ယူကရိန်းရေကာတာ ဖောက်ခွဲခံရမှု သဲလွန်စများကို ဖုံးဖိရန် ဝါရှင်တန် ကူညီနေဟု ရုရှား စွပ်စွဲ

2115

Htay Oung (NP News) - ဇွန် ၁၆
နိုဗာ_ကတ်ကော့ဗ်ကာဆည်ကို ယူကရိန်းတို့တိုက်ခိုက်ရာမှာ အမေရိကန်က အကူအညီပေးခဲ့ပုံ သဲလွန်စတွေကို ဖုံးဖိဖို့အတွက် ဝါရှင်တန်က ကြိုးစားနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ_ဇာက ရိုဗာက ပြောဆိုတယ်လို့ AFP က ဇွန်လ ၁၆ ရက်က ရေးသားခဲ့ပါတယ်။
နိုင်ငံတကာကျွမ်းကျင်သူများပါ၀င်ပြီး လွတ်လပ်တဲ့ကော်မရှင်နဲ့ ဆည်ပျက်စီးစေခဲ့တဲ့ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေး ဖို့ တူရကီနိုင်ငံရဲ့တောင်းဆိုမှုအပေါ် ယူကရိန်းအာဏာပိုင်များက မယဉ်ကျေးစွာ တုံ့ပြန်ခဲ့တယ်လို့ စိန့်ပီတာစဘတ် မြို့ သတင်းစာရှင်းလင်းပွဲမှာ ဇာကရိုဗာက ဝေဖန်လိုက်ပါတယ်။
နိုင်ငံတကာကော်မရှင်ရဲ့စစ်ဆေးမှုကို လက်ခံရမယ့်အစား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို ခုတုံးလုပ်ဖို့ ကြိုးစား နေတဲ့ ယူကရိန်းဟာ သူတို့ကိုယ်သူတို့ အယုံအကြည်မရှိဘဲ ယုတ်ညံ့ရာ ရောက်ရှိစေတယ်လို့ ဆက်လက်ပြောဆိုခဲ့ ပါတယ်။
ICC က ဖွဲ့စည်းပေးလိုက်တဲ့ ကော်မရှင်က ခါဆွန်ဒေသ ကွင်းဆင်းရာမှာ အဲဒီရည်ရွယ်ချက်အတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ ညွှန်ကြားရေးမှူး ဝီလျှံ_ဘန်းကိုယ်တိုင် လိုက်ပါပို့ဆောင် ပေးနေတယ်လို့ ဇာကရိုဗာက ထောက်ပြလိုက်ပါတယ်။
“နိုင်ငံတကာဥပဒေရေးရာ ယန္တရား” လို့ ခေါ်တဲ့ ICC စုံစမ်းစစ်ဆေးရေးကော်မရှင်က အခင်းဖြစ်ပွားရာနေရာကို သွားလာရာမှာ အမေရိကန်ထောက်လှမ်းရေးက ပို့ဆောင်ပေးနေခြင်းဟာ (သူတို့အတွက်) အကျိုးအကြောင်း ဆီလျော်တယ်လို့ သတ်မှတ်ကြောင်း၊ ဒီလုပ်ရပ်ဟာ အမေရိကန်ထောက်လှမ်းရေးညွှန်ကြားရေးမှူးက အသုံးတော် ခံနေတဲ့ နိုင်ငံတကာဖွဲ့စည်းပုံ အသစ်လားလို့ မေးခွန်းထုတ်ရမှာဖြစ်ကြောင်း၊ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များရဲ့ ရာဇ၀တ်မှုများကို ခြေရာဖျောက်ဖို့နဲ့ ရုရှားသာလျှင် အပြစ်ရှိကြောင်း ထင်ယောင်ထင်မှားဖြစ်စေရေး ကုလားဖန်ထိုး ဖို့ ရည်ရွယ်ဆိုတာ (လူတိုင်း) နားလည်နိုင်တယ်လို့ ဆက်လက်ရှင်းပြပါတယ်။
