Chubb အာမခံလုပ်ငန်း ထွက်သွားသည်မှာ သုံးလကျော်ပြီဖြစ်သော်လည်း အာမခံကြေး ပေးသွင်းထားသူများအား မည်သို့ ရှင်းလင်းပေးမည်ကို တိတိကျကျမသိရသေး

 502

Pearl (NP News) - မတ်လ ၂၇

Chubb အာမခံလုပ်ငန်း မြန်မာပြည်မှ ပြန်လည်ထွက်ခွာသွားသည်မှာ သုံးလကျော်ပြီဖြစ် သော်လည်း အာမခံကြေးပေးသွင်းထားသူများအား မည်သို့ရှင်းလင်းပေးမည်ကို တိတိကျကျ မသိရသေး ကြောင်း ဃ့ကဘဘ ကုမ္ပဏီ၏ အာမခံကိုယ်စားလှယ် အသိုင်းနှင့် နီးစပ်သူများက NP News သို့ပြောသည်။
ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်က Chubb Life Insurance Myanmar Limited အနေဖြင့် လုပ်ငန်းလည်ပတ်ရာတွင် တွေ့ ကြုံရသော စိန်ခေါ်မှုများနှင့် စီးပွားရေး ပတ်ဝန်းကျင် အခြေအနေတို့ကို ကျော်လွှားနိုင်ခြင်းမရှိသည့်အ တွက် အာမခံလုပ်ငန်းလိုင်စင် ပြန်လည်အပ်နှံရန်နှင့် ၎င်း၏ ကိုယ်စားလှယ်ရုံး Chubb INA International Holdings Limited တို့အား ပိတ်သိမ်းရန် အာမခံလုပ် ငန်းကြီးကြပ်ရေးအဖွဲ့သို့ စာဖြင့်ပေးပို့တင်ပြခဲ့ကြောင်း သိရသည်။ ကုမ္ပဏီအနေဖြင့် ရောင်းချထားပြီးသော အာမခံပေါ်လစီများကို (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်မှစတင်၍ ရပ်ဆိုင်းဖျက်သိမ်းသွားခဲ့ ကြောင်း သိရသည်။
ကုမ္ပဏီမှ ရောင်းချထားပြီး (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်အထိ အကျုံးဝင်နေသော အာမခံပေါ်လစီများ၏ ပေါ်လစီပိုင်ရှင်များအတွက် အာမခံပေါ်လစီကို ဖျက်သိမ်း၍ ပေးသွင်းထား ပြီးဖြစ်သည့် ပရီမီယံများ၏ (၁၀ဝ)ရာခိုင်နှုန်းကို ပြန်လည်ပေးအပ်ခြင်း (သို့မဟုတ်) ခုနှိမ်စရာများ ရှိပါက ပရီမီယံများ၏ (၁၀ဝ)ရာခိုင်နှုန်းမှ အာမခံ အမျိုးအစားပေါ်မူတည်၍ ပေါ်လစီစည်းမျဉ်းစည်း ကမ်းအတိုင်း ခုနှိမ်ပြီး ပြန်လည်ပေးအပ်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော်လည်း လက်ရှိတွင် သုံးလကျော်ပြီဖြစ် ကာ မည်သည့် ပြန်အမ်းငွေမျှ ရရှိခြင်းမရှိသေးဘဲ မည်သို့ ရှင်းလင်းပေးမည်ကို တိတိကျကျမသိရ သေးသဖြင့် အာမခံကြေးပေးသွင်းထားသူများအနေ ဖြင့် မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
