ဂျပန်မှာ လက်ဝှေ့သမား ၂ ဦး ယှဉ်ပြိုင်ထိုးသတ်ရင်း ဦးနှောက်သွေးယ်ုစီးမှုဖြစ်ကာ သေဆုံး

941

ရောင်နီ (NSS) - သြဂုတ် ၁၁
ဂျပန်နိုင်ငံမှာ လက်ဝှေ့သမားနှစ်ဦးဟာ ပွဲတစ်ခုမှာ ယှဉ်ပြိုင်ထိုးသတ်ရင်း ဦးနှောက်ဒဏ်ရာ ကိုယ်စီ ရရှိကာ ရက်ပိုင်းအတွင်း သေဆုံးသွားခဲ့တယ်လို့ လက်ဝှေ့အသင်းနဲ့ မီဒီယာတွေက ဖော်ပြပါတယ်။
ရှီဂီတိုရှီကိုတာရီနဲ့ ဟီရိုမာဆာအူရာကဝါ အမည်ရှိ လက်ဝှေ့သမား ၂ ဦး ဟာ သြဂုတ်လ ၂ ရက်က တိုကျိုမြို့ရှိ Korakuen Hall မှာ လက်ဝှေ့ထိုးကျိတ် ယှဉ်ပြိုင်စဉ် ဦးနှောက်အတွင်း ဒဏ်ရာကိုယ်စီ ရရှိခဲ့ပြီးနောက် စနေနေ့(ဩဂုတ်လ ၉ ရက်) မှာ သေဆုံးသွားခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ပြောကြားပါတယ်။ လက်ဝှေ့သမား ၂ ဦးလုံးဟာ အသက် ၂၈ နှစ်အရွယ်တွေဖြစ်ကြပြီး ဦးခေါင်းခွံအတွင်း သွေးထွက်ခြင်းကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ WBC နဲ့ ၄င်းရဲ့ ဥက္ကဌ မာရီစီယိုဆူလ်အိုင်မန် ပြန်လည်ပြုပြင်လို့ မရတဲ့ ဆုံးရှုံးမှုအဖြစ် လေးလေးနက်နက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ပါတယ်။
ယခုနှစ်အတွင်းမှာပဲ အခြားလက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် အိုင်ယာလန်နိုင်ငံသား လက်ဝှေ့အကျော်အမော် ဂျွန်ကိုနေးဟာ ဖေဖော်ဝါရီလက သူ့ရဲ့ပထမဆုံး ဆဲလ်တစ် ချန်ပီယံကာကွယ်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်ပြီးတဲ့နောက် ဦးနှောက်အတွင်းဒဏ်ရာနဲ့ပဲ ကွယ်လွန်ခဲ့ပါတယ်။

Zawgyi Version:
ဂ်ပန္မွာ လက္ေဝွ႔သမား ၂ ဦး ယွဥ္ၿပိဳင္ထိုးသတ္ရင္း ဦးေႏွာက္ေသြးယ္ုစီးမႈျဖစ္ကာ ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၁၁
ဂ်ပန္ႏိုင္ငံမွာ လက္ေဝွ႔သမားႏွစ္ဦးဟာ ပြဲတစ္ခုမွာ ယွဥ္ၿပိဳင္ထိုးသတ္ရင္း ဦးေႏွာက္ဒဏ္ရာ ကိုယ္စီ ရရွိကာ ရက္ပိုင္းအတြင္း ေသဆုံးသြားခဲ့တယ္လို႔ လက္ေဝွ႔အသင္းနဲ႔ မီဒီယာေတြက ေဖာ္ျပပါတယ္။
ရွီဂီတိုရွီကိုတာရီနဲ႔ ဟီ႐ိုမာဆာအူရာကဝါ အမည္ရွိ လက္ေဝွ႔သမား ၂ ဦး ဟာ ၾသဂုတ္လ ၂ ရက္က တိုက်ိဳၿမိဳ႕ရွိ Korakuen Hall မွာ လက္ေဝွ႔ထိုးက်ိတ္ ယွဥ္ၿပိဳင္စဥ္ ဦးေႏွာက္အတြင္း ဒဏ္ရာကိုယ္စီ ရရွိခဲ့ၿပီးေနာက္ စေနေန႔(ဩဂုတ္လ ၉ ရက္) မွာ ေသဆုံးသြားခဲ့တယ္လို႔ ဂ်ပန္မီဒီယာေတြက ေျပာၾကားပါတယ္။ လက္ေဝွ႔သမား ၂ ဦးလုံးဟာ အသက္ ၂၈ ႏွစ္အ႐ြယ္ေတြျဖစ္ၾကၿပီး ဦးေခါင္းခြံအတြင္း ေသြးထြက္ျခင္းေၾကာင့္ ခြဲစိတ္ကုသမႈ ခံယူခဲ့ရတယ္လို႔ သတင္းေတြက ဆိုပါတယ္။ WBC နဲ႔ ၄င္းရဲ႕ ဥကၠဌ မာရီစီယိုဆူလ္အိုင္မန္ ျပန္လည္ျပဳျပင္လို႔ မရတဲ့ ဆုံးရႈံးမႈအျဖစ္ ေလးေလးနက္နက္ ဝမ္းနည္းေၾကကြဲေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
ယခုႏွစ္အတြင္းမွာပဲ အျခားလက္ေဝွ႔သမားတစ္ဦးျဖစ္တဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ အိုင္ယာလန္ႏိုင္ငံသား လက္ေဝွ႔အေက်ာ္အေမာ္ ဂြၽန္ကိုေနးဟာ ေဖေဖာ္ဝါရီလက သူ႔ရဲ႕ပထမဆုံး ဆဲလ္တစ္ ခ်န္ပီယံကာကြယ္ပြဲမွာ ယွဥ္ၿပိဳင္ထိုးသတ္ၿပီးတဲ့ေနာက္ ဦးေႏွာက္အတြင္းဒဏ္ရာနဲ႔ပဲ ကြယ္လြန္ခဲ့ပါတယ္။