နေတိုးစစ်စာချုပ်အဖွဲ့၀င်နိုင်ငံများနဲ့ ယူကရိန်းမှ ကာကွယ်ရေးဦးစီးချုပ်တွေဟာ ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ် မြို့မှာ အစည်းအဝေးကျင်းပနေကြပါတယ်။ ၄၇၈ ရက် ကြာမြင့်လာပြီဖြစ်တဲ့ ရုရှားစစ်ပွဲအတွင်း ကိယက်ဗ်ကို နောက်ထပ်ထောက်ပံ့ပေးရေးကိစ္စနဲ့ တ်သက်ပြီး နေတိုး-ယူကရိန်းကော်မရှင်အစည်းအဝေးမှာ နေတိုး ကာကွယ်ရေးဝန်ကြီးများက ဆွေးနွေးခဲ့ကြပါတယ်။
မကြာသေးမီက ရုရှားအပေါ်တန်ပြန်ထိုးစစ်ကို စတင်ခဲ့ကြောင်း၊ မြေပြင်စိုးမိုးမှု ရယူထားတဲ့ ယူကရိန်းအတွက် မဟာမိတ်တို့က စစ်လက်နက်ပစ္စည်းများ၊ လက်နက်များနဲ့ ခဲယမ်းမီးကျောက်များကို ဆက်လက်ထောက်ပံ့ပေးရန် တောင်းဆိုကြောင်း စစ်စာချုပ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ယန်း-စလော့တင်းဘတ်ဂ်က အစည်းအဝေး အဖွင့်မိန့်ခွန်းအဖြစ် ပြောဆိုပါတယ်။
နေတိုး-ယူကရိန်းကော်မရှင်ရဲ့လုံခြုံရေး-ကာကွယ်ရေးကဏ္ဍကို ပြန်လည်တည်ဆောက်ရန်နဲ့ ဆိုဗီယက်စံနှုန်းမှ နေတိုးစံနှုန်းသို့ ကူးပြောင်းဖို့အတွက် ကိယက်ဗ်ကို နှစ်ရှည်ထောက်ပံ့ရေး အစီအစဉ်တစ်ရပ်ကို နေတိုး နဲ့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးများက ဆွေးနွေးကြမှာဖြစ်ကြောင်း စလော့တင်းဘတ်ဂ်က ဆိုပါတယ်။
အဲဒီကိစ္စအစီအစဉ်ကို ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အထိ လစ်သူယေးနီးယားနိုင်ငံ ဗဲလ်နီးယပ်စ်မြို့တော် နေတိုး ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ လက်ခံအတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။
