိုးခြင်းအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လက်ဝါးကြီးအုပ် လုပ်ကိုင်နေကြောင်းသိရ သည်။

Zawgyi Version;
သိႏၷီတြင္ ျမန္မာက်ပ္ေငြအစား တ႐ုတ္ယြမ္ကိုသာ အမ်ားဆုံးသုံးစြဲေနၾက
သန႔္ဇင္ (NP News) - မတ္ ၂၄
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိႏၷီၿမိဳ႕နယ္တြင္ ျမန္မာက်ပ္ေငြအစား တ႐ုတ္ယြမ္မ်ားကိုသာ အမ်ား ဆုံးသုံးစြဲေနၾကရေၾကာင္း ေဒသခံတစ္ဦးက NP News ေျပာသည္။
လက္ရွိတြင္ သိႏၷီၿမိဳ႕ကို MNDAA က ထိန္းခ်ဳပ္ထားၿပီး ယင္းၿမိဳ႕အတြင္းသို႔ တ႐ုတ္လုပ္ငန္းရွင္ မ်ားေခၚသြင္းကာ တ႐ုတ္စာေပႏွင့္ တ႐ုတ္ ေငြသုံးစြဲမႈသည္လည္း ယခင္ထက္ပိုမိုအသုံးမ်ား လာေၾကာင္း သိရသည္။
“ကိုးကန႔္က အခုဆိုရင္ သိႏၷီက ေစာ္ဘြားေဈးဆိုရင္အဖ်က္ခံလိုက္ရတယ္။ အခုဆိုရင္ သိႏၷီမွာ ျမန္မာက်ပ္ေငြ သုံးဖို႔ေတာင္ အဆင္မေျပေတာ့ဘူး။ အားလုံးက တ႐ုတ္ေငြေတြသုံးေနၾကတာ။ MNDAA က သိႏၷီကေန ဆုတ္ဖို႔အလားလာမရွိ ေသးပါဘူး။ တ႐ုတ္ေတြခ်ည္းပဲ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
သိႏၷီတြင္ MNDAA ေက်ာေထာက္ေနာက္ခံေပးထားေသာ တ႐ုတ္လုပ္ငန္းရွင္မ်ားက ေဒသခံမ်ား ပိုင္ဆိုင္ေသာ ေျမယာမ်ားကို အတင္းအၾကပ္ဝယ္ယူရာတြင္ မေရာင္းခ်သူမ်ားအား အတင္းအၾကပ္ ဖိအားေပးကာ ေငြျဖင့္ပစ္ေပါက္ဝယ္ယူသ ကဲ့သို႔ ျဖစ္ေနေၾကာင္း ၎ကဆိုသည္။
“ေနာက္ဆုံး အဲဒီတ႐ုတ္လုပ္ငန္းရွင္ေတြကို လယ္ယာေျမေတြလာဝယ္ခိုင္းတယ္။ ဆိုင္ေတြလာ ဝယ္ခိုင္းတယ္။ ေျမေတြလာဝယ္ခိုင္းတာကို ေဒသခံက မေရာင္းေပးဘူးဆိုရင္ ဒီလူကို ေဘးက်ပ္နံက်ပ္ ျဖစ္ေအာင္လုပ္တယ္။ ဥပမာ တစ္ယြမ္နဲ႔ ဝယ္လို႔မေရာင္းရင္ (၂) ယြမ္ေပးဝယ္။ (၂) ယြမ္နဲ႔ ေပးလို႔ မေရာင္းရင္ (၃) ယြမ္ေပးတယ္။ အတင္းေရာင္းခိုင္းတာ။ ေပးတာကလည္း ယြမ္နဲ႔ပဲ။ ေငြနဲ႔ ပစ္ဝယ္တာ။ ေနာက္ဆုံးမခံႏိုင္ေတာ့ဘူး။ ဥပေဒမွ မရွိေတာ့တာ။ မေရာင္းရင္ ၿငိဳးမွာေပါ့။ ေျမေတြအဲဒီ ေလာက္ဝယ္ ေနတာက သူတို႔မွာ ေပၚလစီရွိတယ္။ (၅) ႏွစ္ရရင္ အပိုင္ပဲ။ ခင္ဗ်ားေျမကို ကြၽန္ေတာ္ ဝယ္လိုက္တယ္ ေနာ္။ ကြၽန္ေတာ္ (၅) ႏွစ္ေလာက္ ဝယ္ၿပီးၿပီဆိုရင္ အဲဒီေျမက ကြၽန္ေတာ့္အပိုင္ျဖစ္သြားၿပီ။ နယ္ခ်ဲ႕သလို ျဖစ္သြားၿပီ။ သိႏၷီက အခုတ႐ုတ္ျပည္ ျဖစ္သြားၿပီ”ဟု ၎က ေျပာသည္။
ထို႔ျပင္ သိႏၷီၿမိဳ႕တြင္ တ႐ုတ္ႏိုင္ငံသား လုပ္ငန္းရွင္မ်ားပိုမိုမ်ားျပားလာၿပီးေနာက္ ေလာင္းကစား လုပ္ငန္းမ်ားအျပင္ ေဒသတြင္း စီးပြားေရးလုပ္ငန္းမ်ားျဖစ္သည့္ သီးႏွံေရာင္း ဝယ္ေရးလုပ္ငန္းမ်ားႏွင့္ ႀကံ စိုက္ပ်ိဳးျခင္းအပါအဝင္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကိုလည္း လက္ဝါးႀကီးအုပ္ လုပ္ကိုင္ေနေၾကာင္းသိရ သည္။

