အထက်တန်းကျောင်းအတွင်းသို့ အမျိုးသားငယ်တစ်ဦး ဓားဖြင့်ဝင်ထိုးသောကြောင့် ကျောင်းသား၊ ကျောင်းသူ (၃)ဦးဒဏ်ရာရ

1302

သန့်ဇင်(NP News)-အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မှ အထက်တန်းကျောင်းအတွင်းဝင်ရောက်ကာ အသက်(၁၇)အရွယ် အမျိုးသားငယ်တစ်ဦးက ဓားဖြင့်ဝင်ထိုး သောကြောင့် ကျောင်းသား၊ ကျောင်းသူ (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၂၂ရက်)၊ မွန်းလွဲ ၁၂ နာရီခွဲခန်က အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ရှိ အထက်တန်းကျောင်းတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းဝန်အတွင်းသို့ အသက် (၁၇) နှစ်အရွယ် အမျိုးသားငယ်တစ်ဦးရောက်ရှိလာပြီး ညီမဖြစ်သူအား မု့န်ပေးရန်ဆိုကာ Grade 11 (B)ခန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် ကျောင်းသူတစ်ဦး၏ လည်ပင်းအားဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြစ်ပွားနေစဉ် ကျောင်းသားတစ်ဦးနှင့် ကျောင်သူတစ်ဦးကဝင်ရောက်ဆွဲရာတွင် ဓားဖြင့်ပြန်လည် ထိုးခဲ့သဖြင့် ဝင်ဆွဲသူ (၂)ဦးပါ ဓားဒဏ်များရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် လည်ပင်းဓားဒဏ်ရာရရှိခဲ့သော ကျောင်းသူမှာ စိုးရိမ်ရအခြေအနေဖြစ်နေသည့်အပြင် ဝင်ဆွဲသူ(၂)ဦးမှာ ဓားဒဏ်ရာ များရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူအမျိုးသားအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

Zawgyi Version:
အထက္တန္းေက်ာင္းအတြင္းသို႔ အမ်ိဳးသားငယ္တစ္ဦး ဓားျဖင့္ဝင္ထိုးေသာေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူ (၃)ဦးဒဏ္ရာရ
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၃
မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ျမစ္ငယ္ၿမိဳ႕မွ အထက္တန္းေက်ာင္းအတြင္းဝင္ေရာက္ကာ အသက္(၁၇)အ႐ြယ္ အမ်ိဳးသားငယ္တစ္ဦးက ဓားျဖင့္ဝင္ထိုး ေသာေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူ (၃)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာ ၂၂ရက္)၊ မြန္းလြဲ ၁၂ နာရီခြဲခန္က အမရပူရၿမိဳ႕နယ္၊ ျမစ္ငယ္ၿမိဳ႕ရွိ အထက္တန္းေက်ာင္းတြင္ ျဖစ္ပြား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်ာင္းဝန္အတြင္းသို႔ အသက္ (၁၇) ႏွစ္အ႐ြယ္ အမ်ိဳးသားငယ္တစ္ဦးေရာက္ရွိလာၿပီး ညီမျဖစ္သူအား မု႔န္ေပးရန္ဆိုကာ Grade 11 (B)ခန္းအတြင္းသို႔ ဝင္ေရာက္ၿပီးေနာက္ ေက်ာင္းသူတစ္ဦး၏ လည္ပင္းအားဓားျဖင့္ထိုးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ျဖစ္ပြားေနစဥ္ ေက်ာင္းသားတစ္ဦးႏွင့္ ေက်ာင္သူတစ္ဦးကဝင္ေရာက္ဆြဲရာတြင္ ဓားျဖင့္ျပန္လည္ ထိုးခဲ့သျဖင့္ ဝင္ဆြဲသူ (၂)ဦးပါ ဓားဒဏ္မ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ လည္ပင္းဓားဒဏ္ရာရရွိခဲ့ေသာ ေက်ာင္းသူမွာ စိုးရိမ္ရအေျခအေနျဖစ္ေနသည့္အျပင္ ဝင္ဆြဲသူ(၂)ဦးမွာ ဓားဒဏ္ရာ မ်ားရရွိခဲ့သျဖင့္ မႏၲေလးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ က်ဴးလြန္သူအမ်ိဳးသား ဖမ္းဆီးရမိေရး စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္လွ်က္ရွိေၾကာင္း သိရသည္။