နျူကလီးယားတပ်ဖွဲ့များ၏ အဆင်သင့်ဖြစ်မှုဆိုင်ရာ စမ်းသပ်မှုများကို ရုရှားသမ္မတပူတင် ကိုယ်တိုင်ကြီးကြပ်

 365

Pika (NP News) - အောက်တိုဘာ ၂၆

ရုရှားနျူကလီးယားတပ်ဖွဲ့များ၏ အဆင်သင့်ဖြစ်မှုနှင့် ကွပ်ကဲမှုဆိုင်ရာဖွဲ့စည်းပုံများကို ပြန် လည်လေ့ကျင့်ရန်အတွက် ကုန်းကြောင်း၊ ရေကြောင်း နှင့် ဝေဟင်တွင် စမ်းသပ်လေ့ကျင့်မှုတစ်ခုကို ရုရှားသမ္မတပူတင်က ကြီးကြပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစမ်းသပ်လေ့ကျင့်မှုတွင် မြေပြင်အခြေစိုက် ‘‘ Yars ’’ တိုက်ချင်းပစ်ပဲ့ထိန်းဒုံး ကျည်ကို အာကာသယာဉ် လွှတ်တင်သည့်နေရာမှ ပစ်လွှတ်ခြင်း၊ Barents ပင်လယ်ရှိ နျူကလီးယား ရေငုပ်သင်္ဘောမှ ‘Sineva’ ပဲ့ထိန်းဒုံးကျည် တစ်စင်းကို ပစ်လွှတ်ခြင်းနှင့် မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များမှ နျူကလီးယားစွမ်းရည်ရှိသော ခရုဇ်ဒုံးကျည်များ ပစ်လွှတ်ခြင်းတို့ပါဝင်ကြောင်းသိရသည်။ ရုရှားနိုင်ငံသည် ၎င်း၏နျူကလီးယားတပ် ဖွဲ့များ၏ စွမ်းဆောင်ရည်များကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် ပုံမှန်စစ်ရေးလေ့ကျင့်မှုများကို မကြာခဏဆိုသလိုလုပ်ဆောင်လေ့ရှိကြောင်းလည်း သိရ သည်။ အဆို ပါစစ်ရေးလေ့ကျင့်မှုများမှာ အရှေ့-အနောက် တင်းမာမှုများမြင့်တက်လာမှုနှင့်အတူ ရုရှားတွင် ကမ္ဘာ့အ ကြီးဆုံး နျူကလီးယားလက်နက်တိုက်ကို ပိုင်ဆိုင်ထားကြောင်း ရန်ဘက်များကို သတိပေးမှုတစ်ခုဖြစ်နိုင် ကြောင်း စစ်ရေးလေ့လာသုံးသပ်များက ပြောကြားထားသည်။ ရုရှားအစိုးရက ‘ဒီစစ်ရေးလေ့ကျင့်ခန်းဟာ စစ်တပ်ကွပ်ကဲမှုရဲ့ ကြိုတင်ပြင်ဆင်မှုအဆင့်နဲ့ လက်အောက်ခံတပ်ဖွဲ့တွေကိုထိန်းချုပ်ရာမှာ စစ်ဆင်ရေးအရာရှိတွေရဲ့ လက်တွေ့ကျတဲ့ စွမ်းဆောင်ရည်တွေကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ပါဝင်တဲ့သူတွေ တိုင်းဟာ ဒီစစ်ရေးလေ့ကျင့်ခန်းကို အောင်မြင်စွာ လုပ် ဆောင်နိုင်ခဲ့ကြပါတယ်’ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
ဘယ်လ်ဂျီယံနှင့် နယ်သာလန်နိုင်ငံတို့က လက်ခံကျင်းပသည့် Steadfast Noon စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း(၁၃)နိုင်ငံမှ တိုက်လေယာဉ် အစင်းရေ(၆၀)ခန့်ပါဝင်သော နှစ်စဉ်နျူကလီးယား စစ်ရေးလေ့ကျင့်မှုများကို ယခုလအစောပိုင်းတွင် နေတိုးအဖွဲ့က စတင်ခဲ့ပြီးနောက် ရုရှားနျူကလီးယား တပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
