၂၀၂၄ ခုနှစ်အတွင်း ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခြင်းအပါအဝင် လူကုန် ကူးမှု ၅၀ ကျော် အရေးယူဆောင်ရွက်ခဲ့

 81

Pearl (NP News) - ဇွန်

၂၀၂၄ ခုနှစ်အတွင်း ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ်စေခြင်းအပါအဝင် လူကုန် ကူးမှု ၅၀ ကျော် အရေးယူဆောင်ရွက်နိုင် ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၅) ကို ယမန်နေ့ (ဇွန်လ ၂၅ရက်) က ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း လူကုန် ကူးမှုဖြင့် ၅၃ မှု အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပွားခဲ့သည့် ဦးတည်နိုင်ငံများမှာ တရုတ်သို့ ၃၄ မှု၊ လာအိုသို့ (၁)မှု၊ ကမ္ဘောဒီးယားသို့ (၁) မှုနှင့် ပြည်တွင်း (၁၇) မှု ဖြစ်ပွားခဲ့ကြောင်း၊ အမှုအမျိုးအစားများမှာ အဓမ္မလက်ထပ်စေခြင်း (၃၅) မှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ်စေခြင်း(၉) မှု၊ အဓမ္မအလုပ်ခိုင်းစေခြင်း(၁)မှု၊ ကိုယ်ဝန်အငှားဆောင် စေခြင်း (၁) မှုနှင့် အခြားနည်းလမ်းများဖြင့် ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေခြင်း(၁)မှုတို့ ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန် ၂၀ ရက်အထိ လူကုန်ကူးမှု ၈၀ အရေးယူနိုင်ခဲ့သောကြောင့် ယခင်နှစ်ထက် လူကုန်ကူးမှုများ ကို တိုးမြှင့်ဖော်ထုတ်အရေးယူနိုင် ခဲ့ကြောင်း အဆိုပါ အစည်းအဝေးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကပြောကြားသည်။

အလားတူ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် ၂၁၈ မှုနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ မှ ဇွန် ၂၀ ရက်အထိ ၄၂ မှုတို့ အရေးယူဆောင်ရွက်ခဲ့ရာ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားကြရန် ၊ နယ်စပ်ဝင်ပေါက်ထွက်ပေါက်များမှ တရားမဝင်သွားမည့်သူများအား တားဆီးအသိပညာပေးဆောင်ရွက်ပြီး နေရပ်ဒေသသို့ ပြန်လည်စေလွှတ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ၄၃၃၇ ဦးနှင့် ၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်အထိ ၄၇၇ ဦးတို့အား အသိပညာပေးတားဆီးပြန်လွှတ် နိုင်ခဲ့ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအား နိုင်ငံအတွင်းသို့ လာရောက်စည်းရုံးကာ အယောင်ပြလက်ထပ်ပြီး ပြည်ပနိုင်ငံများသို့ ခေါ်ထုတ်သည်အထိ အတင့်ရဲလာသော လူကုန်ကူးမှုများကို ဖော်ထုတ်ရရှိနေကြောင်း နှင့် ထိုသို့ မြန်မာနိုင်ငံထဲအထိ လက်ထပ်ရန် လာရောက်စည်းရုံးခဲ့သည့် ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ ၁၄ မှု ရှိပြီ ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ယခုနှစ်အတွင်း အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာထုတ်လွှင့်ပြသရန် စည်းရုံးသိမ်းသွင်းခဲ့သည့် ဖြစ်စဉ်များကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ခဲ့ပြီး ကျူးလွန်သူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် မက်လုံးပေးလိမ်လည်မှုများအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့် လူကုန်ကူးမှုကျူးလွန်ခြင်းခံနေရသည်ကိုတွေ့ရှိရကြောင်း၊ ကျူးလွန်သူများသည် တိုးတက်လာသည့် နည်းပညာများကိုအခြေခံပြီး ကျူးလွန်ပုံများမှာ စနစ်တကျဂိုဏ်းဖွဲ့ပြီး လမ်းကြောင်းပုံစံသစ်များဖြင့် ပြောင်းလဲကျူးလွန်လာသည့်အတွက် ထိရောက်စွာ တားဆီးထိန်းချုပ်သွားရန် နည်းလမ်းများကို ဖော်ထုတ်ရန် လိုကြောင်းလည်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version:
၂၀၂၄ ခုႏွစ္အတြင္း ျပည့္တန္ဆာအျဖစ္ အဓမၼခိုင္းေစျခင္းအပါအဝင္ လူကုန္ ကူးမႈ ၅၀ ေက်ာ္ အေရးယူေဆာင္႐ြက္ခဲ့
Pearl (NP News) - ဇြန္