"ယူကရိန်းရဲ့အနာဂတ်ဟာ ယူရို-အတ္တလန်တစ် မိသားစုအတွင်းမှာ တည်ရှိနေပြီး ကိယက်ဗ်က အဖွဲ့ဝင်ဖြစ်လာဖို့ အတွက် မဟာမိတ်နိုင်ငံအားလုံးတို့က သဘောတူညီခဲ့ကြတယ်လို့ စလော့တင်းဘတ်ဂ်က ပြောပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းမှာ တည်ရှိတဲ့ နိုဗာ_ကတ်ကော့ဗ်ကာဆည်ကြီးဟာ လွန်ခဲ့တဲ့ ဇွန်လ ၇ ရက်မှာ ရုတ်တရက် ကျိုးပေါက်မှုဖြစ်ခဲ့အတွက် ယူကရိန်းလူနေဧရိယာအတွင်း မြစ်ရေများ လျှံတက်လာခြင်းဟာ ပျမ်းမျှ ၁၈ ပေကျော်ရှိတယ်လို့ ဒေသခံများက ပြောဆိုကြောင်း၊ ဧရာမ ရေလှောင်ဆည်ကြီး ကျိုးပေါက်ခြင်းဟာ ယူကရိန်း တို့အတွက် ၁၉၈၆ ခုနှစ် ချာနိုဘိုင်းလ် နျူကလီယာ မတော်တဆမှုနောက်ပိုင်း အဆိုးရွားဆုံး ကပြဘေးသင့်မှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ The Star က ယမန်နေ့ ရေးသားပါတယ်။
နှစ်ပေါင်း ၇ဝ မျှ တည်ရှိခဲ့တဲ့ ဆည်ကြီးရဲ့ ရေထည်ထည် လေးပုံ သုံးပုံခန့် ဆုံးရှုံးသွားတဲ့အတွက် မြစ်ရေကို မှီခိုနေ ရသူ ယူကရိန်းမြို့နဲ့ ကျေးရွာများ ၁၅ ရာခိုင်နှုန်းမှာ သောက်သုံးရေ ပြတ်လပ်မှုများကို ယနေ့တိုင်ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း သိရှိရပါတယ်။
ဒီနီပရိုမြစ်ဟာ ရုရှား-ယူကရ်ိန်းတို့အကြား ရှေ့တန်း စစ်မျဉ်းကြောင်း ဖြစ်နေပြီး ဆည်ကြီးတည်ရှိတဲ့အပိုင်းကို မော်စကိုတပ်များက ထ်ိန်းချုပ်ထားပါတယ်။ ကျိုးပေါက်မှုမှာ ပေါက်ကွဲတဲ့ အရိပ်အယောင်များကို တွေ့ရှိရကြောင်း၊ ဆည်ရဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ပေါက်ကွဲသံများ ကြားခဲ့ရတယ်လို့ ယူကရိန်းနဲ့ ရုရှား သတင်းရင်းမြစ် နှစ်ခုစလုံးက ပြောကြပါတယ်။
အခင်းဖြစ်ပွားရာ နေရာကို အနီအောက်ရောင်ခြည်သုံး ဂြိုလ်တုနဲ့ ထောက်လှမ်းခဲ့သူ နော်ဝေးအခြေစိုက် NORSAR အဖွဲ့ကတော့ ပေါက်ကွဲမှုတစ်ခု တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းတို့ရဲ့တန်ပြန်ထိုးစစ်ကို တားဆီးဖို့အတွက် ရုရှားတပ်ဖွဲ့တွေက ဆည်ကို ဖောက်ခွဲခဲ့တယ်လို့ စွပ်စွဲထား ပေမယ့် မော်စကို အာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။
#နိုဗာ_ကတ်ကော့ဗ်ကာဆည် #ဒီနီပရိုမြစ် #CIA #ICC #ရုရှား #ယူကရိန်း
