Tyrannosaurus rex ဒိုင်နိုဆော ၃ ကောင်ရဲ့အရိုးစုများနဲ့ပြုလုပ်ထားတဲ့ အရိုးစုကြီး စင်ကာပူ ဒေါ်လာ ၈ သန်းကျော်နဲ့ လေလံတင်ရောင်းထွက်

 635

ရောင်နီ (NP News) - ဧပြီ ၂ဝ

Tyrannosaurus rex( T-rex) ဒိုင်နိုဆော ၃ ကောင်ရဲ့ အရိုးစုများနဲ့ ပေါင်းစပ်ထားတဲ့ Trinity ခေါ် ပေါင်းစပ်ထား အရိုးစုကို အင်္ဂါနေ့က ရှားပါးလေလံပွဲတစ်ခုမှာ ဆွဇ်ဖရန့်ငွေ ၅.၅ သန်း (စင်ကာပူဒေါ်လာ ၈.၁၂ သန်း) နဲ့ ရောင်းချ ခဲ့ပါတယ်။

နှစ်သက်တမ်း ၆၅ သန်း မှ ၆၇ သန်းအထိ သက်တမ်းရှိတဲ့ T-rex သုံးခုမှ အရိုးများဖြင့် ဖွဲ့စည်းထားတဲ့ အမြင့်၃.၉ မီတာရှိသော အရိုးစုကို ဇူးရစ်ရှိ Koller လေလံပွဲမှာ ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါအရိုးစုဟာ ဆွဇ်ဖရန့်ငွေ ၄.၈ သန်းမှစ လေလံတင်ခဲ့ရာ ဝယ်ယူသူရဲ့ ပရီမီယံတန်ဖိုးနဲ့အတူ ၅.၅ သန်းအထိ မြင့်တက်လာခဲ့ပါတယ်။

Trinity ကို အမည်မဖော်လိုတဲ့ အမေရိကန်ပုဂ္ဂလိကပုဂ္ဂိုလ်တစ်ဦးမှ ရောင်းချဖို့ စီစဉ်ထားတာဖြစ်ပြီး ဆွဇ်ဖရန့်ငွေ ၅ သန်းမှ ၈ သန်းကြား ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။ ၄င်းဟာလည်း အရိုးစုကို ဥရောပတိုက်မှ ပုဂ္ဂလိက စုဆောင်းသူတစ်ဦးမှ ဝယ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Trinity ဟာ မွန်တာနာနဲ့ ဝေါမင်း မှာ ၂ဝဝ၈ ခုနှစ် နဲ့ ၂ဝ၁၃ ခုနှစ်အတွင်း တူးဖော်တွေ့ရှိခဲ့တဲ့ ဒိုင်နိုဆောသုံးကောင်ရဲ့အရိုးများနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ယင်းကဲ့သို့သော နမူနာများ ရောင်းချခြင်းကို ဆန့်ကျင်တဲ့ ကျောရိုးရှိသတ္တဝါပညာရှင် သောမတ်ဟိုလ်ဇ်က အရိုးစု များစွာကို ‌ပေါင်းစပ်ကာ ဖွဲ့စည်းထားခြင်းဖြစ်တဲ့အတွက် “လှည့်ဖြားခြင်း” နဲ့တူကာ မသင့်လျော်ကြောင်း ပြောကြား ခဲ့ပါတယ်။

အရိုးစုရှိ အရိုးပစ္စည်းများရဲ့ ထက်ဝက်ကျော်ဟာ အရည်အသွေးမြင့် အရိုးစုအဖြစ် အဆင့် ၅ဝ ရာခိုင်နှုန်းအထက် Tyrannosaurus နမူနာသုံးမျိုးမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ၃ မျိုး ပေါင်းစပ် အရိုးစုဟာ အနုပညာ တစ်ခုဖြစ်ပေမယ့် 'စံနမူနာ' တစ်ခုတော့ မဟုတ်ကြောင်း ဟိုလ်ဇ်က အခိုင်အမာပြောခဲ့ပါတယ်။

ယင်းကဲ့သို့ ရောင်းဝယ်ဖောက်ကားခြင်းဟာ သုတေသီများနဲ့ လက်လှမ်းမမီခြင်းကြောင့် သိပ္ပံပညာကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။

Zawgyi Version;
Tyrannosaurus rex ဒိုင္ႏိုေဆာ ၃ ေကာင္ရဲ႕အ႐ိုးစုမ်ားနဲ႔ျပဳလုပ္ထားတဲ့ အ႐ိုးစုႀကီး စင္ကာပူ ေဒၚလာ ၈ သန္း ေက်ာ္နဲ႔ ေလလံတင္ေရာင္းထြက္
ေရာင္နီ (NP News) - ဧၿပီ ၂ဝ

