ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်ကို လိုင်စင်ယာယီ ပိတ်သိမ်းပြီး ဆိုင် (၃၀) ကို သတိပေးထား

467

စော (NP News) - မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ပုလိပ်ကျေးရွာ၊ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်ကို လိုင်စင်ယာယီပိတ်သိမ်းထားရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါဝန်ကြီးဌာနအနေဖြင့် ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code၊ QR Code များဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် တောင်ကြီးမြို့များတွင် ပြီးခဲ့သည့် (မတ် ၂၇ ရက်) မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အချက်အလက် ပြည့်စုံစွာ တိုင်ကြားလာမှုများအပေါ်တွင် ထိရောက်စွာ အရေးယူဆောင်ရွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ပုလိပ်ကျေးရွာ ရန်ကုန် - မန္တလေး လမ်းမကြီး (လမ်းဟောင်း) ပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၀၅၁၂) အား စီမံခန့်ခွဲရေးနည်းလမ်းအရ လိုင်စင်ယာယီပိတ်သိမ်းထားရှိကြောင်း သိရသည်။
ထို့ပြင် ယင်းအရောင်းဆိုင်နှင့် သက်ဆိုင်သည့်တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ စွမ်းအင်ဝန်ကြီးဌာန Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးမှုအရ စက်သုံး ဆီရောင်းချသည့် မော်တော်ယာဉ်စီးရေအားလုံးကို Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည့် အရောင်းဆိုင် (၃) ခန့်ကို နောက်ဆုံးအကြိမ် သတိပေးထားရှိပြီး ထပ်မံစစ်ဆေးတွေ့ရှိရပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
ထို့ပြင် ကျန်မြို့များတွင်လည်း ယခုစနစ်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိရာ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရေးအတွက် Call Center ကို ဖွင့်လှစ်ထားရှိကာ နေ့စဉ် နံနက် (၆) နာရီမှ ည (၁ဝ) နာရီအထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြားဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
စက်သုံးဆီဝယ်ယူရာတွင်တွေ့ကြုံရသည့် အခက်အခဲများ၊ သတင်းထုတ်ပြန်ချက်များအပေါ် သိရှိမေးမြန်းလိုသည်များရှိပါက စွမ်းအင်ဝန်ကြီးဌာန Call Center ဖုန်းအမှတ်၊ ၀၉-၄၄၀၄၃၃၃၂၄ နှင့် ၀၉ - ၈၉၉၁၂၉၂၉၆ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အရောင်းဆိုင်များမှ စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်း ထက်မြှင့်တင်ရောင်းချခြင်း၊ စက်သုံးဆီကို သတ်မှတ်ပမာဏများအတိုင်း ရောင်းချမပေးခြင်း၊ စက်သုံးဆီရှိလျက်နှင့် ရောင်းချမပေးခြင်း၊ Bar Code/ QR Code များ Scan မဖတ်ဘဲရောင်းချနေခြင်း၊ ပုံး၊ ပီပါများဖြင့် တရားမဝင် ထုတ်ယူရောင်းချနေခြင်းများ တွေ့ရှိရပါက ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလိုသည့် သတင်းအချက်အလက်နှင့် အထောက်အထားစာရွက်စာတမ်းများ၊ Video file များကိုလည်း Viber ဖုန်းအမှတ်၊ ၀၉-၄၀၁၇၄၈၅၉၈ သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္-မႏၲေလး လမ္းေဟာင္းရွိ “စိန္စီေအာင္” စက္သုံးဆီအေရာင္းဆိုင္ကို လိုင္စင္ယာယီ ပိတ္သိမ္းၿပီး ဆိုင္ (၃၀) ကို သတိေပးထား
ေစာ (NP News) - မတ္ ၂၉
မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ ပုလိပ္ေက်း႐ြာ၊ ရန္ကုန္ - မႏၲေလး လမ္းေဟာင္းေပၚရွိ “စိန္စီေအာင္” စက္သုံးဆီအေရာင္းဆိုင္ကို လိုင္စင္ယာယီပိတ္သိမ္းထားရွိေၾကာင္း စြမ္းအင္ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
အဆိုပါဝန္ႀကီးဌာနအေနျဖင့္ ျပည္သူမ်ားစက္သုံးဆီဝယ္ယူရာတြင္ ပိုမိုအဆင္ေျပေခ်ာေမြ႕ေစရန္ စက္စြမ္းအားအလိုက္ ဝယ္ယူခြင့္ပမာဏကို သတ္မွတ္ထားေသာ အဆင့္ျမႇင့္တင္ထားသည့္ Bar Code၊ QR Code မ်ားျဖင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ ႏွင့္ ေတာင္ႀကီးၿမိဳ႕မ်ားတြင္ ၿပီးခဲ့သည့္ (မတ္ ၂၇ ရက္) မွစတင္၍ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။
အခ်က္အလက္ ျပည့္စုံစြာ တိုင္ၾကားလာမႈမ်ားအေပၚတြင္ ထိေရာက္စြာ အေရးယူေဆာင္႐ြက္မႈအေနျဖင့္ မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ ပုလိပ္ေက်း႐ြာ ရန္ကုန္ - မႏၲေလး လမ္းမႀကီး (လမ္းေဟာင္း) ေပၚရွိ “စိန္စီေအာင္” စက္သုံးဆီအေရာင္းဆိုင္၊ လိုင္စင္အမွတ္ (၀၅၁၂) အား စီမံခန႔္ခြဲေရးနည္းလမ္းအရ လိုင္စင္ယာယီပိတ္သိမ္းထားရွိေၾကာင္း သိရသည္။
ထို႔ျပင္ ယင္းအေရာင္းဆိုင္ႏွင့္ သက္ဆိုင္သည့္တာဝန္ရွိသူအဆင့္ဆင့္ကိုလည္း ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ စြမ္းအင္ဝန္ႀကီးဌာန Online Monitoring Center မွ ေစာင့္ၾကည့္စစ္ေဆးမႈအရ စက္သုံး ဆီေရာင္းခ်သည့္ ေမာ္ေတာ္ယာဥ္စီးေရအားလုံးကို Bar Code/ QR Code မ်ား Scan ဖတ္ျခင္းမျပဳဘဲ ေရာင္းခ်ေနေၾကာင္း စစ္ေဆးေတြ႕ရွိရသည့္ အေရာင္းဆိုင္ (၃) ခန႔္ကို ေနာက္ဆုံးအႀကိမ္ သတိေပးထားရွိၿပီး ထပ္မံစစ္ေဆးေတြ႕ရွိရပါက ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားေၾကာင္း သိရသည္။
ထို႔ျပင္ က်န္ၿမိဳ႕မ်ားတြင္လည္း ယခုစနစ္ကို ဆက္လက္အေကာင္အထည္ေဖာ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိရာ စက္သုံးဆီဝယ္ယူရာတြင္ အခက္အခဲမ်ားရွိပါက ကူညီေျဖရွင္းေပးႏိုင္ေရးအတြက္ Call Center ကို ဖြင့္လွစ္ထားရွိကာ ေန႔စဥ္ နံနက္ (၆) နာရီမွ ည (၁ဝ) နာရီအထိ ေမးျမန္းလာမႈမ်ားအေပၚ ေျဖရွင္းျပန္ၾကားေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းလည္း ထုတ္ျပန္ထားသည္။
စက္သုံးဆီဝယ္ယူရာတြင္ေတြ႕ႀကဳံရသည့္ အခက္အခဲမ်ား၊ သတင္းထုတ္ျပန္ခ်က္မ်ားအေပၚ သိရွိေမးျမန္းလိုသည္မ်ားရွိပါက စြမ္းအင္ဝန္ႀကီးဌာန Call Center ဖုန္းအမွတ္၊ ၀၉-၄၄၀၄၃၃၃၂၄ ႏွင့္ ၀၉ - ၈၉၉၁၂၉၂၉၆ သို႔ ဆက္သြယ္ ေမးျမန္းႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ အေရာင္းဆိုင္မ်ားမွ စက္သုံးဆီေရာင္းခ်ရာတြင္ သတ္မွတ္ရည္ၫႊန္းေဈးႏႈန္း ထက္ျမႇင့္တင္ေရာင္းခ်ျခင္း၊ စက္သုံးဆီကို သတ္မွတ္ပမာဏမ်ားအတိုင္း ေရာင္းခ်မေပးျခင္း၊ စက္သုံးဆီရွိလ်က္ႏွင့္ ေရာင္းခ်မေပးျခင္း၊ Bar Code/ QR Code မ်ား Scan မဖတ္ဘဲေရာင္းခ်ေနျခင္း၊ ပုံး၊ ပီပါမ်ားျဖင့္ တရားမဝင္ ထုတ္ယူေရာင္းခ်ေနျခင္းမ်ား ေတြ႕ရွိရပါက ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္းႏွင့္ တိုင္ၾကားလိုသည့္ သတင္းအခ်က္အလက္ႏွင့္ အေထာက္အထားစာ႐ြက္စာတမ္းမ်ား၊ Video file မ်ားကိုလည္း Viber ဖုန္းအမွတ္၊ ၀၉-၄၀၁၇၄၈၅၉၈ သို႔ ေပးပို႔တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။