" FRD နဲ့ CHUBB သည် ဘယ်လို Agreement နဲ့ ထွက်သွားလဲ ဝင်လာလဲ ၊ ထွက်ခွင့် ပေးလိုက်လဲဆိုတာကို အရောင်းအေးဂျင့်တွေကရော ဝန်ထမ်းတွေကရော မသိဘူး။ ထွက်သွားကြောင်းကို FRD က စာထုတ်ပေးမှပဲ သိရတာ။ အခုက (၃) လဖြစ်သွားပြီဆိုတော့ (၃)လအတွင်းမှာကို Customer ကတအားအော်နေပြီ။ FRD ဘက်ကို လည်း လက်မှတ်ထိုးပြီးတော့ စာတွေတင်ထားတာ (၂) ကြိမ်ရှိတယ်။ ပထမတစ်ကြိမ်က ခေါ်တွေ့တယ် တစ်ယောက်က ။ သူက ပြန် Sharing လုပ်ပေးတယ်။ ဒါပေမဲ့ Officially စာထုတ်ထားတာ မဟုတ်တဲ့အ တွက်ကို Customer ကို Announce လုပ်လို့ မရဘူး။ အခုအနေအထားက Customer ကို ဖြေ ရှင်းပြစရာ ဘာစာရွက်စာတမ်းမှရှိမနေဘူး။ မသိရင် ပေါင်းလိမ်တဲ့ပုံစံဖြစ်နေတယ်" ဟု အာမခံအရောင်း ကိုယ်စားလှယ်ကပြောသည်။
မြန်မာနိုင်ငံတွင် Chubb ၏ အာမခံ ကိုယ်စားလှယ် ထောင်ဂဏန်း ရှိခဲ့ပြီး ၎င်းတို့အနက် (၃၀ဝ) ခန့်က ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့ကြကာ အာမခံကိုယ်စားလှယ်တစ်ဦးလျှင် အာမခံကြေးပေး သွင်းထားသူ (၂၀)ကျော်ခန့်ရှိပြီး ပမာဏအားဖြင့် ကျပ်သိန်း(၂၅၀ဝ)ခန့်ထက်မနည်း ပေးသွင်းထား ကြခြင်းဖြစ်ကြောင်း သိရသည်။
" အေးဂျင့်အကုန်လုံးက ထောင်ကျော် တယ်။ တကယ် Active ဖြစ်တာက (၃၀ဝ)ကျော်၊ (၄၀ဝ)ကျော်ပဲ ရှိမှာပေါ့။ Customer က (၂)သောင်း ဝန်းကျင်ရှိတယ်။ ပမာဏအားဖြင့်က ကုမ္ပဏီဘက်ကပဲ သိတာ။ စာရင်းတွေ အတိအကျက FRD မှာ ရှိတယ်။ လည်ပတ်မှုတွေက အစိုးရနဲ့ ကုမ္ပဏီကြားမှာရှိတယ်။ အခုက အစိုးရအပြောင်းအလဲ လုပ်နေလို့ပေါ့နော်။ FRD ဘက်ကလည်း နောက်ကျ ရင် စာထွက်ပေးမယ်ပေါ့။ အရိပ်အမြွတ်ကတော့ Transfer လုပ်ပေးမယ်လို့ပြောတယ်။ ဘယ်ကုမ္ပဏီ က ဒါကို လက်ခံမလဲမသိသေးဘူး။ ဒါကလည်း Official စာထုတ်ပေးတာမဟုတ်တော့ Customer ကို မပြောရဲသေးဘူး" ဟု ပြောသည်။
အာမခံလုပ်ငန်းမှာ ရောင်းချရာတွင် ယုံ ကြည်မှုဖြင့် ရောင်းချရခြင်းဖြစ်ပြီး ယခုကဲ့သို့ နိုင်ငံ ခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခုက လုပ်ငန်းရုပ် သိမ်းပြီး ပြန်လည်ထွက်ခွာခြင်းမှာ အာမခံလောက အတွက် ရိုက်ခတ်မှုများရှိကြောင်းလည်း ၎င်းက ပြော သည်။ " Chubb က ဘယ်လိုပုံစံ လွှဲ‌ပေးခဲ့ပါတယ် မပြောဘူး။ Insurance Sector မှာ ကုမ္ပဏီကြီး (၅) ခုက တစ်ခု ထွက်သွားတယ်။ အဲဒီတော့ တခြား (၄) ခုအပေါ်လည်း Impact ရှိတယ်။ ပြည်သူတွေ အရမ်းနစ်နာတယ်။ သိန်းကို ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့ ကို နစ်နာတယ်။ ကိုယ်တွေလည်း သူတို့အ တွက်ကို တစ်ခုခုလုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ခံယူဖို့ နိုင်ငံတကာမှာလည်း Speak Out လုပ်ဖို့တော့ လုပ်နေတယ်။ Chubb ထွက်သွားတဲ့အချိန်မှာ ဘယ်လိုလုပ်ခဲ့လဲဆို တာ တရားဝင် စာလေး ထွက် စေချင်တယ်။ အဲဒါကို သိရရင် Customer က စိတ်အေးသွားမှာ" ဟု ပြောသည်။