၂၀၂၄ ခုႏွစ္အတြင္း ျပည့္တန္ဆာအျဖစ္ အဓမၼျပဳလုပ္ေစျခင္းအပါအဝင္ လူကုန္ ကူးမႈ ၅၀ ေက်ာ္ အေရးယူေဆာင္႐ြက္ႏိုင္ ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရ သိရသည္။

လူကုန္ကူးမႈတားဆီးကာကြယ္ေရးႏွင့္ လူကုန္ကူးခံရသူမ်ားအား အကာအကြယ္ေပးေရးဆိုင္ရာ လုပ္ငန္းေကာ္မတီ အစည္းအေဝး (၁/၂၀၂၅) ကို ယမန္ေန႔ (ဇြန္လ ၂၅ရက္) က က်င္းပခဲ့ေၾကာင္း သိရသည္။

၂၀၂၄ ခုႏွစ္အတြင္း လူကုန္ ကူးမႈျဖင့္ ၅၃ မႈ အေရးယူေဆာင္႐ြက္ခဲ့ၿပီး ျဖစ္ပြားခဲ့သည့္ ဦးတည္ႏိုင္ငံမ်ားမွာ တ႐ုတ္သို႔ ၃၄ မႈ၊ လာအိုသို႔ (၁)မႈ၊ ကေမာၻဒီးယားသို႔ (၁) မႈႏွင့္ ျပည္တြင္း (၁၇) မႈ ျဖစ္ပြားခဲ့ေၾကာင္း၊ အမႈအမ်ိဳးအစားမ်ားမွာ အဓမၼလက္ထပ္ေစျခင္း (၃၅) မႈ၊ ျပည့္တန္ဆာအျဖစ္ အဓမၼျပဳလုပ္ေစျခင္း(၉) မႈ၊ အဓမၼအလုပ္ခိုင္းေစျခင္း(၁)မႈ၊ ကိုယ္ဝန္အငွားေဆာင္ ေစျခင္း (၁) မႈႏွင့္ အျခားနည္းလမ္းမ်ားျဖင့္ ကာမဆိုင္ရာကိစၥ အဓမၼျပဳလုပ္ေစျခင္း(၁)မႈတို႔ ျဖစ္ပြားခဲ့ေၾကာင္း၊ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလမွ ဇြန္ ၂၀ ရက္အထိ လူကုန္ကူးမႈ ၈၀ အေရးယူႏိုင္ခဲ့ေသာေၾကာင့္ ယခင္ႏွစ္ထက္ လူကုန္ကူးမႈမ်ား ကို တိုးျမႇင့္ေဖာ္ထုတ္အေရးယူႏိုင္ ခဲ့ေၾကာင္း အဆိုပါ အစည္းအေဝးတြင္ လူကုန္ကူးမႈတားဆီးကာကြယ္ေရးႏွင့္ လူကုန္ကူးခံရသူမ်ားအား အကာအကြယ္ေပးေရးဆိုင္ရာ လုပ္ငန္းေကာ္မတီဥကၠ႒၊ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ေက်ာ္ေက်ာ္ကေျပာၾကားသည္။