Tyrannosaurus rex( T-rex) ဒိုင္ႏိုေဆာ ၃ ေကာင္ရဲ႕ အ႐ိုးစုမ်ားနဲ႔ ေပါင္းစပ္ထားတဲ့ Trinity ေခၚ ေပါင္းစပ္ထား အ႐ိုးစုကို အဂၤါေန႔က ရွားပါးေလလံပြဲတစ္ခုမွာ ဆြဇ္ဖရန႔္ေငြ ၅.၅ သန္း (စင္ကာပူေဒၚလာ ၈.၁၂ သန္း) နဲ႔ ေရာင္းခ် ခဲ့ပါတယ္။

ႏွစ္သက္တမ္း ၆၅ သန္း မွ ၆၇ သန္းအထိ သက္တမ္းရွိတဲ့ T-rex သုံးခုမွ အ႐ိုးမ်ားျဖင့္ ဖြဲ႕စည္းထားတဲ့ အျမင့္၃.၉ မီတာရွိေသာ အ႐ိုးစုကို ဇူးရစ္ရွိ Koller ေလလံပြဲမွာ ေရာင္းခ်ခဲ့ျခင္းျဖစ္ပါတယ္။ အဆိုပါအ႐ိုးစုဟာ ဆြဇ္ဖရန႔္ေငြ ၄.၈ သန္းမွစ ေလလံတင္ခဲ့ရာ ဝယ္ယူသူရဲ႕ ပရီမီယံတန္ဖိုးနဲ႔အတူ ၅.၅ သန္းအထိ ျမင့္တက္လာခဲ့ပါတယ္။

Trinity ကို အမည္မေဖာ္လိုတဲ့ အေမရိကန္ပုဂၢလိကပုဂၢိဳလ္တစ္ဦးမွ ေရာင္းခ်ဖို႔ စီစဥ္ထားတာျဖစ္ၿပီး ဆြဇ္ဖရန႔္ေငြ ၅ သန္းမွ ၈ သန္းၾကား ရရွိမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ၄င္းဟာလည္း အ႐ိုးစုကို ဥေရာပတိုက္မွ ပုဂၢလိက စုေဆာင္းသူတစ္ဦးမွ ဝယ္ယူခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ Trinity ဟာ မြန္တာနာနဲ႔ ေဝါမင္း မွာ ၂ဝဝ၈ ခုႏွစ္ နဲ႔ ၂ဝ၁၃ ခုႏွစ္အတြင္း တူးေဖာ္ေတြ႕ရွိခဲ့တဲ့ ဒိုင္ႏိုေဆာသုံးေကာင္ရဲ႕အ႐ိုးမ်ားနဲ႔ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။
ယင္းကဲ့သို႔ေသာ နမူနာမ်ား ေရာင္းခ်ျခင္းကို ဆန႔္က်င္တဲ့ ေက်ာ႐ိုးရွိသတၱဝါပညာရွင္ ေသာမတ္ဟိုလ္ဇ္က အ႐ိုးစု မ်ားစြာကို ‌ေပါင္းစပ္ကာ ဖြဲ႕စည္းထားျခင္းျဖစ္တဲ့အတြက္ “လွည့္ျဖားျခင္း” နဲ႔တူကာ မသင့္ေလ်ာ္ေၾကာင္း ေျပာၾကား ခဲ့ပါတယ္။

အ႐ိုးစုရွိ အ႐ိုးပစၥည္းမ်ားရဲ႕ ထက္ဝက္ေက်ာ္ဟာ အရည္အေသြးျမင့္ အ႐ိုးစုအျဖစ္ အဆင့္ ၅ဝ ရာခိုင္ႏႈန္းအထက္ Tyrannosaurus နမူနာသုံးမ်ိဳးမွ ဆင္းသက္လာျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ ၃ မ်ိဳး ေပါင္းစပ္ အ႐ိုးစုဟာ အႏုပညာ တစ္ခုျဖစ္ေပမယ့္ 'စံနမူနာ' တစ္ခုေတာ့ မဟုတ္ေၾကာင္း ဟိုလ္ဇ္က အခိုင္အမာေျပာခဲ့ပါတယ္။

ယင္းကဲ့သို႔ ေရာင္းဝယ္ေဖာက္ကားျခင္းဟာ သုေတသီမ်ားနဲ႔ လက္လွမ္းမမီျခင္းေၾကာင့္ သိပၸံပညာကို အႏၲရာယ္ ျဖစ္ေစႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သတိေပးထားပါတယ္။

Related news

© 2021. All rights reserved.