(TRT World., 16 June 2023,” Live blog: Russia accuses US of helping Ukraine 'cover' dam blast tracks.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ယူကရိန္းေရကာတာ ေဖာက္ခြဲခံရမႈ သဲလြန္စမ်ားကို ဖုံးဖိရန္ ဝါရွင္တန္ ကူညီေနဟု ႐ုရွား စြပ္စြဲ
Htay Oung (NP News) - ဇြန္ ၁၆
ႏိုဗာ_ကတ္ေကာ့ဗ္ကာဆည္ကို ယူကရိန္းတို႔တိုက္ခိုက္ရာမွာ အေမရိကန္က အကူအညီေပးခဲ့ပုံ သဲလြန္စေတြကို ဖုံးဖိဖို႔အတြက္ ဝါရွင္တန္က ႀကိဳးစားေနေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာ_ဇာက ႐ိုဗာက ေျပာဆိုတယ္လို႔ AFP က ဇြန္လ ၁၆ ရက္က ေရးသားခဲ့ပါတယ္။
ႏိုင္ငံတကာကြၽမ္းက်င္သူမ်ားပါ၀င္ၿပီး လြတ္လပ္တဲ့ေကာ္မရွင္နဲ႔ ဆည္ပ်က္စီးေစခဲ့တဲ့ေပါက္ကြဲမႈကို စုံစမ္းစစ္ေဆး ဖို႔ တူရကီႏိုင္ငံရဲ႕ေတာင္းဆိုမႈအေပၚ ယူကရိန္းအာဏာပိုင္မ်ားက မယဥ္ေက်းစြာ တုံ႔ျပန္ခဲ့တယ္လို႔ စိန႔္ပီတာစဘတ္ ၿမိဳ႕ သတင္းစာရွင္းလင္းပြဲမွာ ဇာက႐ိုဗာက ေဝဖန္လိုက္ပါတယ္။
ႏိုင္ငံတကာေကာ္မရွင္ရဲ႕စစ္ေဆးမႈကို လက္ခံရမယ့္အစား ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး (ICC) ကို ခုတုံးလုပ္ဖို႔ ႀကိဳးစား ေနတဲ့ ယူကရိန္းဟာ သူတို႔ကိုယ္သူတို႔ အယုံအၾကည္မရွိဘဲ ယုတ္ညံ့ရာ ေရာက္ရွိေစတယ္လို႔ ဆက္လက္ေျပာဆိုခဲ့ ပါတယ္။
ICC က ဖြဲ႕စည္းေပးလိုက္တဲ့ ေကာ္မရွင္က ခါဆြန္ေဒသ ကြင္းဆင္းရာမွာ အဲဒီရည္႐ြယ္ခ်က္အတြက္ အေမရိကန္ ဗဟိုေထာက္လွမ္းေရးေအဂ်င္စီ ၫႊန္ၾကားေရးမႉး ဝီလွ်ံ_ဘန္းကိုယ္တိုင္ လိုက္ပါပို႔ေဆာင္ ေပးေနတယ္လို႔ ဇာက႐ိုဗာက ေထာက္ျပလိုက္ပါတယ္။
“ႏိုင္ငံတကာဥပေဒေရးရာ ယႏၲရား” လို႔ ေခၚတဲ့ ICC စုံစမ္းစစ္ေဆးေရးေကာ္မရွင္က အခင္းျဖစ္ပြားရာေနရာကို သြားလာရာမွာ အေမရိကန္ေထာက္လွမ္းေရးက ပို႔ေဆာင္ေပးေနျခင္းဟာ (သူတို႔အတြက္) အက်ိဳးအေၾကာင္း ဆီေလ်ာ္တယ္လို႔ သတ္မွတ္ေၾကာင္း၊ ဒီလုပ္ရပ္ဟာ အေမရိကန္ေထာက္လွမ္းေရးၫႊန္ၾကားေရးမႉးက အသုံးေတာ္ ခံေနတဲ့ ႏိုင္ငံတကာဖြဲ႕စည္းပုံ အသစ္လားလို႔ ေမးခြန္းထုတ္ရမွာျဖစ္ေၾကာင္း၊ ယူကရိန္းလက္နက္ကိုင္တပ္ဖြဲ႕မ်ားရဲ႕ ရာဇ၀တ္မႈမ်ားကို ေျခရာေဖ်ာက္ဖို႔နဲ႔ ႐ုရွားသာလွ်င္ အျပစ္ရွိေၾကာင္း ထင္ေယာင္ထင္မွားျဖစ္ေစေရး ကုလားဖန္ထိုး ဖို႔ ရည္႐ြယ္ဆိုတာ (လူတိုင္း) နားလည္ႏိုင္တယ္လို႔ ဆက္လက္ရွင္းျပပါတယ္။