Zawgyi Version;
Chubb အာမခံလုပ္ငန္း ထြက္သြားသည္မွာ သုံးလေက်ာ္ၿပီျဖစ္ေသာ္လည္း အာမခံေၾကး ေပးသြင္းထားသူမ်ားအား မည္သို႔ ရွင္းလင္းေပးမည္ကို တိတိက်က်မသိရေသး
Pearl (NP News) - မတ္လ ၂၇

Chubb အာမခံလုပ္ငန္း ျမန္မာျပည္မွ ျပန္လည္ထြက္ခြာသြားသည္မွာ သုံးလေက်ာ္ၿပီျဖစ္ ေသာ္လည္း အာမခံေၾကးေပးသြင္းထားသူမ်ားအား မည္သို႔ရွင္းလင္းေပးမည္ကို တိတိက်က် မသိရေသး ေၾကာင္း ဃ့ကဘဘ ကုမၸဏီ၏ အာမခံကိုယ္စားလွယ္ အသိုင္းႏွင့္ နီးစပ္သူမ်ားက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ (၁၇) ရက္က Chubb Life Insurance Myanmar Limited အေနျဖင့္ လုပ္ငန္းလည္ပတ္ရာတြင္ ေတြ႕ ႀကဳံရေသာ စိန္ေခၚမႈမ်ားႏွင့္ စီးပြားေရး ပတ္ဝန္းက်င္ အေျခအေနတို႔ကို ေက်ာ္လႊားႏိုင္ျခင္းမရွိသည့္အ တြက္ အာမခံလုပ္ငန္းလိုင္စင္ ျပန္လည္အပ္ႏွံရန္ႏွင့္ ၎၏ ကိုယ္စားလွယ္႐ုံး Chubb INA International Holdings Limited တို႔အား ပိတ္သိမ္းရန္ အာမခံလုပ္ ငန္းႀကီးၾကပ္ေရးအဖြဲ႕သို႔ စာျဖင့္ေပးပို႔တင္ျပခဲ့ေၾကာင္း သိရသည္။ ကုမၸဏီအေနျဖင့္ ေရာင္းခ်ထားၿပီးေသာ အာမခံေပၚလစီမ်ားကို (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ (၁၅)ရက္မွစတင္၍ ရပ္ဆိုင္းဖ်က္သိမ္းသြားခဲ့ ေၾကာင္း သိရသည္။
ကုမၸဏီမွ ေရာင္းခ်ထားၿပီး (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ (၁၅)ရက္အထိ အက်ဳံးဝင္ေနေသာ အာမခံေပၚလစီမ်ား၏ ေပၚလစီပိုင္ရွင္မ်ားအတြက္ အာမခံေပၚလစီကို ဖ်က္သိမ္း၍ ေပးသြင္းထား ၿပီးျဖစ္သည့္ ပရီမီယံမ်ား၏ (၁၀ဝ)ရာခိုင္ႏႈန္းကို ျပန္လည္ေပးအပ္ျခင္း (သို႔မဟုတ္) ခုႏွိမ္စရာမ်ား ရွိပါက ပရီမီယံမ်ား၏ (၁၀ဝ)ရာခိုင္ႏႈန္းမွ အာမခံ အမ်ိဳးအစားေပၚမူတည္၍ ေပၚလစီစည္းမ်ဥ္းစည္း ကမ္းအတိုင္း ခုႏွိမ္ၿပီး ျပန္လည္ေပးအပ္ျခင္းကို ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ခဲ့ေသာ္လည္း လက္ရွိတြင္ သုံးလေက်ာ္ၿပီျဖစ္ ကာ မည္သည့္ ျပန္အမ္းေငြမွ် ရရွိျခင္းမရွိေသးဘဲ မည္သို႔ ရွင္းလင္းေပးမည္ကို တိတိက်က်မသိရ ေသးသျဖင့္ အာမခံေၾကးေပးသြင္းထားသူမ်ားအေန ျဖင့္ မေက်နပ္မႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။
