တောင်သာမြို့ ရေဝန်းဘုန်းကြီးကျောင်းမှ သံဃာတစ်ပါးကို PDF အဖွဲ့က အကြမ်းဖက်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို

624

သန့်ဇင် (NP News) - ဇွန် ၂ဝ
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ်(၆)ရက်ကွက်ရှိ ရေဝန်းဘုန်းကြီးကျောင်းမှ ဦးဇင်းတစ်ပါးအား PDF အဖွဲ့မှ အကြမ်းဖက်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇွန်လ ၁၇ ရက်၊ နံနက် ၅ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအဝင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက်ပါ ဘုန်းကြီးကျောင်းမှ ဥူးဇင်း ဥူးဇောတိကသည် ကျောင်းမှ (TERIOS KID)ကားဖြင့်တစ်ပါးတည်းမောင်းနှင်လာစဉ် ထန်းပင်ကန်ကျေးရွာအဝင်၌ PDF အင်အား(၆)ဦးခန့်က ဆိုင်ကယ်(၃)စီးဖြင့်ရောက်ရှိလာကာ ကားအားတားစီး၍ သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ထိုးခုတ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ပစ်ခတ်၊ ထိုးခုတ်မှုကြောင့် ဥူဇင်း ဥူးဇောတိက(၅၁)နှစ် ၊ ဝါတော်(၉)ဝါတွင် ကျည်ထိမှန်၊ ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ ပျံလွန်တော်မူခဲ့ကြောင်းလည်း သိရသည်။
အထက်ပါကဲ့သို့ အကြမ်းဖက်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတွင်း ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုသည်။
လက်ရှိတွင် အကြမ်းဖက်မှုလုပ်ရက်များကြောင့် နိုင်ငံအတွင်း သံဃာတော်(၇၁)ပါးနှင့် သီလရှင်ဆရာကြီး (၁)ပါးတို့ ပျံလွန်တော်မူထားသည်။
zawgyi version
ေတာင္သာၿမိဳ႕ ေရဝန္းဘုန္းႀကီးေက်ာင္းမွ သံဃာတစ္ပါးကို PDF အဖြဲ႕က အၾကမ္းဖက္သတ္ျဖတ္ခဲ့ဟု ရဲတပ္ဖြဲ႕ဆို
သန႔္ဇင္ (NP News) - ဇြန္ ၂ဝ
မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕၊ အမွတ္(၆)ရက္ကြက္ရွိ ေရဝန္းဘုန္းႀကီးေက်ာင္းမွ ဦးဇင္းတစ္ပါးအား PDF အဖြဲ႕မွ အၾကမ္းဖက္သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
ၿပီးခဲ့ေသာ ဇြန္လ ၁၇ ရက္၊ နံနက္ ၅ နာရီအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္၊ ထန္းပင္ကန္ေက်း႐ြာအဝင္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အထက္ပါ ဘုန္းႀကီးေက်ာင္းမွ ဥဴးဇင္း ဥဴးေဇာတိကသည္ ေက်ာင္းမွ (TERIOS KID)ကားျဖင့္တစ္ပါးတည္းေမာင္းႏွင္လာစဥ္ ထန္းပင္ကန္ေက်း႐ြာအဝင္၌ PDF အင္အား(၆)ဦးခန႔္က ဆိုင္ကယ္(၃)စီးျဖင့္ေရာက္ရွိလာကာ ကားအားတားစီး၍ ေသနတ္ျဖင့္ ပစ္ခတ္၊ ဓားျဖင့္ ထိုးခုတ္ခဲ့ေၾကာင္းသိရသည္။
ထိုသို႔ ပစ္ခတ္၊ ထိုးခုတ္မႈေၾကာင့္ ဥဴဇင္း ဥဴးေဇာတိက(၅၁)ႏွစ္ ၊ ဝါေတာ္(၉)ဝါတြင္ က်ည္ထိမွန္၊ ျပတ္ရွဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္းလည္း သိရသည္။
အထက္ပါကဲ့သို႔ အၾကမ္းဖက္မႈ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမတြင္း ပိတ္ဆို႔ရွာေဖြျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ဆိုသည္။
လက္ရွိတြင္ အၾကမ္းဖက္မႈလုပ္ရက္မ်ားေၾကာင့္ ႏိုင္ငံအတြင္း သံဃာေတာ္(၇၁)ပါးႏွင့္ သီလရွင္ဆရာႀကီး (၁)ပါးတို႔ ပ်ံလြန္ေတာ္မူထားသည္။