ေနတိုးစစ္စာခ်ဳပ္အဖြဲ႕၀င္ႏိုင္ငံမ်ားနဲ႔ ယူကရိန္းမွ ကာကြယ္ေရးဦးစီးခ်ဳပ္ေတြဟာ ဘယ္လ္ဂ်ီယန္ႏိုင္ငံ ဘရပ္ဆဲလ္ ၿမိဳ႕မွာ အစည္းအေဝးက်င္းပေနၾကပါတယ္။ ၄၇၈ ရက္ ၾကာျမင့္လာၿပီျဖစ္တဲ့ ႐ုရွားစစ္ပြဲအတြင္း ကိယက္ဗ္ကို ေနာက္ထပ္ေထာက္ပံ့ေပးေရးကိစၥနဲ႔ တ္သက္ၿပီး ေနတိုး-ယူကရိန္းေကာ္မရွင္အစည္းအေဝးမွာ ေနတိုး ကာကြယ္ေရးဝန္ႀကီးမ်ားက ေဆြးေႏြးခဲ့ၾကပါတယ္။
မၾကာေသးမီက ႐ုရွားအေပၚတန္ျပန္ထိုးစစ္ကို စတင္ခဲ့ေၾကာင္း၊ ေျမျပင္စိုးမိုးမႈ ရယူထားတဲ့ ယူကရိန္းအတြက္ မဟာမိတ္တို႔က စစ္လက္နက္ပစၥည္းမ်ား၊ လက္နက္မ်ားနဲ႔ ခဲယမ္းမီးေက်ာက္မ်ားကို ဆက္လက္ေထာက္ပံ့ေပးရန္ ေတာင္းဆိုေၾကာင္း စစ္စာခ်ဳပ္အဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ယန္း-စေလာ့တင္းဘတ္ဂ္က အစည္းအေဝး အဖြင့္မိန္႔ခြန္းအျဖစ္ ေျပာဆိုပါတယ္။
ေနတိုး-ယူကရိန္းေကာ္မရွင္ရဲ႕လုံၿခဳံေရး-ကာကြယ္ေရးက႑ကို ျပန္လည္တည္ေဆာက္ရန္နဲ႔ ဆိုဗီယက္စံႏႈန္းမွ ေနတိုးစံႏႈန္းသို႔ ကူးေျပာင္းဖို႔အတြက္ ကိယက္ဗ္ကို ႏွစ္ရွည္ေထာက္ပံ့ေရး အစီအစဥ္တစ္ရပ္ကို ေနတိုး နဲ႔ ယူကရိန္း ကာကြယ္ေရးဝန္ႀကီးမ်ားက ေဆြးေႏြးၾကမွာျဖစ္ေၾကာင္း စေလာ့တင္းဘတ္ဂ္က ဆိုပါတယ္။
အဲဒီကိစၥအစီအစဥ္ကို ဇူလိုင္ ၁၁ ရက္မွ ၁၂ ရက္အထိ လစ္သူေယးနီးယားႏိုင္ငံ ဗဲလ္နီးယပ္စ္ၿမိဳ႕ေတာ္ ေနတိုး ေခါင္းေဆာင္မ်ား ထိပ္သီးအစည္းအေဝးမွာ လက္ခံအတည္ျပဳမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
"ယူကရိန္းရဲ႕အနာဂတ္ဟာ ယူ႐ို-အတၱလန္တစ္ မိသားစုအတြင္းမွာ တည္ရွိေနၿပီး ကိယက္ဗ္က အဖြဲ႕ဝင္ျဖစ္လာဖို႔ အတြက္ မဟာမိတ္ႏိုင္ငံအားလုံးတို႔က သေဘာတူညီခဲ့ၾကတယ္လို႔ စေလာ့တင္းဘတ္ဂ္က ေျပာပါတယ္။
