မုန်တိုင်းကြောင့် ပျက်စီးခဲ့သော ဦးရာဇ်တော်ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ချောင်းအတွင်းသို့ ပြုတ်ကျ၍ ပျောက်ဆုံးနေ

1217

သန့်ဇင် (NP News) - ဇူလိုင် ၁ဝ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ မုန်တိုင်းကြောင့်ပျက်စီးခဲ့သော ဦးရာဇ်တော်ကြိုးတံတားပေါ်မှ အရက်သောက်ထားသည့်အမျိုးသားတစ်ဦး ချောင်းအတွင်းသို့ပြုတ်ကျပျောက်ဆုံးနေကြောင်း PDYO လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၁ဝ ရက်)၊ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့ရှိ ကင်းချောင်းအား သွယ်တန်းထားသော ဦးရာဇ်တော်ကြိုးတံတားတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကြိုးတံတားကတော့ ပြုပြင်နေတုန်းပေါ့။ သူကမူးပြီးတော့ဖြတ်တယ်။ အဲဒီမှာကင်းချောင်းထဲကို ပြုတ်ကျသွားတာပါ” ဟု ပုဏ္ဏားကျွန်းလူငယ်များဖွဲ့ဖြိုးတိုးတက်ရေးအသင်း (PDYO)မှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
အဆိုပါချောင်းအတွင်းသို့ ပြုတ်ကျသူသည် အသက်(၄၆)နှစ်အရွယ်ရှိ ဦးထွန်းလှဆိုသူဖြစ်ပြီး အရက်မူးကာတံတားအား ဖြတ်ကူးစဉ်ပြုကျသွားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ ၎င်းအားရှာဖွေမတွေ့ရှိသေးကြောင်းနှင့် ရှာဖွေရေးများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း အထက်ပါအသင်းမှ ဆက်လက်ပြောဆိုထားသည်။
ဦးရာဇ်တော်ကြိုးတံတားသည် ပုဏ္ဏားကျွန်းမြို့နှင့် ဦးရာဇ်တော်ဘုရားကို ဆက်သွယ်ပေးထားသည့် ကြိုးတံတားဖြစ်ပြီး မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော တံတားတစ်စင်းလည်းဖြစ်သည်။

zawgyi version
မုန္တိုင္းေၾကာင့္ ပ်က္စီးခဲ့ေသာ ဦးရာဇ္ေတာ္ႀကိဳးတံတားေပၚမွ အမ်ိဳးသားတစ္ဦး ေခ်ာင္းအတြင္းသို႔ ျပဳတ္က်၍ ေပ်ာက္ဆုံးေန
သန႔္ဇင္ (NP News) - ဇူလိုင္ ၁ဝ
ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕ရွိ မုန္တိုင္းေၾကာင့္ပ်က္စီးခဲ့ေသာ ဦးရာဇ္ေတာ္ႀကိဳးတံတားေပၚမွ အရက္ေသာက္ထားသည့္အမ်ိဳးသားတစ္ဦး ေခ်ာင္းအတြင္းသို႔ျပဳတ္က်ေပ်ာက္ဆုံးေနေၾကာင္း PDYO လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇူလိုင္လ ၁ဝ ရက္)၊ နံနက္ ၈ နာရီခြဲအခ်ိန္ခန႔္တြင္ ပုဏၰားကြၽန္းၿမိဳ႕ရွိ ကင္းေခ်ာင္းအား သြယ္တန္းထားေသာ ဦးရာဇ္ေတာ္ႀကိဳးတံတားတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ႀကိဳးတံတားကေတာ့ ျပဳျပင္ေနတုန္းေပါ့။ သူကမူးၿပီးေတာ့ျဖတ္တယ္။ အဲဒီမွာကင္းေခ်ာင္းထဲကို ျပဳတ္က်သြားတာပါ” ဟု ပုဏၰားကြၽန္းလူငယ္မ်ားဖြဲ႕ၿဖိဳးတိုးတက္ေရးအသင္း (PDYO)မွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါေခ်ာင္းအတြင္းသို႔ ျပဳတ္က်သူသည္ အသက္(၄၆)ႏွစ္အ႐ြယ္ရွိ ဦးထြန္းလွဆိုသူျဖစ္ၿပီး အရက္မူးကာတံတားအား ျဖတ္ကူးစဥ္ျပဳက်သြားခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္ထိ ၎အားရွာေဖြမေတြ႕ရွိေသးေၾကာင္းႏွင့္ ရွာေဖြေရးမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္းလည္း အထက္ပါအသင္းမွ ဆက္လက္ေျပာဆိုထားသည္။
ဦးရာဇ္ေတာ္ႀကိဳးတံတားသည္ ပုဏၰားကြၽန္းၿမိဳ႕ႏွင့္ ဦးရာဇ္ေတာ္ဘုရားကို ဆက္သြယ္ေပးထားသည့္ ႀကိဳးတံတားျဖစ္ၿပီး မိုခါမုန္တိုင္းတိုက္ခိုက္မႈေၾကာင့္ ပ်က္စီးခဲ့ေသာ တံတားတစ္စင္းလည္းျဖစ္သည္။