န်ဴကလီးယားတပ္ဖြဲ႕မ်ား၏ အဆင္သင့္ျဖစ္မႈဆိုင္ရာ စမ္းသပ္မႈမ်ားကို ႐ုရွားသမၼတပူတင္ ကိုယ္တိုင္ႀကီးၾကပ္
Pika (NP News) - ေအာက္တိုဘာ ၂၆
႐ုရွားန်ဴကလီးယားတပ္ဖြဲ႕မ်ား၏ အဆင္သင့္ျဖစ္မႈႏွင့္ ကြပ္ကဲမႈဆိုင္ရာဖြဲ႕စည္းပုံမ်ားကို ျပန္ လည္ေလ့က်င့္ရန္အတြက္ ကုန္းေၾကာင္း၊ ေရေၾကာင္း ႏွင့္ ေဝဟင္တြင္ စမ္းသပ္ေလ့က်င့္မႈတစ္ခုကို ႐ုရွားသမၼတပူတင္က ႀကီးၾကပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါစမ္းသပ္ေလ့က်င့္မႈတြင္ ေျမျပင္အေျခစိုက္ ‘‘ Yars ’’ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံး က်ည္ကို အာကာသယာဥ္ လႊတ္တင္သည့္ေနရာမွ ပစ္လႊတ္ျခင္း၊ Barents ပင္လယ္ရွိ န်ဴကလီးယား ေရငုပ္သေဘၤာမွ ‘Sineva’ ပဲ့ထိန္းဒုံးက်ည္ တစ္စင္းကို ပစ္လႊတ္ျခင္းႏွင့္ မဟာဗ်ဴဟာေျမာက္ဗုံးႀကဲေလယာဥ္မ်ားမွ န်ဴကလီးယားစြမ္းရည္ရွိေသာ ခ႐ုဇ္ဒုံးက်ည္မ်ား ပစ္လႊတ္ျခင္းတို႔ပါဝင္ေၾကာင္းသိရသည္။ ႐ုရွားႏိုင္ငံသည္ ၎၏န်ဴကလီးယားတပ္ ဖြဲ႕မ်ား၏ စြမ္းေဆာင္ရည္မ်ားကို ပိုမိုျမႇင့္တင္ႏိုင္ရန္အတြက္ ပုံမွန္စစ္ေရးေလ့က်င့္မႈမ်ားကို မၾကာခဏဆိုသလိုလုပ္ေဆာင္ေလ့ရွိေၾကာင္းလည္း သိရ သည္။ အဆို ပါစစ္ေရးေလ့က်င့္မႈမ်ားမွာ အေရွ႕-အေနာက္ တင္းမာမႈမ်ားျမင့္တက္လာမႈႏွင့္အတူ ႐ုရွားတြင္ ကမာၻ႔အ ႀကီးဆုံး န်ဴကလီးယားလက္နက္တိုက္ကို ပိုင္ဆိုင္ထားေၾကာင္း ရန္ဘက္မ်ားကို သတိေပးမႈတစ္ခုျဖစ္ႏိုင္ ေၾကာင္း စစ္ေရးေလ့လာသုံးသပ္မ်ားက ေျပာၾကားထားသည္။ ႐ုရွားအစိုးရက ‘ဒီစစ္ေရးေလ့က်င့္ခန္းဟာ စစ္တပ္ကြပ္ကဲမႈရဲ႕ ႀကိဳတင္ျပင္ဆင္မႈအဆင့္နဲ႔ လက္ေအာက္ခံတပ္ဖြဲ႕ေတြကိုထိန္းခ်ဳပ္ရာမွာ စစ္ဆင္ေရးအရာရွိေတြရဲ႕ လက္ေတြ႕က်တဲ့ စြမ္းေဆာင္ရည္ေတြကို စမ္းသပ္ခဲ့တာျဖစ္ပါတယ္။ ပါဝင္တဲ့သူေတြ တိုင္းဟာ ဒီစစ္ေရးေလ့က်င့္ခန္းကို ေအာင္ျမင္စြာ လုပ္ ေဆာင္ႏိုင္ခဲ့ၾကပါတယ္’ဟု ထုတ္ျပန္ေျပာဆိုခဲ့သည္။
ဘယ္လ္ဂ်ီယံႏွင့္ နယ္သာလန္ႏိုင္ငံတို႔က လက္ခံက်င္းပသည့္ Steadfast Noon စစ္ေရးေလ့က်င့္မႈတြင္ ႏိုင္ငံေပါင္း(၁၃)ႏိုင္ငံမွ တိုက္ေလယာဥ္ အစင္းေရ(၆၀)ခန႔္ပါဝင္ေသာ ႏွစ္စဥ္န်ဴကလီးယား စစ္ေရးေလ့က်င့္မႈမ်ားကို ယခုလအေစာပိုင္းတြင္ ေနတိုးအဖြဲ႕က စတင္ခဲ့ၿပီးေနာက္ ႐ုရွားန်ဴကလီးယား တပ္ဖြဲ႕မ်ား၏ စစ္ေရးေလ့က်င့္မႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.