ယူကရိန္းႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ တည္ရွိတဲ့ ႏိုဗာ_ကတ္ေကာ့ဗ္ကာဆည္ႀကီးဟာ လြန္ခဲ့တဲ့ ဇြန္လ ၇ ရက္မွာ ႐ုတ္တရက္ က်ိဳးေပါက္မႈျဖစ္ခဲ့အတြက္ ယူကရိန္းလူေနဧရိယာအတြင္း ျမစ္ေရမ်ား လွ်ံတက္လာျခင္းဟာ ပ်မ္းမွ် ၁၈ ေပေက်ာ္ရွိတယ္လို႔ ေဒသခံမ်ားက ေျပာဆိုေၾကာင္း၊ ဧရာမ ေရေလွာင္ဆည္ႀကီး က်ိဳးေပါက္ျခင္းဟာ ယူကရိန္း တို႔အတြက္ ၁၉၈၆ ခုႏွစ္ ခ်ာႏိုဘိုင္းလ္ န်ဴကလီယာ မေတာ္တဆမႈေနာက္ပိုင္း အဆိုး႐ြားဆုံး ကျပေဘးသင့္မႈကို ျဖစ္ေပၚေစခဲ့တယ္လို႔ The Star က ယမန္ေန႔ ေရးသားပါတယ္။
ႏွစ္ေပါင္း ၇ဝ မွ် တည္ရွိခဲ့တဲ့ ဆည္ႀကီးရဲ႕ ေရထည္ထည္ ေလးပုံ သုံးပုံခန္႔ ဆုံးရႈံးသြားတဲ့အတြက္ ျမစ္ေရကို မွီခိုေန ရသူ ယူကရိန္းၿမိဳ႕နဲ႔ ေက်း႐ြာမ်ား ၁၅ ရာခိုင္ႏႈန္းမွာ ေသာက္သုံးေရ ျပတ္လပ္မႈမ်ားကို ယေန႔တိုင္ႀကဳံေတြ႕ေနရဆဲ ျဖစ္ေၾကာင္း သိရွိရပါတယ္။
ဒီနီပ႐ိုျမစ္ဟာ ႐ုရွား-ယူကရ္ိန္းတို႔အၾကား ေရွ႕တန္း စစ္မ်ဥ္းေၾကာင္း ျဖစ္ေနၿပီး ဆည္ႀကီးတည္ရွိတဲ့အပိုင္းကို ေမာ္စကိုတပ္မ်ားက ထ္ိန္းခ်ဳပ္ထားပါတယ္။ က်ိဳးေပါက္မႈမွာ ေပါက္ကြဲတဲ့ အရိပ္အေယာင္မ်ားကို ေတြ႕ရွိရေၾကာင္း၊ ဆည္ရဲ႕ ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမွ ေပါက္ကြဲသံမ်ား ၾကားခဲ့ရတယ္လို႔ ယူကရိန္းနဲ႔ ႐ုရွား သတင္းရင္းျမစ္ ႏွစ္ခုစလုံးက ေျပာၾကပါတယ္။
အခင္းျဖစ္ပြားရာ ေနရာကို အနီေအာက္ေရာင္ျခည္သုံး ၿဂိဳလ္တုနဲ႔ ေထာက္လွမ္းခဲ့သူ ေနာ္ေဝးအေျခစိုက္ NORSAR အဖြဲ႕ကေတာ့ ေပါက္ကြဲမႈတစ္ခု ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။
ယူကရိန္းတို႔ရဲ႕တန္ျပန္ထိုးစစ္ကို တားဆီးဖို႔အတြက္ ႐ုရွားတပ္ဖြဲ႕ေတြက ဆည္ကို ေဖာက္ခြဲခဲ့တယ္လို႔ စြပ္စြဲထား ေပမယ့္ ေမာ္စကို အာဏာပိုင္ေတြက ျငင္းဆိုထားပါတယ္။
#ႏိုဗာ_ကတ္ေကာ့ဗ္ကာဆည္ #ဒီနီပ႐ိုျမစ္ #CIA #ICC #႐ုရွား #ယူကရိန္း
(TRT World., 16 June 2023,” Live blog: Russia accuses US of helping Ukraine 'cover' dam blast tracks.” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)