အီရန်စစ်ပွဲတွင် နေတိုးမဟာမိတ်အဖွဲ့ ကူညီမှုမပေးခြင်းအပေါ် အမေရိကန်သမ္မတဝေဖန်

246

ဂျန်ဇက် (NP News) - မတ် ၂၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် အရေးယူဆောင်ရွက်ရာတွင် နေတိုးမဟာမိတ်နိုင်ငံများ အနေဖြင့် “ဘာတစ်ခုမှ ဝင်ရောက်ကူညီပေးခဲ့ခြင်း လုံးဝမရှိဘူး” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော Truth Social မှ တစ် ဆင့်ဝေဖန်ပြစ်တင်လိုက်သည်။
ထို့ပြင် အမေရိကန်သမ္မတက အမေရိကန်နိုင်ငံအနေဖြင့် နေတိုးမဟာမိတ်အဖွဲ့ထံမှ မည်သည့်အကူအညီမှ မလိုအပ်ကြောင်းကိုလည်း ထပ်မံပြောဆိုထားသည်။
အမေရိကန်သမ္မတက ‘လက်ရှိအချိန်ဟာ စစ်ရေးအရ အကြီး အကျယ်ဖျက်ဆီးခံလိုက်ရပြီဖြစ်တဲ့ ရူးသွပ်နေတဲ့အီရန်နိုင်ငံနဲ့ပတ်သက်ပြီး နေတိုးနိုင်ငံတွေက ဘာတစ်ခုမှဝင်ကူညီခဲ့တာ လုံးဝမရှိပါဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့ နေတိုးဆီကနေ ဘာမှကိုမလိုအပ်ပါဘူး။ ဒါပေမဲ့ သမိုင်းဝင် အရေးကြီး တဲ့ဒီအချိန်ကာလကိုတော့ ‘ဘယ်တော့မှ မမေ့ကြပါနဲ့’ဟုပြောသည်။ အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ရှင်းလင်းနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့စည်းများ ဝိုင်းဝန်းကူညီပေးရန် တောင်းဆိုခဲ့သော်လည်း ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန် အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများက မသိကျိုးကျွံပြုနေပြီး ကူညီပေးခြင်းမျိုးမရှိသလို စစ်သင်္ဘောများ စေလွှတ် ရန်ငြင်းဆန်ခြင်းများရှိနေခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ၏ ယခုထုတ်ပြန်ချက်သည် နေတိုးမဟာမိတ်အဖွဲ့အပေါ် ဒေါ်နယ်ထရမ့်၏ ကာလရှည်ကြာ သဘောထားတင်းမာမှုများနှင့် သူ၏ ‘America First’ (အမေရိကန် ပထမ) လမ်းစဉ်တို့ကို ထပ်မံမီးမောင်းထိုးပြ လိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာရေးရာများနှင့် အရှေ့အလယ်ပိုင်းပြဿနာများတွင် ဥရောပမဟာမိတ်များ၏ ပါဝင်ပတ် သက်မှုအပေါ် ၎င်း၏စိတ်ပျက်မှုကိုပေါ်လွင်စေပြီး အမေရိကန်က တစ်ကိုယ်တော်ရပ်တည်နိုင်စွမ်းရှိသည်ဟူသော ယုံ ကြည်ချက်ကို ထပ်လောင်းအတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ အမေရိကန်နှင့်အစ္စရေးတို့သည် အီရန်နိုင်ငံကို ဖေဖော်ဝါရီ (၂၈) ရက်တွင် စတင်တိုက်ခိုက် ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှု များမြင့်တက်ခဲ့ရာ အီရန်ဘက်က အမေရိကန်စစ်စခန်း များကို ဒုံးကျည်များ၊ ဒရုန်းများအသုံးပြုကာ တိုက် ခိုက်တုံ့ပြန်ခဲ့သည်။ အီရန်သည် ကမ္ဘာ့ရေနံကုန်သွယ်ရေးအတွက် အဓိကအရေးပါသော ဟော်မုဇ်ရေလက် ကြားကိုတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ရေနံတင် သင်္ဘောများ အခက်အခဲများရှိနေခဲ့ကြောင်းသိရသည်။ အမေရိကန်သည် နိုင်ငံပေါင်း (၃၀)ကျော်ပါ ဝင်သည့် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်သော်လည်း နေတိုးအဖွဲ့ဝင်နိုင်ငံများက အီရန်နှင့်စစ်ပွဲဖြစ် ပွားချိန်တွင် ထိရောက်သော ကူညီမှုများမရှိသေးကြောင်း နိုင်ငံတကာသတင်းများကဖော်ပြထားသည်။

