မြဝတီမြို့တွင် မျှစ်ချိုးသွားသော အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ဟု ရဲတပ်ဖွဲ့ဆို

455

NP News - ဇူလိုင် ၇
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် မျှစ်ချိုးသွားသော အမျိုးသားတစ်ဦး မိုင်းနင်းမိ၍သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်သည် ပြီးခဲ့သော ဇူလိုင်လ ၅ ရက်၊ မွန်းလွဲ ၂ နာရီအချိန်တွင် မြဝတီမြို့နယ်၊ ပွင့်အေးမြိုင်ကျေးရွာအနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သော သေဆုံးသူအမျိုးသားသည် ၎င်းနေအိမ်မှ မျှစ်ချိုးရန် သွားရောက်စဉ် ပုညရှင် ဘုန်းကြီးကျောင်း၏တောင်ဘက် ကိုက် (၃ဝဝ)ခန့် အကွာတွင် မိုင်းတစ်လုံးအား နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ပွင့်အေးမြိုင်ကျေးရွာနေ ဦးတင်ဝင်း(၅၈)နှစ်တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
zawgyi version
ျမဝတီၿမိဳ႕တြင္ မွ်စ္ခ်ိဳးသြားေသာ အမ်ိဳးသားတစ္ဦး မိုင္းနင္းမိ၍ ေသဆုံးခဲ့ဟု ရဲတပ္ဖြဲ႕ဆို
NP News - ဇူလိုင္ ၇
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္တြင္ မွ်စ္ခ်ိဳးသြားေသာ အမ်ိဳးသားတစ္ဦး မိုင္းနင္းမိ၍ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္သည္ ၿပီးခဲ့ေသာ ဇူလိုင္လ ၅ ရက္၊ မြန္းလြဲ ၂ နာရီအခ်ိန္တြင္ ျမဝတီၿမိဳ႕နယ္၊ ပြင့္ေအးၿမိဳင္ေက်း႐ြာအနီးတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ေသဆုံးသူအမ်ိဳးသားသည္ ၎ေနအိမ္မွ မွ်စ္ခ်ိဳးရန္ သြားေရာက္စဥ္ ပုညရွင္ ဘုန္းႀကီးေက်ာင္း၏ေတာင္ဘက္ ကိုက္ (၃ဝဝ)ခန႔္ အကြာတြင္ မိုင္းတစ္လုံးအား နင္းမိ၍ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာဆိုထားသည္။
ထိုသို႔ မိုင္းေပါက္ကြဲမႈေၾကာင့္ ပြင့္ေအးၿမိဳင္ေက်း႐ြာေန ဦးတင္ဝင္း(၅၈)ႏွစ္တြင္ မိုင္းစထိမွန္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္တြင္ ပါဝင္ပတ္သက္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပး အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။