အလားတူ ၂၀၂၄ ခုႏွစ္အတြင္း ျပည္ပအလုပ္အကိုင္ဆိုင္ရာ ဥပေဒျဖင့္ ၂၁၈ မႈႏွင့္ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ မွ ဇြန္ ၂၀ ရက္အထိ ၄၂ မႈတို႔ အေရးယူေဆာင္႐ြက္ခဲ့ရာ ဆက္လက္တိုးျမႇင့္ ေဆာင္႐ြက္သြားၾကရန္ ၊ နယ္စပ္ဝင္ေပါက္ထြက္ေပါက္မ်ားမွ တရားမဝင္သြားမည့္သူမ်ားအား တားဆီးအသိပညာေပးေဆာင္႐ြက္ၿပီး ေနရပ္ေဒသသို႔ ျပန္လည္ေစလႊတ္ျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ရာ ၂၀၂၄ ခုႏွစ္တြင္ ၄၃၃၇ ဦးႏွင့္ ၂၀၂၅ ခုႏွစ္ ဇြန္ ၂၀ ရက္အထိ ၄၇၇ ဦးတို႔အား အသိပညာေပးတားဆီးျပန္လႊတ္ ႏိုင္ခဲ့ေၾကာင္းလည္း ဒုတိယဝန္ႀကီးက ေျပာၾကားခဲ့သည္။

ထို႔ျပင္ ျမန္မာႏိုင္ငံအတြင္းရွိ အမ်ိဳးသမီးမ်ားအား ႏိုင္ငံအတြင္းသို႔ လာေရာက္စည္း႐ုံးကာ အေယာင္ျပလက္ထပ္ၿပီး ျပည္ပႏိုင္ငံမ်ားသို႔ ေခၚထုတ္သည္အထိ အတင့္ရဲလာေသာ လူကုန္ကူးမႈမ်ားကို ေဖာ္ထုတ္ရရွိေနေၾကာင္း ႏွင့္ ထိုသို႔ ျမန္မာႏိုင္ငံထဲအထိ လက္ထပ္ရန္ လာေရာက္စည္း႐ုံးခဲ့သည့္ ျဖစ္စဥ္မ်ားမွာ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ ၁ ရက္မွ ယေန႔အထိ ၁၄ မႈ ရွိၿပီ ျဖစ္ေၾကာင္း ဒုတိယဝန္ႀကီးက ေျပာၾကားသည္။

ယခုႏွစ္အတြင္း အြန္လိုင္းမွတစ္ဆင့္ လိင္ပိုင္းဆိုင္ရာထုတ္လႊင့္ျပသရန္ စည္း႐ုံးသိမ္းသြင္းခဲ့သည့္ ျဖစ္စဥ္မ်ားကို ေဖာ္ထုတ္အေရးယူ ေဆာင္႐ြက္ခဲ့ၿပီး က်ဴးလြန္သူမ်ားအေနျဖင့္ အြန္လိုင္းမွတစ္ဆင့္ မက္လုံးေပးလိမ္လည္မႈမ်ားအေပၚ ယုံၾကည္မႈလြန္ကဲျခင္းေၾကာင့္ လူကုန္ကူးမႈက်ဴးလြန္ျခင္းခံေနရသည္ကိုေတြ႕ရွိရေၾကာင္း၊ က်ဴးလြန္သူမ်ားသည္ တိုးတက္လာသည့္ နည္းပညာမ်ားကိုအေျခခံၿပီး က်ဴးလြန္ပုံမ်ားမွာ စနစ္တက်ဂိုဏ္းဖြဲ႕ၿပီး လမ္းေၾကာင္းပုံစံသစ္မ်ားျဖင့္ ေျပာင္းလဲက်ဴးလြန္လာသည့္အတြက္ ထိေရာက္စြာ တားဆီးထိန္းခ်ဳပ္သြားရန္ နည္းလမ္းမ်ားကို ေဖာ္ထုတ္ရန္ လိုေၾကာင္းလည္း ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ေက်ာ္ေက်ာ္ တိုက္တြန္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.