ပုဂ္ဂလိက ဆေးခန်းအချို့တွင် ဆေးမပေးဘဲပြင်ပတွင် ဝယ်ယူခိုင်းမှုများဖြစ်ပေါ်

3754

ပြည့်ဖြိုး (NP News) - မတ် ၂၅
ပုဂ္ဂလိက ဆေးခန်းအချို့တွင် လာရောက်ဆေးခန်းပြသသည့် လူနာများကိုယခင်ကဲ့သို့ သောက် ဆေးများမပေးတော့ဘဲ ပြင်ပဆိုင်များမှဝယ်ယူသုံးစွဲရန် ညွှန်းဆိုခြင်းများရှိလာကြောင်း ကိုယ်တိုင်ကြုံ သူများကြားမှ သိရသည်။
“အရင်တုန်းကဆိုရင် နေမကောင်းလို့ ဆေးခန်းသွားပြရင် ဆေးတွေလည်းပေးလိုက်တယ်၊ အခု က ဆေးမပေးတော့ဘဲ စာအုပ်မှာ ဆေးနာမည်တွေနဲ့ တစ်ရက်ဘယ်နှကြိမ်၊ ဘယ်လိုသောက်ရမယ် ဆို တာမျိုးသာ ရေးပေးလိုက်တော့တယ်၊ ဆေးခန်းကရေးပေးလိုက်တဲ့ဆေးကို အပြင်ဆေးဆိုင်မှာ လိုက်ရှာ ဝယ်သောက်ရတယ်”ဟု ကိုယ်တိုင်ကြုံသူတစ်ဦးက ရှင်းပြသည်။
ဆေးခန်းမှရေးပေးလိုက်သောဆေးများကို အပြင်ဆိုင်များ၌ လိုက်လံရှာဖွေဝယ်ယူရာတွင် အလားတူ ဆေးဝါးများသာရှိနေခြင်း၊ ဆိုင်အများစုတွင်မရှိဘဲ ဆိုင်အချို့တွင်သာရနိုင်ခြင်းကြောင့် ခက်ခဲ စွာလိုက်လံရှာဖွေဝယ်ယူရခြင်းစသည်ဖြင့် လူနာရှင်များအဖို့ အလုပ်ပိုရှုပ်စေသော အခြေအနေများ လည်း ကြုံလာခဲ့ကြသည်။
“ဆေးခန်းက သောက်ဆေးမပေးလိုက်ဘဲ စာအုပ်မှာရေးပေးလိုက်ပေမယ့် စမ်းသပ်ကုသခက နဂိုအတိုင်းပါပဲ၊ ရေးပေးတဲ့ ဆေးကိုလိုက်ရှာဝယ်ရတာ ပိုအလုပ်ရှုပ်တာပေါ့၊ အလားတူ ဆေးပဲရှိတာနဲ့ တချို့ ဆေးတွေက ဝယ်မရတာမျိုးကြုံတော့ ဆေးခန်းကို တစ်ခေါက်ထပ်သွားပြီး ဆရာဝန်ကို တစ်ခါ ထပ်ပြောရနဲ့ အရင်ကထက် အချိန်ကုန် လူပန်းဖြစ်ကြရပါတယ်”ဟုလည်း လူနာရှင်တစ်ဦးက ၎င်းကြုံရ သည့်အဖြစ်ကို ပြောပြသည်။
ယခင်ကဲ့သို့ သောက်ဆေးများ မပေးလိုက်ခြင်းမှာလည်း ယခင်သုံးနေကျ ဆေးဝါးအချို့ပစ္စည်း ပြတ်လပ်ခြင်းများကြောင့်ဖြစ်သည်ဟု ဆိုကြပြီး ဆေးစာအုပ်တွင် အလွယ်တကူရေးပေးလိုက်ခြင်းဖြင့် ဆေးခန်းများဘက်မှ ယင်းအခက်အခဲကို အလွယ်တကူဖြေရှင်းနိုင်သော နည်းလမ်းမျိုးလည်း ဖြစ် ကြောင်း ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် သူနာပြုအဖြစ်လုပ်ကိုင်နေသူတစ်ဦးက ရှင်းပြသည်။
ထိုကဲ့သို့ ပြင်ပဆိုင်များတွင် သွားရောက်ဝယ်ယူရန် ညွှန်းဆိုသည့်ဆေးဝါးများအနက် ထိုးဆေး အဖြစ်အသုံးပြုသော အအေးဓာတ်ဖြင့်သာ ထားသိုရမည့်ဆေးဝါးများပါဝင်သည့်အခါ လူနာရှင်များအဖို့ ပိုမိုအလုပ်ပိုစေသောအခြေအနေမျိုးလည်း ကြုံလာရသည့်အပြင် ထားသိုယူဆောင်ပုံစနစ်ကျမှုမရှိပါက ဆေးအာနိသင်အပေါ် ထိခိုက်နိုင်သောအခြေအနေမျိုးကို ကြုံလာရကြောင်း သိရသည်။

