ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်းတွင် ပြည်တွင်း၊ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံး မီးရထား စက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲရန် ဗိုလ်ချုပ်မှူးကြီးပြော

 496

သန့်ဇင်(NP News)-အောက်တိုဘာ ၃
ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်းတွင် ပြည်တွင်း၊ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံး မီးရထား စက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့(အောက်တိုဘာ ၂ရက်)၊ ညနေပိုင်းက ပြင်ဦးလွင်ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး စဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတားပြုပြင်ခြင်းလုပ်ငန်းများနှင့် တံတားလုံခြုံရေးအတွက် လိုအပ်သည်များကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အလားတူ ရထားလမ်းပိုင်းများအလိုက် ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရာတွင်လည်း မီးရထားများ လုံခြုံချောမွေ့စွာဖြင့် ပြေးဆွဲနိုင်ရေး စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ရထားလမ်းအတွက် လိုအပ်သည့် ကျောက်များကိုလည်း သတ်မှတ်ချက်နှင့်အညီ ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ရထားလမ်းပိုင်းတစ်လျှောက်ရှိ တံတားများ၏ ကြံ့ခိုင်ရေးကိုလည်း ပြန်လည်စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ချိန်တွင် ရထားများ အဆင်ပြေချောမွေ့စွာဖြင့် ပြေးဆွဲဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်း၌ ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံးမီးရထား စက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ယခုကျရောက်မည့် သီတင်းကျွတ်ကာလ အများပြည်သူရုံးပိတ်ရက်များတွင် ရန်ကုန်-နေပြည်တော်-မန္တလေး လူစီးရထားများ ထပ်မံတိုး ချဲ့ပြေးဆွဲ သွားရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

Zawgyi Version:
ျပင္ဦးလြင္-ဂုတ္ထိပ္-ေနာင္ပိန္ ရထားလမ္းပိုင္းတြင္ ျပည္တြင္း၊ျပည္ပ ခရီးသြားမ်ားကို ဆြဲေဆာင္ႏိုင္သည့္ ေက်ာက္မီးေသြးသုံး မီးရထား စက္ေခါင္းမ်ား အသုံးျပဳ၍ ေျပးဆြဲရန္ ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၃
ျပင္ဦးလြင္-ဂုတ္ထိပ္-ေနာင္ပိန္ ရထားလမ္းပိုင္းတြင္ ျပည္တြင္း၊ျပည္ပ ခရီးသြားမ်ားကို ဆြဲေဆာင္ႏိုင္သည့္ ေက်ာက္မီးေသြးသုံး မီးရထား စက္ေခါင္းမ်ား အသုံးျပဳ၍ ေျပးဆြဲရန္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒က ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယမန္ေန႔(ေအာက္တိုဘာ ၂ရက္)၊ ညေနပိုင္းက ျပင္ဦးလြင္ဘူတာႀကီးသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး စဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ မိုင္းခြဲဖ်က္ဆီးမႈေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည့္ ဂုတ္ထိပ္တံတားျပဳျပင္ျခင္းလုပ္ငန္းမ်ားႏွင့္ တံတားလုံၿခဳံေရးအတြက္ လိုအပ္သည္မ်ားကိုလည္း စနစ္တက်ျဖင့္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အလားတူ ရထားလမ္းပိုင္းမ်ားအလိုက္ ျပန္လည္ျပဳျပင္ေဆာင္႐ြက္ျခင္းမ်ား ေဆာင္႐ြက္ရာတြင္လည္း မီးရထားမ်ား လုံၿခဳံေခ်ာေမြ႕စြာျဖင့္ ေျပးဆြဲႏိုင္ေရး စနစ္တက် တြက္ခ်က္ေဆာင္႐ြက္ရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ရထားလမ္းအတြက္ လိုအပ္သည့္ ေက်ာက္မ်ားကိုလည္း သတ္မွတ္ခ်က္ႏွင့္အညီ ထည့္သြင္းေဆာင္႐ြက္ရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ရထားလမ္းပိုင္းတစ္ေလွ်ာက္ရွိ တံတားမ်ား၏ ႀကံ့ခိုင္ေရးကိုလည္း ျပန္လည္စစ္ေဆးၿပီး လိုအပ္သည့္ ျပဳျပင္ထိန္းသိမ္းျခင္းမ်ားကို ေဆာင္႐ြက္သြားရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ရထားလမ္းပိုင္း ျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ ရထားမ်ား အဆင္ေျပေခ်ာေမြ႕စြာျဖင့္ ေျပးဆြဲေဆာင္႐ြက္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္ျခင္း လုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ျပင္ဦးလြင္-ဂုတ္ထိပ္-ေနာင္ပိန္ ရထားလမ္းပိုင္း၌ ျပည္တြင္း/ျပည္ပခရီးသြားမ်ားကို ဆြဲေဆာင္ႏိုင္သည့္ ေက်ာက္မီးေသြးသုံးမီးရထား စက္ေခါင္းမ်ား အသုံးျပဳ၍ ေျပးဆြဲႏိုင္ေရး ေဆာင္႐ြက္သြားရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ယခုက်ေရာက္မည့္ သီတင္းကြၽတ္ကာလ အမ်ားျပည္သူ႐ုံးပိတ္ရက္မ်ားတြင္ ရန္ကုန္-ေနျပည္ေတာ္-မႏၲေလး လူစီးရထားမ်ား ထပ္မံတိုး ခ်ဲ႕ေျပးဆြဲ သြားရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

Related news

© 2021. All rights reserved.