ပဲပုတ်စိုက်ပျိုးရန်လိုအပ်သည့် နည်းပညာနှင့် သွင်းအားစုများကို နိုင်ငံတော်က ပံ့ပိုးပေးမည်

 124

Pearl (NP News) - စက်တင်ဘာ ၁၅
ပဲပုတ်စိုက်ပျိုးရန်လိုအပ်သည့် နည်းပညာနှင့် သွင်းအားစုများကို နိုင်ငံတော်က ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောသည်။
ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ရေကြည်မြိုနယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ကျွန်းဒေါင့်ကျေးရွာသို သွားရောက်၍ တောင်သူများနှင့်တွေ့ဆုံခဲ့စဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေပဲစိုက်တောင်သူများအနေဖြင့် မြေပဲ စိုက်ပျိုးပြီးပါက ဆီထွက်သီးနှံပဲပုတ်ကိုလည်း စိုက်ပျိုးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထိုသို့ ပဲပုတ်စိုက်ပျိုးရန်လိုအပ်သည့် ရေရရှိရေး၊ မျိုးစေ့၊ နည်းပညာနှင့် သွင်းအားစုများရရှိစေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုင်းဒေသကြီးအတွင်း တစ်နှစ်ပတ်လုံးစားသုံးဆီဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံစိုက်ပျိုးရာတွင် တစ်သီးမှနှစ်သီးအထိ စိုက်ပျိုးသွားရန် လိုအပ်ကြောင်းလည်း မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:

Related news

© 2021. All rights reserved.