Zawgyi Version;
ပုဂၢလိက ေဆးခန္းအခ်ိဳ႕တြင္ ေဆးမေပးဘဲျပင္ပတြင္ ဝယ္ယူခိုင္းမႈမ်ားျဖစ္ေပၚ
ျပည့္ၿဖိဳး (NP News) - မတ္ ၂၅
ပုဂၢလိက ေဆးခန္းအခ်ိဳ႕တြင္ လာေရာက္ေဆးခန္းျပသသည့္ လူနာမ်ားကိုယခင္ကဲ့သို႔ ေသာက္ ေဆးမ်ားမေပးေတာ့ဘဲ ျပင္ပဆိုင္မ်ားမွဝယ္ယူသုံးစြဲရန္ ၫႊန္းဆိုျခင္းမ်ားရွိလာေၾကာင္း ကိုယ္တိုင္ႀကဳံ သူမ်ားၾကားမွ သိရသည္။
“အရင္တုန္းကဆိုရင္ ေနမေကာင္းလို႔ ေဆးခန္းသြားျပရင္ ေဆးေတြလည္းေပးလိုက္တယ္၊ အခု က ေဆးမေပးေတာ့ဘဲ စာအုပ္မွာ ေဆးနာမည္ေတြနဲ႔ တစ္ရက္ဘယ္ႏွႀကိမ္၊ ဘယ္လိုေသာက္ရမယ္ ဆို တာမ်ိဳးသာ ေရးေပးလိုက္ေတာ့တယ္၊ ေဆးခန္းကေရးေပးလိုက္တဲ့ေဆးကို အျပင္ေဆးဆိုင္မွာ လိုက္ရွာ ဝယ္ေသာက္ရတယ္”ဟု ကိုယ္တိုင္ႀကဳံသူတစ္ဦးက ရွင္းျပသည္။
ေဆးခန္းမွေရးေပးလိုက္ေသာေဆးမ်ားကို အျပင္ဆိုင္မ်ား၌ လိုက္လံရွာေဖြဝယ္ယူရာတြင္ အလားတူ ေဆးဝါးမ်ားသာရွိေနျခင္း၊ ဆိုင္အမ်ားစုတြင္မရွိဘဲ ဆိုင္အခ်ိဳ႕တြင္သာရႏိုင္ျခင္းေၾကာင့္ ခက္ခဲ စြာလိုက္လံရွာေဖြဝယ္ယူရျခင္းစသည္ျဖင့္ လူနာရွင္မ်ားအဖို႔ အလုပ္ပိုရႈပ္ေစေသာ အေျခအေနမ်ား လည္း ႀကဳံလာခဲ့ၾကသည္။
“ေဆးခန္းက ေသာက္ေဆးမေပးလိုက္ဘဲ စာအုပ္မွာေရးေပးလိုက္ေပမယ့္ စမ္းသပ္ကုသခက နဂိုအတိုင္းပါပဲ၊ ေရးေပးတဲ့ ေဆးကိုလိုက္ရွာဝယ္ရတာ ပိုအလုပ္ရႈပ္တာေပါ့၊ အလားတူ ေဆးပဲရွိတာနဲ႔ တခ်ိဳ႕ ေဆးေတြက ဝယ္မရတာမ်ိဳးႀကဳံေတာ့ ေဆးခန္းကို တစ္ေခါက္ထပ္သြားၿပီး ဆရာဝန္ကို တစ္ခါ ထပ္ေျပာရနဲ႔ အရင္ကထက္ အခ်ိန္ကုန္ လူပန္းျဖစ္ၾကရပါတယ္”ဟုလည္း လူနာရွင္တစ္ဦးက ၎ႀကဳံရ သည့္အျဖစ္ကို ေျပာျပသည္။
ယခင္ကဲ့သို႔ ေသာက္ေဆးမ်ား မေပးလိုက္ျခင္းမွာလည္း ယခင္သုံးေနက် ေဆးဝါးအခ်ိဳ႕ပစၥည္း ျပတ္လပ္ျခင္းမ်ားေၾကာင့္ျဖစ္သည္ဟု ဆိုၾကၿပီး ေဆးစာအုပ္တြင္ အလြယ္တကူေရးေပးလိုက္ျခင္းျဖင့္ ေဆးခန္းမ်ားဘက္မွ ယင္းအခက္အခဲကို အလြယ္တကူေျဖရွင္းႏိုင္ေသာ နည္းလမ္းမ်ိဳးလည္း ျဖစ္ ေၾကာင္း ပုဂၢလိကေဆးခန္းတစ္ခုတြင္ သူနာျပဳအျဖစ္လုပ္ကိုင္ေနသူတစ္ဦးက ရွင္းျပသည္။
ထိုကဲ့သို႔ ျပင္ပဆိုင္မ်ားတြင္ သြားေရာက္ဝယ္ယူရန္ ၫႊန္းဆိုသည့္ေဆးဝါးမ်ားအနက္ ထိုးေဆး အျဖစ္အသုံးျပဳေသာ အေအးဓာတ္ျဖင့္သာ ထားသိုရမည့္ေဆးဝါးမ်ားပါဝင္သည့္အခါ လူနာရွင္မ်ားအဖို႔ ပိုမိုအလုပ္ပိုေစေသာအေျခအေနမ်ိဳးလည္း ႀကဳံလာရသည့္အျပင္ ထားသိုယူေဆာင္ပုံစနစ္က်မႈမရွိပါက ေဆးအာနိသင္အေပၚ ထိခိုက္ႏိုင္ေသာအေျခအေနမ်ိဳးကို ႀကဳံလာရေၾကာင္း သိရသည္။