ဖမ်းဝရမ်းထုတ်ခံထားရသော ထိုင်းနိုင်ငံသား တရားခံပြေးကို ထိုင်းအာဏာပိုင်များထံ မြန်မာအစိုးရတာဝန်ရှိသူများ ပြန်လည်လွှဲပြောင်းပေး

 4221

ဂျန်ဇက် (NP News) - ဇူလိုင် ၂၆

မြန်မာအာဏာပိုင်များသည် ဖမ်းဆီးထားသော ထိုင်းနိုင်ငံသားဝရမ်းပြေးတစ်ဦးကို ချင်းရိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများထံ ဇူလိုင် ၂၅ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ Mr. Seree ဆိုသူသည် ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၂၆ ရက်တွင် Phaholyothin လမ်းရှိ ရွှေဆိုင်မှ ရွှေများကို သေနတ်ပြကာ လုယူခဲ့ခြင်းကြောင့် ချင်းရိုင်ပြည်နယ် တရားရုံး၏ ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် လုယက်မှုကျူးလွန်ပြီးနောက် မကြာမီ ထိုင်း နှင့် မြန်မာနယ်စပ်ဒေသရှိ မြစ်ကို ဖြတ်သန်းကာ တာချီလိတ်မြို့ကို တရားမဝင် ဝင်ရောက်လာခဲ့ပြီးနောက် မကြာမီမြန်မာ ရဲတပ်ဖွဲ့ ဖမ်းဆီးခြင်းခံခဲ့ရ ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များသည် အဆိုပါတရားခံပြေးကို ဖမ်းမိနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မြန်မာအာဏာပိုင်များသည် အဆိုပါထိုင်းနိုင်ငံသားကို နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကော့သောင်းအကျဉ်း ထောင်ကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားသည် ကော့သောင်းအကျဉ်းထောင်ကိုရောက်ရှိပြီးနောက် နယ်စပ်ဒေသကိုဖြတ်သန်းကာ ထိုင်း အာဏာပိုင်များထံ ၎င်းကို ပြန်လွှဲပြောင်းပေးစေလိုကြောင်း တောင်းဆိုခဲ့သည် ထိုင်းသတင်းများတွင် ဖော်ပြထား သည်။ အဆိုပါထိုင်းနိုင်ငံသားသည် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာခဲ့ပြီးနောက် တာချီလိတ်မြို့ရှိ ဟိုတယ် တွင် ၂ဝ၂၃ ခုနှစ် နှစ်စပိုင်းအထိ ပုန်းအောင်းနေခဲ့ကြောင်း သိရသည်။

ထိုင်း နှင့် မြန်မာအစိုးရတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၎င်းပုန်းအောင်းနေသည့်နေရာကို သိရှိပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။

Zawgyi Version;
ဖမ္းဝရမ္းထုတ္ခံထားရေသာ ထိုင္းႏိုင္ငံသား တရားခံေျပးကို ထိုင္းအာဏာပိုင္မ်ားထံ ျမန္မာအစိုးရတာဝန္ရွိသူမ်ား ျပန္လည္လႊဲေျပာင္းေပး
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၆

ျမန္မာအာဏာပိုင္မ်ားသည္ ဖမ္းဆီးထားေသာ ထိုင္းႏိုင္ငံသားဝရမ္းေျပးတစ္ဦးကို ခ်င္း႐ိုင္ျပည္နယ္ လူဝင္မႈ ႀကီးၾကပ္ေရးအဖြဲ႕ တာဝန္ရွိသူမ်ားထံ ဇူလိုင္ ၂၅ ရက္က ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

အသက္ ၃၄ ႏွစ္အ႐ြယ္ရွိ Mr. Seree ဆိုသူသည္ ၿပီးခဲ့ေသာႏွစ္ ႏိုဝင္ဘာလ ၂၆ ရက္တြင္ Phaholyothin လမ္းရွိ ေ႐ႊဆိုင္မွ ေ႐ႊမ်ားကို ေသနတ္ျပကာ လုယူခဲ့ျခင္းေၾကာင့္ ခ်င္း႐ိုင္ျပည္နယ္ တရား႐ုံး၏ ဖမ္းဝရမ္းထုတ္ခံထားရသူ ျဖစ္ေၾကာင္း သိရသည္။ ၎သည္ လုယက္မႈက်ဴးလြန္ၿပီးေနာက္ မၾကာမီ ထိုင္း ႏွင့္ ျမန္မာနယ္စပ္ေဒသရွိ ျမစ္ကို ျဖတ္သန္းကာ တာခ်ီလိတ္ၿမိဳ႕ကို တရားမဝင္ ဝင္ေရာက္လာခဲ့ၿပီးေနာက္ မၾကာမီျမန္မာ ရဲတပ္ဖြဲ႕ ဖမ္းဆီးျခင္းခံခဲ့ရ ေၾကာင္း သိရသည္။

ထိုင္းအာဏာပိုင္မ်ားသည္ အဆိုပါတရားခံေျပးကို ဖမ္းမိႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕ရွိ လူဝင္မႈႀကီးၾကပ္ေရးဌာန၊ ရဲတပ္ဖြဲ႕မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ ျမန္မာအာဏာပိုင္မ်ားသည္ အဆိုပါထိုင္းႏိုင္ငံသားကို ႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္မႈေၾကာင့္ ဖမ္းဆီးၿပီးေနာက္ ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ ေကာ့ေသာင္းအက်ဥ္း ေထာင္ကို ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံသားသည္ ေကာ့ေသာင္းအက်ဥ္းေထာင္ကိုေရာက္ရွိၿပီးေနာက္ နယ္စပ္ေဒသကိုျဖတ္သန္းကာ ထိုင္း အာဏာပိုင္မ်ားထံ ၎ကို ျပန္လႊဲေျပာင္းေပးေစလိုေၾကာင္း ေတာင္းဆိုခဲ့သည္ ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထား သည္။ အဆိုပါထိုင္းႏိုင္ငံသားသည္ ျမန္မာႏိုင္ငံဘက္ျခမ္းသို႔ ထြက္ေျပးလာခဲ့ၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕ရွိ ဟိုတယ္ တြင္ ၂ဝ၂၃ ခုႏွစ္ ႏွစ္စပိုင္းအထိ ပုန္းေအာင္းေနခဲ့ေၾကာင္း သိရသည္။

ထိုင္း ႏွင့္ ျမန္မာအစိုးရတာဝန္ရွိသူမ်ား ပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ ၎ပုန္းေအာင္းေနသည့္ေနရာကို သိရွိၿပီး ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းအေျခစိုက္မီဒီယာမ်ားက ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.