" FRD နဲ႔ CHUBB သည္ ဘယ္လို Agreement နဲ႔ ထြက္သြားလဲ ဝင္လာလဲ ၊ ထြက္ခြင့္ ေပးလိုက္လဲဆိုတာကို အေရာင္းေအးဂ်င့္ေတြကေရာ ဝန္ထမ္းေတြကေရာ မသိဘူး။ ထြက္သြားေၾကာင္းကို FRD က စာထုတ္ေပးမွပဲ သိရတာ။ အခုက (၃) လျဖစ္သြားၿပီဆိုေတာ့ (၃)လအတြင္းမွာကို Customer ကတအားေအာ္ေနၿပီ။ FRD ဘက္ကို လည္း လက္မွတ္ထိုးၿပီးေတာ့ စာေတြတင္ထားတာ (၂) ႀကိမ္ရွိတယ္။ ပထမတစ္ႀကိမ္က ေခၚေတြ႕တယ္ တစ္ေယာက္က ။ သူက ျပန္ Sharing လုပ္ေပးတယ္။ ဒါေပမဲ့ Officially စာထုတ္ထားတာ မဟုတ္တဲ့အ တြက္ကို Customer ကို Announce လုပ္လို႔ မရဘူး။ အခုအေနအထားက Customer ကို ေျဖ ရွင္းျပစရာ ဘာစာ႐ြက္စာတမ္းမွရွိမေနဘူး။ မသိရင္ ေပါင္းလိမ္တဲ့ပုံစံျဖစ္ေနတယ္" ဟု အာမခံအေရာင္း ကိုယ္စားလွယ္ကေျပာသည္။
ျမန္မာႏိုင္ငံတြင္ Chubb ၏ အာမခံ ကိုယ္စားလွယ္ ေထာင္ဂဏန္း ရွိခဲ့ၿပီး ၎တို႔အနက္ (၃၀ဝ) ခန႔္က ထဲထဲဝင္ဝင္ေဆာင္႐ြက္ခဲ့ၾကကာ အာမခံကိုယ္စားလွယ္တစ္ဦးလွ်င္ အာမခံေၾကးေပး သြင္းထားသူ (၂၀)ေက်ာ္ခန႔္ရွိၿပီး ပမာဏအားျဖင့္ က်ပ္သိန္း(၂၅၀ဝ)ခန႔္ထက္မနည္း ေပးသြင္းထား ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
" ေအးဂ်င့္အကုန္လုံးက ေထာင္ေက်ာ္ တယ္။ တကယ္ Active ျဖစ္တာက (၃၀ဝ)ေက်ာ္၊ (၄၀ဝ)ေက်ာ္ပဲ ရွိမွာေပါ့။ Customer က (၂)ေသာင္း ဝန္းက်င္ရွိတယ္။ ပမာဏအားျဖင့္က ကုမၸဏီဘက္ကပဲ သိတာ။ စာရင္းေတြ အတိအက်က FRD မွာ ရွိတယ္။ လည္ပတ္မႈေတြက အစိုးရနဲ႔ ကုမၸဏီၾကားမွာရွိတယ္။ အခုက အစိုးရအေျပာင္းအလဲ လုပ္ေနလို႔ေပါ့ေနာ္။ FRD ဘက္ကလည္း ေနာက္က် ရင္ စာထြက္ေပးမယ္ေပါ့။ အရိပ္အႁမြတ္ကေတာ့ Transfer လုပ္ေပးမယ္လို႔ေျပာတယ္။ ဘယ္ကုမၸဏီ က ဒါကို လက္ခံမလဲမသိေသးဘူး။ ဒါကလည္း Official စာထုတ္ေပးတာမဟုတ္ေတာ့ Customer ကို မေျပာရဲေသးဘူး" ဟု ေျပာသည္။
အာမခံလုပ္ငန္းမွာ ေရာင္းခ်ရာတြင္ ယုံ ၾကည္မႈျဖင့္ ေရာင္းခ်ရျခင္းျဖစ္ၿပီး ယခုကဲ့သို႔ ႏိုင္ငံ ျခားရင္းႏွီးျမဳပ္ႏွံမႈ ကုမၸဏီတစ္ခုက လုပ္ငန္း႐ုပ္ သိမ္းၿပီး ျပန္လည္ထြက္ခြာျခင္းမွာ အာမခံေလာက အတြက္ ႐ိုက္ခတ္မႈမ်ားရွိေၾကာင္းလည္း ၎က ေျပာ သည္။ " Chubb က ဘယ္လိုပုံစံ လႊဲ‌ေပးခဲ့ပါတယ္ မေျပာဘူး။ Insurance Sector မွာ ကုမၸဏီႀကီး (၅) ခုက တစ္ခု ထြက္သြားတယ္။ အဲဒီေတာ့ တျခား (၄) ခုအေပၚလည္း Impact ရွိတယ္။ ျပည္သူေတြ အရမ္းနစ္နာတယ္။ သိန္းကို ေထာင္နဲ႔ ေသာင္းနဲ႔ ခ်ီၿပီးေတာ့ ကို နစ္နာတယ္။ ကိုယ္ေတြလည္း သူတို႔အ တြက္ကို တစ္ခုခုလုပ္ေပးဖို႔ တာဝန္ရွိတယ္လို႔ ခံယူဖို႔ ႏိုင္ငံတကာမွာလည္း Speak Out လုပ္ဖို႔ေတာ့ လုပ္ေနတယ္။ Chubb ထြက္သြားတဲ့အခ်ိန္မွာ ဘယ္လိုလုပ္ခဲ့လဲဆို တာ တရားဝင္ စာေလး ထြက္ ေစခ်င္တယ္။ အဲဒါကို သိရရင္ Customer က စိတ္ေအးသြားမွာ" ဟု ေျပာသည္။

Related news

© 2021. All rights reserved.