အယ်နီညိုကြောင့် အာရှတိုက်ရှိ နိုင်ငံအားလုံးရဲ့ ၉ဝ ရာခိုင်နှုန်မှာ စပါးစိုက်ပျိုးထုတ်လုပ်မှုလျော့ကျဖွယ်ရှိနေပြီး ဆန်ဈေးနှုန်း မြင့်တက်လာဖွယ်ရှိနေ

2152

ဂျန်ဇက် (NP News) - ဇူလိုင် ၇
အယ်နီညိုကြောင့် အာရှတိုက်ရှိ နိုင်ငံအားလုံးရဲ့ ၉ဝ ရာခိုင်နှုန်းဟာ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရာမှာ ပုံမှန်ထက် လျော့နည်းထုတ်လုပ်ရဖွယ်ရှိနေကြောင်း အိန္ဒိယအခြေစိုက် ဆန်စပါးရောင်းဝယ်သူအသင်း က ပြောပါတယ်။
မေလအတွင်း မလေးရှားနိုင်ငံမှာ မိုးရွာသွန်းမှု ၂၆ ရာခိုင်နှုန်း လျော့ကျသွားတဲ့အတွက် ကမ္ဘာပေါ်မှာ ဆန်စပါးတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကလည်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တစ်ခုတည်းကိုသာ အဓိကထားဖို့ လယ်သမားတွေကို တိုက်တွန်းထားပါတယ်။ ကမ္ဘာ့ဆန်စပါးရောင်းဝယ်ထုတ်လုပ်ရေးအဖွဲ့တွေက အယ်နီညိုကြောင့် ကမ္ဘာ့မှာ ဆန်စပါးထုတ်လုပ်မှုအများဆုံးနိုင်ငံတွေရဲ့ထုတ်လုပ်မှုတွေက ကျဆင်းဖွယ်ရှိနေကြောင်း သိရပါတယ်။
ဆန်စပါးထုတ်လုပ်မှု ကျဆင်းလာမှုနဲ့အတူ ကမ္ဘာ့ဆန်ဈေးနှုန်းဟာ ၁၁နှစ်ဆက်တိုက်မြင့်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ဆန်စပါးရောင်းသူအဖွဲ့ တာဝန်ရှိသူတစ်ဦးက "ထောက်ပံ့မှု ကန့်သတ်ချက်တွေကြောင့် ဆန်ဈေးနှုန်းတွေဟာ တက်လာဖွယ်ရှိနေပါတယ်။ ထုတ်လုပ်မှုလျော့ကျမယ်ဆိုရင်တော့ ဆန်ဈေးနှုန်းက တက်လာဖွယ်ရှိနေပါတယ်။ ဆန်စပါးဟာ ကမ္ဘာလူဦးရေ ၃ ဘီလျံအတွက် မရှိမဖြစ်အစားအစာဖြစ် သတ်မှတ်ခံထားရပြီး အယ်နီညိုကြောင့် မိုးရွာသွန်းမှုတွေ ကျဆင်းလာဖွယ်ရှိနေရာစိုက်ပျိုးရေးလုပ်ငန်းတွေအပေါ်သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သိရပါတယ်။
အယ်နီညိုက ကမ္ဘာသစ်သီးဝလံများစိုက်ပျိုးထုတ်လုပ်သူများကို ခြိမ်းခြောက်လာဖွယ်ရှိနေပြီး ဆန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် အာရှတိုက်နဲ့ အာဖရိကတိုက်ရှိ နိုင်ငံတို့မှာ စားသောက်မယ့် အဓိက အစားအစာအပြောင်းအလဲတွေ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။
ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံတွေရဲ့ကုန်ပစ္စည်းထုတ်လုပ်မှုများနဲ့ ဈေးနှုန်းများ အပေါ်သက်ရောက်မှုများရှိနေချိန်မှာ အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာ့နိုင်ငံတွေအပေါ်သက်ရောက်မှုတွေ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;