Zawgyi Version;
အီရန္စစ္ပြဲတြင္ ေနတိုးမဟာမိတ္အဖြဲ႕ ကူညီမႈမေပးျခင္းအေပၚ အေမရိကန္သမၼတေဝဖန္
ဂ်န္ဇက္ (NP News) - မတ္ ၂၉
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္ႏိုင္ငံအေပၚ အေရးယူေဆာင္႐ြက္ရာတြင္ ေနတိုးမဟာမိတ္ႏိုင္ငံမ်ား အေနျဖင့္ “ဘာတစ္ခုမွ ဝင္ေရာက္ကူညီေပးခဲ့ျခင္း လုံးဝမရွိဘူး” ဟု ၎၏ လူမႈကြန္ရက္စာမ်က္ႏွာျဖစ္ေသာ Truth Social မွ တစ္ ဆင့္ေဝဖန္ျပစ္တင္လိုက္သည္။
ထို႔ျပင္ အေမရိကန္သမၼတက အေမရိကန္ႏိုင္ငံအေနျဖင့္ ေနတိုးမဟာမိတ္အဖြဲ႕ထံမွ မည္သည့္အကူအညီမွ မလိုအပ္ေၾကာင္းကိုလည္း ထပ္မံေျပာဆိုထားသည္။
အေမရိကန္သမၼတက ‘လက္ရွိအခ်ိန္ဟာ စစ္ေရးအရ အႀကီး အက်ယ္ဖ်က္ဆီးခံလိုက္ရၿပီျဖစ္တဲ့ ႐ူးသြပ္ေနတဲ့အီရန္ႏိုင္ငံနဲ႔ပတ္သက္ၿပီး ေနတိုးႏိုင္ငံေတြက ဘာတစ္ခုမွဝင္ကူညီခဲ့တာ လုံးဝမရွိပါဘူး။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ေနတိုးဆီကေန ဘာမွကိုမလိုအပ္ပါဘူး။ ဒါေပမဲ့ သမိုင္းဝင္ အေရးႀကီး တဲ့ဒီအခ်ိန္ကာလကိုေတာ့ ‘ဘယ္ေတာ့မွ မေမ့ၾကပါနဲ႔’ဟုေျပာသည္။ အေမရိကန္အစိုးရက ေဟာ္မုဇ္ေရလက္ၾကားကို ရွင္းလင္းႏိုင္ရန္အတြက္ ႏိုင္ငံတကာအဖြဲ႕စည္းမ်ား ဝိုင္းဝန္းကူညီေပးရန္ ေတာင္းဆိုခဲ့ေသာ္လည္း ျပင္သစ္၊ ဂ်ာမနီႏွင့္ ၿဗိတိန္ အပါအဝင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက မသိက်ိဳးကြၽံျပဳေနၿပီး ကူညီေပးျခင္းမ်ိဳးမရွိသလို စစ္သေဘၤာမ်ား ေစလႊတ္ ရန္ျငင္းဆန္ျခင္းမ်ားရွိေနခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတ၏ ယခုထုတ္ျပန္ခ်က္သည္ ေနတိုးမဟာမိတ္အဖြဲ႕အေပၚ ေဒၚနယ္ထရမ့္၏ ကာလရွည္ၾကာ သေဘာထားတင္းမာမႈမ်ားႏွင့္ သူ၏ ‘America First’ (အေမရိကန္ ပထမ) လမ္းစဥ္တို႔ကို ထပ္မံမီးေမာင္းထိုးျပ လိုက္ျခင္းျဖစ္သည္။ ႏိုင္ငံတကာေရးရာမ်ားႏွင့္ အေရွ႕အလယ္ပိုင္းျပႆနာမ်ားတြင္ ဥေရာပမဟာမိတ္မ်ား၏ ပါဝင္ပတ္ သက္မႈအေပၚ ၎၏စိတ္ပ်က္မႈကိုေပၚလြင္ေစၿပီး အေမရိကန္က တစ္ကိုယ္ေတာ္ရပ္တည္ႏိုင္စြမ္းရွိသည္ဟူေသာ ယုံ ၾကည္ခ်က္ကို ထပ္ေလာင္းအတည္ျပဳလိုက္ျခင္းလည္း ျဖစ္သည္။ အေမရိကန္ႏွင့္အစၥေရးတို႔သည္ အီရန္ႏိုင္ငံကို ေဖေဖာ္ဝါရီ (၂၈) ရက္တြင္ စတင္တိုက္ခိုက္ ခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသတြင္ တင္းမာမႈ မ်ားျမင့္တက္ခဲ့ရာ အီရန္ဘက္က အေမရိကန္စစ္စခန္း မ်ားကို ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားအသုံးျပဳကာ တိုက္ ခိုက္တုံ႔ျပန္ခဲ့သည္။ အီရန္သည္ ကမာၻ႔ေရနံကုန္သြယ္ေရးအတြက္ အဓိကအေရးပါေသာ ေဟာ္မုဇ္ေရလက္ ၾကားကိုတိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ရာ ေရနံတင္ သေဘၤာမ်ား အခက္အခဲမ်ားရွိေနခဲ့ေၾကာင္းသိရသည္။ အေမရိကန္သည္ ႏိုင္ငံေပါင္း (၃၀)ေက်ာ္ပါ ဝင္သည့္ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေသာ္လည္း ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက အီရန္ႏွင့္စစ္ပြဲျဖစ္ ပြားခ်ိန္တြင္ ထိေရာက္ေသာ ကူညီမႈမ်ားမရွိေသးေၾကာင္း ႏိုင္ငံတကာသတင္းမ်ားကေဖာ္ျပထားသည္။