ဘရာဇီးနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၄ ဦးအထိ မြင့်တက်လာ

491

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၂
ဘရာဇီးနိုင်ငံ ဆာအိုပေါလိုပြည်နယ်မှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက်မှာ ၄၄ ဦးထိ မြင့်တက်လာခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်၊ အင်္ဂါနေ့က ပြည်နယ်အစိုးရရဲ့ထုတ်ပြန်ချက်အရ ရေကြီးမှုကြောင့် လူပေါင်း ၂,၅ဝဝ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ဒေသတွင်းရှိ လမ်းအများအပြား ကိုလည်း မြေပြိုမှုများကြောင့် ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရပါတယ်။ ရေကြီးမှု အဓိကဖြစ်ပွားရာ ဆာအိုဆီ ဘာစတီယိုမြို့မှာ မြို့တွင်း ရွှံ့နွံနဲ့ အပျက်အစီးများ စီးဆင်းမှုကြောင့် ထိခိုက်သူ ၄၃ ဦးထိ ရှိခဲ့ပြီး နေအိမ်များ ရေနစ် မြုပ်ခဲ့ပါတယ်။ ၂၄ နာရီအတွင်း မြို့မှာ စံချိန်တင် မိုးရေ ၆ဝဝ မီလီမီတာ (၂၄ လက်မ) ရွာသွန်းပြီးနောက် ရေကြီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ရေလွှမ်းမိုးမှု ကျရောက်နိုင်တဲ့ဒေသများမှာ ဆောက်လုပ်ရေး ညံ့ဖျင်းခြင်း (သို့မဟုတ်) ဖွံ့ဖြိုးတိုးတက်မှု အားနည်းရင် လူသေဆုံးမှု ပိုများနိုင်ပါတယ်။
ဘရာဇီးမှာ လူ ၉.၅ သန်းခန့်ဟာ ရေကြီးမှုနဲ့ မြေပြိုမှုအန္တရာယ် မြင့်မားတဲ့ဇုန်များမှာ နေထိုင်ကြပြီး အများစုမှာ ဆင်းရဲနွမ်းပါးတဲ့ အသိုက်အဝန်းများမှာ နေထိုင်ကြတယ်လို့ ခန့်မှန်းရပါတယ်။ အဆိုပါ သဘာဝဘေးဒဏ်ကြောင့် လူပေါင်း ၇၆ဝ ကျော် အိုးအိမ်ဆုံးရှုံးခဲ့ရပြီး ၁၇၃ဝ ကျော်ကို ယာယီဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားပါတယ်။

Zawgyi Version;
ဘရာဇီးႏိုင္ငံမွာ ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးသူ ၄၄ ဦးအထိ ျမင့္တက္လာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၂
ဘရာဇီးႏိုင္ငံ ဆာအိုေပါလိုျပည္နယ္မွာ ေရႀကီးေျမၿပိဳမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္မွာ ၄၄ ဦးထိ ျမင့္တက္ လာခဲ့ၿပီး အသက္ရွင္က်န္ရစ္သူေတြကို ကယ္ဆယ္ေရးသမားေတြက ဆက္လက္ရွာေဖြေနဆဲျဖစ္တယ္လို႔ သိရပါ တယ္။
ေဖေဖာ္ဝါရီလ ၂၂ ရက္၊ အဂၤါေန႔က ျပည္နယ္အစိုးရရဲ႕ထုတ္ျပန္ခ်က္အရ ေရႀကီးမႈေၾကာင့္ လူေပါင္း ၂,၅ဝဝ နီးပါး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ ေဒသတြင္းရွိ လမ္းအမ်ားအျပား ကိုလည္း ေျမၿပိဳမႈမ်ားေၾကာင့္ ပိတ္ဆို႔ထားဆဲျဖစ္ေၾကာင္း သိရပါတယ္။ ေရႀကီးမႈ အဓိကျဖစ္ပြားရာ ဆာအိုဆီ ဘာစတီယိုၿမိဳ႕မွာ ၿမိဳ႕တြင္း ႐ႊံ႕ႏြံနဲ႔ အပ်က္အစီးမ်ား စီးဆင္းမႈေၾကာင့္ ထိခိုက္သူ ၄၃ ဦးထိ ရွိခဲ့ၿပီး ေနအိမ္မ်ား ေရနစ္ ျမဳပ္ခဲ့ပါတယ္။ ၂၄ နာရီအတြင္း ၿမိဳ႕မွာ စံခ်ိန္တင္ မိုးေရ ၆ဝဝ မီလီမီတာ (၂၄ လက္မ) ႐ြာသြန္းၿပီးေနာက္ ေရႀကီးမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ ေရလႊမ္းမိုးမႈ က်ေရာက္ႏိုင္တဲ့ေဒသမ်ားမွာ ေဆာက္လုပ္ေရး ညံ့ဖ်င္းျခင္း (သို႔မဟုတ္) ဖြံ႕ၿဖိဳးတိုးတက္မႈ အားနည္းရင္ လူေသဆုံးမႈ ပိုမ်ားႏိုင္ပါတယ္။
ဘရာဇီးမွာ လူ ၉.၅ သန္းခန႔္ဟာ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈအႏၲရာယ္ ျမင့္မားတဲ့ဇုန္မ်ားမွာ ေနထိုင္ၾကၿပီး အမ်ားစုမွာ ဆင္းရဲႏြမ္းပါးတဲ့ အသိုက္အဝန္းမ်ားမွာ ေနထိုင္ၾကတယ္လို႔ ခန႔္မွန္းရပါတယ္။ အဆိုပါ သဘာဝေဘးဒဏ္ေၾကာင့္ လူေပါင္း ၇၆ဝ ေက်ာ္ အိုးအိမ္ဆုံးရႈံးခဲ့ရၿပီး ၁၇၃ဝ ေက်ာ္ကို ယာယီေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားပါတယ္။