Picture

U Myo Kyi

25/03/2026 09:46

နိုင်ငံခြားသားပိုင်ဆိုင်မှု ဉပဒေ၊နိုင်ငံသားအခွင့်အရေး၊နိုင်ငံခြားသားများနိုင်ငံတွင်း စီးပွားရေးကန်သတ်လုပ်ကိုင်ခွင့် ဉပဒေ၊နဲ့ တရုပ်နယ်စပ်မှာတာဝန်ထမ်းဆောင်မဲ့ ဝန်ထမ်းများကို လစာ လုံလောက်စွာသုံးခွင့် လုပ်ပိုင်ခွင့်အာဏာ ပိုပေးထားရမှာဖြစ်ပါတယ် ဝန်ထမ်းက အသုံးစရိတ်မလုံလောက်ရင် စိးပွားရေးသမားရဲ့ငွေကျည်ဆံမိမယ် လုပ်ပိုင်ခွင့်ကန့်သတ်ရင် စီးပွားရေးသမားဆိုးတွေ မလေးစားပျက်ရယ်ပြုကြမယ်။နိုင်ငံခြားသာတွေပိုင်ဆိုင်မှုနဲ့လုပ်ပိုင်ခွင့်မကန်သတ်ရင် နိုင်ငံသားက ကျွန်ဖြစ်တိုင်းတပါးသားက သခင်ဖြစ်မယ်၊နိုင်ငံသားအကျိုးစီးပွားမြှင့်တင်ပြီး နိုင်ငံသားတစ်ယောက်နဲ့ နိုင်ငံခြားသားတစ်ယောက် စီးပွားရေး၊လူမှုရေး၊ဉပဒေတွေမှာ နိုင်ငံသားဖက်က အစိုးရရဲ့ အလုံးစုံ ထောက်ပံ့မှု ပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။အဲဒီလိုလုပ်ရင် နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် တွေ ရှင်သန်ကြီးထားဖွင့်ဖြိုးလာမှာဖြစ်သလို တိုင်းပြည်ကာကွယ်စောင့်ရှောက်ရာရောက်ပါတယ်။နိုင်ငံသားနဲ့လူမျိုးခြားအမှုဖြစ်ရင် နိုင်ငံသားဖက်က ရှေ့နေ၊ကုန်ကျစရီတ စတာတွေကိုနိုင်ငံတော်က ကျခံပေးရမှာပါ။လိုအပ်တာကိုထောက်ပံ့ပေးတဲ့အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူလာမှာပါလို့ပြောပါရစေ

Related news

© 2021. All rights reserved.