ကာတာအပေါ်တိုက်ခိုက်မှုက အမေရိကန်-အစ္စရေးဆက်ဆံရေးကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော

179

Pika (NP News) - စက်တင်ဘာ ၁၅
ကာတာအပေါ် အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုက အစ္စရေးနဲ့အမေရိကန်ရဲ့မိတ်ဖက်ဆက်ဆံရေးတွေကို ပြောင်းလဲစေ မှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ကာတာနိုင်ငံ ဒိုဟာမြို့မှာရှိတဲ့ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့အဆောက်အဦးအပေါ် အစ္စရေးရဲ့လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်က မပျော်မရွှင်ဖြစ်မိတယ်လို့ မာကိုရူဘီအိုက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။
မာကိုရူဘီအိုက “ကာတာအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မပျော်မရွှင်ဖြစ်နေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီတိုက်ခိုက်မှုက အမေရိကန်-အစ္စရေးမိတ်ဖက်ဆက်ဆံရေးရဲ့သဘောသဘာဝတွေကိုတော့ ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ဒီတိုက်ခိုက်မှုက ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲဆို တာ ကျွန်တော်တို့ဆွေးနွေးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ကာတာနိုင်ငံ ဒိုဟာမြို့မှာရှိတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့အကြီးတန်းအရာရှိတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုကို အစ္စရေးစစ်တပ်က လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ မာကိုရူဘီအိုရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် ကာတာအပေါ် အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ကာတာအေပၚတိုက္ခိုက္မႈက အေမရိကန္-အစၥေရးဆက္ဆံေရးကို ေျပာင္းလဲေစမွာမဟုတ္ဘူးလို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - စက္တင္ဘာ ၁၅
ကာတာအေပၚ အစၥေရးႏိုင္ငံရဲ႕တိုက္ခိုက္မႈက အစၥေရးနဲ႔အေမရိကန္ရဲ႕မိတ္ဖက္ဆက္ဆံေရးေတြကို ေျပာင္းလဲေစ မွာ မဟုတ္ဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာရွိတဲ့ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕အေဆာက္အဦးအေပၚ အစၥေရးရဲ႕ေလေၾကာင္း တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္က မေပ်ာ္မ႐ႊင္ျဖစ္မိတယ္လို႔ မာကို႐ူဘီအိုက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
မာကို႐ူဘီအိုက “ကာတာအေပၚ အစၥေရးရဲ႕တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတေဒၚနယ္ထရမ့္က မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္ဆိုတာ သိသာထင္ရွားပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီတိုက္ခိုက္မႈက အေမရိကန္-အစၥေရးမိတ္ဖက္ဆက္ဆံေရးရဲ႕သေဘာသဘာဝေတြကိုေတာ့ ေျပာင္းလဲေစမွာ မဟုတ္ပါဘူး။ ဒီတိုက္ခိုက္မႈက ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ရွိလာမလဲဆို တာ ကြၽန္ေတာ္တို႔ေဆြးေႏြးသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာရွိတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕အႀကီးတန္းအရာရွိေတြကို ပစ္မွတ္ထားတဲ့ ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုကို အစၥေရးစစ္တပ္က လုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ မာကို႐ူဘီအိုရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ ကာတာအေပၚ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြကို ႏိုင္ငံအမ်ားအျပားက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။