အစ္စရေးနဲ့လက်နက်ကုန်သွယ်မှုတွေကို ပိတ်ပင်သွားမယ်လို့ ဆလိုဗေးနီးယားအစိုးရပြော

128

Pika (NP News) - သြဂုတ် ၂
ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးနဲ့လက်နက်ကုန်သွယ်မှုအားလုံးကို ပိတ်ပင် သွားမယ်လို့ ဆလိုဗေးနီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက အစ္စရေးနဲ့လက်နက်ကုန်သွယ်မှုကို ပိတ်ပင်လိုက်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဆလိုဗေးနီးယားအစိုးရဟာ ဂါဇာမှာဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးကို မကြာခဏပြစ်တင်ဝေဖန်ခဲ့ တယ်လို့လည်း သိရပါတယ်။ ဆလိုဗေးနီးယားအစိုးရက “ဆလိုဗေးနီးယားနိုင်ငံဟာ အစ္စရေးကို လက်နက် တင်ပို့တာတွေ၊ တင်သွင်းတာတွေနဲ့အကူးအပြောင်းတွေကို ပိတ်ပင်လိုက်တဲ့ ပထမဆုံးဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဥရောပသမဂ္ဂဟာ ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကို မချမှတ်နိုင်တာကြောင့် ယခုလိုကိုယ်တိုင်ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း ဆလိုဗေးနီးယားအစိုးရက ပြောကြားခဲ့ပါတယ်။ ဆလိုဗေးနီးယားအစိုးရက “ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အစၥေရးနဲ႔လက္နက္ကုန္သြယ္မႈေတြကို ပိတ္ပင္သြားမယ္လို႔ ဆလိုေဗးနီးယားအစိုးရေျပာ
Pika (NP News) - ၾသဂုတ္ ၂
ဂါဇာကမ္းေျမာင္ေဒသမွာ ျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး အစၥေရးနဲ႔လက္နက္ကုန္သြယ္မႈအားလုံးကို ပိတ္ပင္ သြားမယ္လို႔ ဆလိုေဗးနီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီလုပ္ရပ္ဟာ ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံက အစၥေရးနဲ႔လက္နက္ကုန္သြယ္မႈကို ပိတ္ပင္လိုက္တာ ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဆလိုေဗးနီးယားအစိုးရဟာ ဂါဇာမွာျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး အစၥေရးကို မၾကာခဏျပစ္တင္ေဝဖန္ခဲ့ တယ္လို႔လည္း သိရပါတယ္။ ဆလိုေဗးနီးယားအစိုးရက “ဆလိုေဗးနီးယားႏိုင္ငံဟာ အစၥေရးကို လက္နက္ တင္ပို႔တာေတြ၊ တင္သြင္းတာေတြနဲ႔အကူးအေျပာင္းေတြကို ပိတ္ပင္လိုက္တဲ့ ပထမဆုံးဥေရာပႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ပါတယ္” လို႔ ထုတ္ျပန္ခဲ့ပါတယ္။
ဥေရာပသမဂၢဟာ ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ခိုင္မာတဲ့ဆုံးျဖတ္ခ်က္ေတြကို မခ်မွတ္ႏိုင္တာေၾကာင့္ ယခုလိုကိုယ္တိုင္ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔လည္း ဆလိုေဗးနီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။ ဆလိုေဗးနီးယားအစိုးရက “ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာအက်ပ္အတည္းနဲ႔ပတ္သက္ၿပီး ကိုင္တြယ္ေျဖရွင္းဖို႔ ႏိုင္ငံတိုင္းမွာ တာဝန္ရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။