မန်ယူအသင်းတွင်(၁၂)နှစ်ကြာ ကစားပြီးနောက် အသင်းမှထွက်ခွါတော့မည့် ဂိုးသမားဒီဂီယာ

1206

Pika (NP News) - ဇူလိုင် ၉
မန်ယူအသင်းတွင် (၁၂)ကြာကစားခဲ့သော ဒီဂီယာသည် လက်ရှိနွေရာသီတွင် အသင်းမှထွက်ခွါတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် လက်ရှိအချိန်သည် ၎င်း၏ကစားသမားဘဝတွင် စိန်ခေါ်မှုအသစ်တစ်ခုဆီသို့ လျှောက်လှမ်းရန်အချိန်ကျပြီဖြစ်ကြောင်း ဒီဂီယာကပြောဆိုခဲ့သည်။ ဒီဂီယာသည် မန်ယူအသင်းတွင် ဆက်ရှိနေရန်အတွက် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုပျက်ကွက်ခဲ့ပြီးနောက် အသင်းမှထွက်ခွါတော့မည်ဖြစ် ကြောင်းသိရသည်။
ဒီဂီယာထွက်ခွါမှုနှင့်အတူ မန်ယူအသင်းသည် အင်တာမီလန်အသင်းဂိုးသမားအန်ဒရေအိုနာနာကို ခေါ်ယူရန်အတွက် အင်တာမီလန်အသင်းနှင့်ဆွေးနွေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ESPN ကဖော်ပြခဲ့သည်။ ဒီဂီယာက"မန်ယူအသင်းပရိသတ်တွေအားလုံးကို ဒီနှုတ်ဆက်စကားလေးပေးပို့ချင်ပါတယ်။ ပြီးခဲ့တဲ့ (၁၂)နှစ်အတွင်း ထောက်ခံအားပေးခဲ့ကြတဲ့အတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော့်ကို နည်းပြဖာဂူဆန် ဒီအသင်းကို ခေါ်ဆောင်လာပြီးတည်းက ကျွန်တော်တို့ အောင်မြင်မှုအတော်များများကို အတူတူဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုချိန်က စိန်ခေါ်မှုအသစ်တွေနောက်ကို လိုက်ဖို့ အချိန်ကောင်းပါပဲ"ဟုပြောဆိုခဲ့သည်။
ဒီဂီယာသည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၅၄၅)ပွဲကစားခဲ့ပြီး (၂ဝ၁၃-၂ဝ၁၄)ခုနှစ်တွင် အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။ ဒီဂီယာသည် (၂ဝ၁၆)ခုနှစ်တွင် FA ဖလား၊(၂ဝ၁၇)ခုနှစ် နှင့်(၂ဝ၂၃)ခုနှစ်တို့တွင် ခါရာဘောင်ဆုဖလားနှင့် (၂ဝ၁၇)ခုနှစ်တွင် ယူရိုပါလိဂ်ဆုဖလားတို့ကို အသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။

zawgyi version
မန္ယူအသင္းတြင္(၁၂)ႏွစ္ၾကာ ကစားၿပီးေနာက္ အသင္းမွထြက္ခြါေတာ့မည့္ ဂိုးသမားဒီဂီယာ
Pika (NP News) - ဇူလိုင္ ၉
မန္ယူအသင္းတြင္ (၁၂)ၾကာကစားခဲ့ေသာ ဒီဂီယာသည္ လက္ရွိေႏြရာသီတြင္ အသင္းမွထြက္ခြါေတာ့မည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။
ထို႔ျပင္ လက္ရွိအခ်ိန္သည္ ၎၏ကစားသမားဘဝတြင္ စိန္ေခၚမႈအသစ္တစ္ခုဆီသို႔ ေလွ်ာက္လွမ္းရန္အခ်ိန္က်ၿပီျဖစ္ေၾကာင္း ဒီဂီယာကေျပာဆိုခဲ့သည္။ ဒီဂီယာသည္ မန္ယူအသင္းတြင္ ဆက္ရွိေနရန္အတြက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ သေဘာတူညီမႈပ်က္ကြက္ခဲ့ၿပီးေနာက္ အသင္းမွထြက္ခြါေတာ့မည္ျဖစ္ ေၾကာင္းသိရသည္။
ဒီဂီယာထြက္ခြါမႈႏွင့္အတူ မန္ယူအသင္းသည္ အင္တာမီလန္အသင္းဂိုးသမားအန္ဒေရအိုနာနာကို ေခၚယူရန္အတြက္ အင္တာမီလန္အသင္းႏွင့္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ESPN ကေဖာ္ျပခဲ့သည္။ ဒီဂီယာက"မန္ယူအသင္းပရိသတ္ေတြအားလုံးကို ဒီႏႈတ္ဆက္စကားေလးေပးပို႔ခ်င္ပါတယ္။ ၿပီးခဲ့တဲ့ (၁၂)ႏွစ္အတြင္း ေထာက္ခံအားေပးခဲ့ၾကတဲ့အတြက္ တကယ္ကို ေက်းဇူးတင္မိပါတယ္။ ကြၽန္ေတာ့္ကို နည္းျပဖာဂူဆန္ ဒီအသင္းကို ေခၚေဆာင္လာၿပီးတည္းက ကြၽန္ေတာ္တို႔ ေအာင္ျမင္မႈအေတာ္မ်ားမ်ားကို အတူတူဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အခုခ်ိန္က စိန္ေခၚမႈအသစ္ေတြေနာက္ကို လိုက္ဖို႔ အခ်ိန္ေကာင္းပါပဲ"ဟုေျပာဆိုခဲ့သည္။
ဒီဂီယာသည္ မန္ယူအသင္းအတြက္ ၿပိဳင္ပြဲစုံပြဲေပါင္း(၅၄၅)ပြဲကစားခဲ့ၿပီး (၂ဝ၁၃-၂ဝ၁၄)ခုႏွစ္တြင္ အသင္းႏွင့္အတူ ပရီးမီးယားလိဂ္ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့ေၾကာင္းသိရသည္။ ဒီဂီယာသည္ (၂ဝ၁၆)ခုႏွစ္တြင္ FA ဖလား၊(၂ဝ၁၇)ခုႏွစ္ ႏွင့္(၂ဝ၂၃)ခုႏွစ္တို႔တြင္ ခါရာေဘာင္ဆုဖလားႏွင့္ (၂ဝ၁၇)ခုႏွစ္တြင္ ယူ႐ိုပါလိဂ္ဆုဖလားတို႔ကို အသင္းႏွင့္အတူ ဆြတ္ခူးႏိုင္ခဲ့ေၾကာင္းသိရသည္။